International Organizations
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၁ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်
— ပက်ထရစ် ဗီအဲရာအား ဂျီနိုအာအသင်း နည်းပြချုပ်အဖြစ် ခန့်အပ်
အာဆင်နယ်အသင်းနှင့် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း ပက်ထရစ် ဗီအဲရာအား နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း အီတလီ စီးရီးအေကလပ် ဂျီနိုအာအသင်းက နိုဝင်ဘာ ၂၀ ရက်၌ အတည်ပြုကြေညာခဲ့သည်။
ဂျီနိုအာအသင်းသည် ယခုနှစ်ဘောလုံးရာသီ စတင်ချိန်ကတည်းက ရုန်းကန်ခဲ့ရပြီး ယခင်နည်းပြ အယ်လ်ဘတ်တို ဂျီလာဒီနိုလက်အောက်တွင် ၁၂ ပွဲ ကစားပြီးချိန်၌ ၁၀ မှတ်သာ ရရှိထားကာ တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာသို့ ရောက်ရှိနေသောကြောင့် အသင်းအနေဖြင့် ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံ အီတလီအသင်း ကစားသမားဟောင်း ဂျီလာဒီနိုနှင့် လမ်းခွဲလိုက်ခြင်းဖြစ်သည်။
…..
— တရုတ်နိုင်ငံ၏ ဘောလုံး၊ ဘတ်စကက်ဘောနှင့် ဘော်လီဘော ပြိုင်ပွဲများ ပါဝင်သည့် လူငယ်အားကစားပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ
ဘောလုံး၊ ဘတ်စကက်ဘော၊ ဘော်လီဘော (တရုတ်ဘာသာစကားတွင် ‘big ball game’ သုံးမျိုးဟု လူသိများ) ပြိုင်ပွဲများ ပါဝင်သည့် တရုတ်နိုင်ငံ၏ ပထမဆုံး လူငယ် အမျိုးသားအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားအား ဟူနန်ပြည်နယ် ချန်ရှားမြို့ရှိ ဟဲလုံအားကစားကွင်း၌ နိုဝင်ဘာ ၂၀ ရက် ညပိုင်းက မြူးကြွ၍ အားမာန်ပြည့်ဝစွာဖြင့် တရားဝင် စတင်ကျင်းပခဲ့သည်။
ပြည်နယ်၊ မြူနီစီပယ်မြို့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၅ ခုမှ လူငယ်အားကစားသမား ၁,၅၀၀ ဝန်းကျင်ပါဝင်သော အသင်းပေါင်း ၉၆ သင်းသည် အကြိတ်အနယ်ရှိသော အရည်အချင်းစစ်ဆေးမှုအဆင့်အား ကျော်ဖြတ်ပြီးနောက် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲတစ်ခုစီတွင် အမျိုးသားနှင့် အမျိုးသမီး ပြိုင်ပွဲအမျိုးအစား နှစ်ရပ်လုံးကို ထည့်သွင်းထားပြီး အသင်း ၁၆ သင်းစီ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
…..
— ၂၀၂၄ WTT Finals ပြိုင်ပွဲတွင် တရုတ်စားပွဲတင်တင်းနစ် ကစားသမားများ စောစီးစွာထွက်ခွာခဲ့ရ
ဂျပန်နိုင်ငံ ဖူကူအိုကာြမို့၌ နိုဝင်ဘာ ၂၀ ရက်က ကျင်းပသည့် ၂၀၂၄ ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) Finals ပြိုင်ပွဲ အဖွင့်နေ့တွင် တရုတ်စားပွဲတင်တင်းနစ် ကစားသမားများမှာ ပြိုင်ပွဲမှ စောစီးစွာထွက်ခွာခဲ့ရသည်။
အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၏ ပွဲစဉ်များအနက် တရုတ်နိုင်ငံမှ Liang Jingkun နှင့် ဂျပန်နိုင်ငံမှ Tomokazu Harimoto တို့၏ ပွဲစဉ်မှာ ပရိသတ်စိတ်ဝင်စားမှု အများဆုံးဖြစ်ခဲ့သည်။ Harimoto က ပထမပွဲတွင် ၁၁-၇၊ ဒုတိယပွဲတွင် ၁၁-၆ ဖြင့် အနိုင်ရရှိခဲ့ကာ Liang က တတိယပွဲတွင် ၁၁-၉ ဖြင့် အနိုင်ပြန်ယူခဲ့သော်လည်း စတုတ္ထပွဲတွင်မူ Harimoto က ၁၂-၁၀ ဖြင့် အနိုင်ရရှိခဲ့သည်။ (Xinhua)
……………………..
(English Version)
Vieira appointed Genoa head coach
Former Arsenal midfielder and France international Patrick Vieira has been appointed head coach of Genoa, the Italian Serie A side confirmed on Wednesday.
Genoa has struggled since the start of this season, only amassing 10 points after 12 rounds under former coach Alberto Gilardino, one point above the relegation zone, prompting the Grifone to show the exit door to the 2006 World Cup winner.
…..
China’s inaugural youth games for football, basketball and volleyball opens
China’s first national youth games for football, basketball and volleyball (known as three ‘big ball games’ in Chinese) officially kicked off on Wednesday night with a vibrant and energetic opening ceremony at Helong Stadium in Changsha, capital city of Hunan province.
After an intense qualification phase, 96 teams from 25 provinces, municipalities and autonomous regions, comprising around 1,500 young athletes, will compete in the games. Each event features both men’s and women’s categories, with 16 teams in each.
…..
Chinese paddlers suffer early exits on day one at 2024 WTT Finals
Chinese paddlers suffered early exits on the opening day of the 2024 World Table Tennis (WTT) Finals in Fukuoka, Japan on Wednesday.
In the men’s singles highlight match, Liang Jingkun faced Japan’s Tomokazu Harimoto. Harimoto clinched the first set 11-7 before extended his lead by taking the second with 11-6. Although Liang fought back with an 11-9 in the third, Harimoto sealed his victory with a 12-10 at the fourth set.