Culture & Entertainment
မြန်မာနိုင်ငံ၌ ပြည်သူ့အချစ်တော် ဆင်မကြီး မိုမို၏ ၇၁ နှစ်မြောက် မွေးနေ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပ
ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ နာမည်ကျော် အာရှဆင်မကြီး မိုမို၏ ၇၁ နှစ်မြောက် မွေးနေ့အား နိုဝင်ဘာ ၃ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သည့် မွေးနေ့အထိမ်းအမှတ် အစီအစဉ်များတွင် တေးဂီတဖျော်ဖြေပွဲ၊ ဟောပြောပွဲနှင့် ဂိမ်းအစီအစဉ်များကဲ့သို့သော လှုပ်ရှားမှုအမျိုးမျိုး ပါဝင်ခဲ့ပြီး နိုဝင်ဘာ ၃ ရက်တွင်မူ ဆင်မကြီး မိုမိုအတွက် အထူးပြင်ဆင်ပေးထားသည့် မွေးနေ့ကိတ်မုန့်ဖြင့် အဆုံးသတ်ခဲ့ကြောင်း သိရသည်။
ကလေးများနှင့် အခြားသော ဧည့်ပရိသတ်များက မွေးနေ့အထိမ်းအမှတ် တေးသီချင်း သီဆိုနေစဉ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ အသက်အကြီးဆုံး ဆင်မကြီးမိုမိုက ကိတ်မုန့်ပုံသဏ္ဍာန် စီမံဖန်တီးထားသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံအား စားသုံးခဲ့ကြောင်း သိရသည်။
“သူက ယဉ်ကျေးလိမ္မာပြီး ချစ်စဖွယ် ဖြစ်ပြီးတော့ တခြားဆင်တွေကို ဦးစီးဦးဆောင်နိုင်ပါတယ်။ ရွှေတိဂုံဘုရားစောင်းတန်း ဖွင့်ပွဲတွေ ၊ တရုတ်နိုင်ငံကနေ ဗုဒ္ဓစွယ်တော် ပင့်ဆောင်တဲ့ အခမ်းအနားတွေအပါအဝင် အရေးပါတဲ့ နိုင်ငံတော်အဆင့် ပွဲအခမ်းအနားတွေမှာ ပါဝင်ခဲ့ပါတယ်”ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ထွန်းက ဆင်ဟွာသို့ ပြောသည်။
“သူရဲ့ မွေးနေ့ပွဲတွေက ချစ်မြတ်နိုးစရာ ဓလေ့တစ်ခု ဖြစ်လာခဲ့ပြီးတော့ တိရစ္ဆာန်ရုံအတွက်ရော နိုင်ငံအတွက်ပါ သူမရဲ့ အရေးပါတဲ့ ပံ့ပိုးကူညီမှုတွေက ဂုဏ်ယူစရာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
“မိုမိုရဲ့ မွေးနေ့ပွဲကို ၂၀၁၃ ခုနှစ်က စပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ နှစ်စဉ် ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ အသက် ၆၀ ရောက်လာတဲ့အခါမှာ ဖျော်ဖြေရေးကနေ အနားပေးခဲ့ပါတယ်”ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
………………………….
(English Version)
Momo, beloved Asian elephant in Myanmar, celebrates 71st birthday at Yangon Zoo
YANGON, Nov. 3 (Xinhua) — Momo, the renowned female Asian elephant at the Yangon Zoological Gardens, celebrated her 71st birthday in Yangon on Sunday.
The festivities, held from November 1 to 3, included a variety of activities such as a music show, talk show, and games, concluding with a special birthday cake prepared for her on November 3.
As children and other spectators sang to mark her birthday, the Yangon Zoo’s oldest animal Momo chomped on an assortment of fruits and vegetables arranged in the shape of a cake.
“Known for her intelligence and charm, she has led other elephants and participated in significant national events, including the opening ceremony of the Shwedagon Pagoda stairway and the ceremony for the conveyance of the Buddha’s eyetooth from China,” Warden of the Yangon Zoological Garden Than Myint Tun told Xinhua.
“Her birthday celebrations have become a cherished tradition, honoring her significant contributions to both the zoo and the nation,” he said.
“Momo’s birthday celebration has been held annually at the Yangon Zoo since 2013, when she turned 60 and took a break from performing,” he added. Enditem