Connect with us

Media

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အကူအညီဖြင့် ရန်ကုန်မြို့ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေးကျောင်းဆောင် ပြုပြင်မွမ်းမံ

ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၏ လှူဒါန်းမှုဖြင့် အခြေခံပညာအထက်တန်း ကျောင်းဆောင် ပြုပြင်မွမ်းမံမှု ပြီးစီးခြင်းအခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
စာသင်ကျောင်းဆောင် မွမ်းမံတည်ဆောက်ပြုပြင်မှုအတွက် တရုတ်နိုင်ငံ၏ ကူညီလှူဒါန်းမှုကို ကျေးဇူးတင်ရှိကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီမှုများက မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းပြီး နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုအတွက်လည်း ပိုမိုနက်ရှိုင်းစွာ အကျိုးရှိစေကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ် ၁၄ ၊ အခြေခံပညာအထက်တန်းကျောင်းရှိ နှစ်ထပ်ကျောင်းဆောင်ကို ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းတွင် ခေါင်မိုးအသစ်မိုးခြင်း၊ စာသင်ဆောင်ရှေ့တွင် သဲဖို့ကွန်ကရစ်လောင်းခြင်း၊ ကျောင်းဆောင်ယာဘက်ရေကန်အား သဲဖို့ခြင်း၊ မှန်ပြတင်းများပြုပြင်ခြင်း စသည်တို့ပါဝင်‌ကြောင်း ဦးစိုးသိန်းက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ma Jia က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ကာလကြာရှည် ဆက်ဆံရေးသမိုင်းကြောင်းရှိကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေးကျောင်းဆောင်သည် တရုတ်-မြန်မာ ချစ်ကြည်ရေး၏ ရလဒ်ဖြစ်သလို နှစ်နိုင်ငံကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့မှု၏ သင်္ကေတလည်းဖြစ်ကြောင်း ယင်းအခမ်းအနား၌ ပြောကြားခဲ့သည်။

အသစ်ပြုပြင်မွမ်းမံခဲ့သော စာသင်ကျောင်းဆောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ လှူဒါန်းမှုဖြင့် မြန်မာနိုင်ငံတစ်ဝန်း ပညာရေးအထောက်အကူပြု တရုတ်-မြန်မာချစ်ကြည်ရေးကျောင်းဆောင် ၂၀ ကျော်ရှိသည့်အနက် တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117