International Organizations
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— မန်ချက်စတာယူနိုက်က အာမိုရင်မ်အား မန်နေဂျာသစ်အဖြစ် ခန့်အပ်ကြောင်း အတည်ပြု
မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုသီတင်းပတ်အစောပိုင်းက ရာထူးမှထုတ်ပယ်လိုက်သည့် နည်းပြ အဲရစ်တန်ဟက်ဂ်၏ နေရာတွင် ပေါ်တူဂီနည်းပြ ရူဘင် အာမိုရင်မ်အား မန်နေဂျာသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း နိုဝင်ဘာ ၁ ရက်၌ အတည်ပြုကြေညာခဲ့သည်။
အာမိုရင်မ်သည် ၂၀၂၇ ခုနှစ် ဇွန်လအထိ သက်တမ်းရှိသော စာချုပ်အား လက်မှတ်ရေးထိုးခဲ့ကာ နိုဝင်ဘာ ၁၁ ရက်၌ ၎င်း၏ရာထူးအား စတင်တာဝန်ယူမည်ဖြစ်သဖြင့် ယာယီနည်းပြ ရုဒ်ဗန် နစ္စတယ်ရွိုင်းက ယူနိုက်တက်၏ လာမည့်ပွဲစဉ် သုံးပွဲအား ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်သည်။
အာမိုရင်မ်၏ ကလပ်အသင်းဟောင်းဖြစ်သည့် Sporting Club de Portugal ကလည်း အသက် ၃၉ နှစ်အရွယ် အာမိုရင်မ်အတွက် လျော်ကြေးအဖြစ် ယူရို ၁၁ သန်း ရရှိကြောင်း အတည်ပြုခဲ့သည်။ အာမိုရင်မ်သည် ဘောလုံးလောက၏ အလားအလာအရှိဆုံး လူငယ်နည်းပြတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။
…..
— ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်မည့် ဘရာဇီးအသင်းတွင် နေမာနှင့် အန်းဒရစ်ခ်တို့ ချန်လှပ်ခံရ
ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဗင်နီဇွဲလား၊ ဥရုဂွေး အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ပွဲစဉ်များအတွက် ထုတ်ပြန်လိုက်သော ဘရာဇီးအသင်း၏ လူစာရင်းတွင် ဝါရင့်တိုက်စစ်မှူး နေမာနှင့် ရီးရဲလ်မက်ဒရစ်အသင်း၏ ဆယ်ကျော်သက်ကစားသမား အန်းဒရစ်ခ်တို့ မပါဝင်ကြောင်း ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က နိုဝင်ဘာ ၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဘရာဇီးအသင်းအတွက် နိုင်ငံတကာပွဲပေါင်း ၁၂၈ ပွဲ ပါဝင်ကစားထားပြီး ၇၉ ဂိုး သွင်းယူထားကာ အသင်း၏သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားဖြစ်သည့် နေမာအနေဖြင့် ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရပြီးနောက် ၎င်း၏ကလပ်အသင်းဖြစ်သော အယ်လ်ဟီလာအသင်းအတွက် ပြီးခဲ့သည့်လကမှ ပြန်လည်ကစားပေးနိုင်ခဲ့သည်။
…..
— ဆာဂျီယို ရာမို့စ် ဘိုကာဂျူနီယာအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိ
စပိန်အသင်းနှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သည့် ဝါရင့်နောက်ခံကစားသမား ဆာဂျီယို ရာမို့စ်အနေဖြင့် ဘိုကာဂျူနီယာအသင်းထံ အလွတ်ပြောင်းရွှေ့ဖွယ်ရှိကြောင်း အာဂျင်တီးနား မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
အသက် ၃၈ နှစ်အရွယ် ရာမို့စ်သည် ဘိုကာဂျူနီယာအသင်း ဥက္ကဋ္ဌ ဟွမ်ရိုမန် ရီကွယ်မီး၊ အသင်းမန်နေဂျာဖြစ်သူ ဖာနန်ဒို ဂါဂိုတို့နှင့် ကနဦး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု TyC Sports သတင်းဌာနက နိုဝင်ဘာ ၁ ရက်၌ ဖော်ပြခဲ့သည်။
…..
— တရုတ်တင်းနစ်မယ် ယွမ်ယွဲ့ Hong Kong Open တွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်
နိုဝင်ဘာ ၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် WTA Hong Kong Open တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ယွမ်ယွဲ့ (ဆီဒင်-၆) က ဩစတြေးလျအိုးပင်း ချန်ပီယံဟောင်း ဆိုဖီယာ ကီနင်အား နှစ်ပွဲပြတ်အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့သည်။
ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၄၅ နေရာတွင်ရှိသော ယွမ်က အမေရိကန်တင်းနစ်မယ် ဆိုဖီယာအား ပွဲကစားချိန် ၁ နာရီနှင့် မိနစ် ၂၀ အတွင်း ၆-၃၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ဗြိတိန် နံပါတ်-၁ အမျိုးသမီးတင်းနစ်မယ် ကေတီ ဘူလ်တာ သို့မဟုတ် ရုရှားတင်းနစ်မယ် အနာစတာရှာ ဇာခါရိုဗာနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယွမ်သည် ပြီးခဲ့သည့် ပွဲစဉ်တွင် ဂျပန်တင်းနစ်မယ် နာအို ဟိဘိနိုအား တစ်ပွဲရှုံးနိမ့်ရာမှ အကြိတ်အနယ်ယှဉ်ပြိုင်ကာ အနိုင်ပြန်ယူခဲ့သည်။ (Xinhua)
………………….
(English Version)
Manchester United confirm Amorim as new manager
Manchester United on Friday confirmed Portugal’s Ruben Amorim as the club’s new manager, replacing Erik ten Hag who was sacked earlier in the week.
Amorim has signed a contract until June 2027 and will take up his new role on November 11, meaning that Ruud van Nistelrooy will remain in temporary charge for the club’s next three games.
Amorim’s former club Sporting Club de Portugal have confirmed they have received 11 million euros in compensation for the 39-year-old, who is considered one of the most promising young coaches in the game.
…..
Neymar, Endrick overlooked for Brazil’s World Cup qualifiers
Veteran forward Neymar and Real Madrid teenager Endrick have been left out of Brazil’s squad for the FIFA World Cup qualifiers against Venezuela and Uruguay, the Brazilian Football Confederation said on Friday.
Neymar, Brazil’s all-time top scorer with 79 goals in 128 international matches, returned to action for his club Al Hilal last month, almost a year to the day after suffering a torn anterior cruciate ligament.
…..
Sergio Ramos on Boca Juniors radar
Spain’s World Cup winner Sergio Ramos could join Boca Juniors on a free transfer, according to media reports in Argentina.
The 38-year-old has held preliminary talks with Boca president Juan Roman Riquelme and manager Fernando Gago, TyC Sports reported on Friday.
…..
China’s Yuan Yue advances to Hong Kong Open semifinals
Sixth seed Yuan Yue reached the semifinals of the WTA Hong Kong Open by defeating former Australian Open champion Sofia Kenin in straight sets on Friday.
Yuan, ranked 45th in the world, beat the American 6-3, 6-3 in one hour and 20 minutes. She will next take on either British number one Katie Boulter or Russia’s Anastasia Zakharova. Yuan rallied from a set down to defeat Japan’s Nao Hibino in her previous match.