Connect with us

International Organizations

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ဘာစီလိုနာ လူငယ်ကြယ်ပွင့် လာမင်း ယမားလ် ခြေချင်းဝတ်ဒဏ်ရာ ထပ်မံရရှိခဲ့သဖြင့် တစ်လနီးပါး အနားယူရမည်
ဘာစီလိုနာအသင်းက ၎င်းတို့၏ စပိန်လက်ရွေးစင် တောင်ပံကစားသမား လာမင်း ယမားလ်မှာ ခြေချင်းဝတ်ဒဏ်ရာကြောင့် တစ်လနီးပါး အနားယူရမည်ဟု ဒီဇင်ဘာ ၁၆ ရက်၌ အတည်ပြုခဲ့ပြီး အဆိုပါသတင်းမှာ ဘာစီလိုနာအသင်းအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်သည်။
အသက် ၁၇ နှစ်အရွယ် ယမားလ်မှာ ဒီဇင်ဘာ ၁၅ ရက် ညပိုင်းက လီဂါနက်စ်အသင်းအား ၀-၁ ဂိုးဖြင့် အိမ်ကွင်း၌ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သည့်ပွဲစဥ် ပထမပိုင်းတွင် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သော်လည်း ပွဲချိန် ၇၅ မိနစ်အထိ ပါဝင်ကစားပေးခဲ့ကာ နောက်ဆုံးတွင် ၎င်း၏နေရာ၌ ဂါဗီနှင့် လူစားလဲလှယ်ခဲ့ရသည်။
…..
— တော့တင်ဟမ်အား ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဆောက်သမ်တန်နည်းပြ ရက်ဆဲလ် မာတင် ထုတ်ပယ်ခံရ
ဒီဇင်ဘာ ၁၅ ရက်က ယှဥ်ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဥ်တွင် တော့တင်ဟမ်အသင်းအား အိမ်ကွင်း၌ ၀-၅ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ဆောက်သမ်တန်အသင်းက နည်းပြဖြစ်သူ ရက်ဆဲလ် မာတင်အား ရာထူးမှထုတ်ပယ်လိုက်သည်။
ဆောက်သမ်တန် (စိန့်) အနေဖြင့် အဆိုပါပွဲစဉ်တွင် ရှုံးနိမ့်ခဲ့သဖြင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အောက်ဆုံး၌ ရှိနေသည်။ နည်းပြမာတင်မှာ ချန်ပီယံရှစ် play-off နောက်ဆုံးအဆင့် ပွဲစဥ်၌ လိဒ်ယူနိုက်တက်အား အနိုင်ယူကာ ယမန်နှစ်တွင် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိစေရန် ဦးဆောင်ခဲ့သော်လည်း ပရီးမီးယားလိဂ်တွင် ၁၆ ပွဲ ကစားပြီးချိန်၌ ၁၃ ပွဲ ရှုံးနိမ့်ထားကာ ရမှတ် ၅ မှတ်သာ ရရှိထားသည်။
…..
— အမှုကိစ္စ မပြီးပြတ်သေးသည့် ရာဖေးလူဇန် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌသစ်အဖြစ် တင်မြှောက်ခံရ
စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) ဥက္ကဋ္ဌသစ် ရွေးချယ်ပွဲအား RFEF ရုံးချုပ်၌ ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်ခဲ့ရာ ရာဖေးလူဇန်က တစ်ဦးသောပြိုင်ဘက်ဖြစ်သူ ဆာလ်ဗေဒေါ ဂိုမာအား မဲအရေအတွက် ၉၀ မဲ၊ ၄၃ မဲဖြင့် အနိုင်ရရှိခဲ့သည့်အတွက် ဥက္ကဋ္ဌသစ်အဖြစ် တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။
လူဇန်မှာ ပွန်တီဗီဒရာပြည်နယ် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဥ်က ဥပဒေ ချိုးဖောက်မှုအတွက် အများပြည်သူဆိုင်ရာ ရာထူးတာဝန်များ ထမ်းဆောင်ခြင်းမှ ၇ နှစ် ပိတ်ပင်ခံထားရသော်လည်း ယခုကဲ့သို့ စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ (Xinhua)

(241216) — BARCELONA, Dec. 16, 2024 (Xinhua) — Players of CD Leganes celebrate their victory after the La Liga football match between FC Barcelona and CD Leganes in Barcelona, Spain, Dec. 15, 2024. (Photo by Joan Gosa/Xinhua)

…………………..
(English Version)
Barca’s Lamine Yamal out for 3-4 weeks with another ankle injury
FC Barcelona has suffered another setback with the club confirming on Monday that Spain international winger Lamine Yamal has suffered an ankle injury that will keep him out of action for almost a month.
The 17-year-old suffered the injury in the first half of his side’s shock 1-0 defeat at home to Leganes on Sunday night, and although he was visibly struggling at the break, he struggled on until the 75th minute, before finally being replaced by Gavi.
…..
Southampton sacks coach Martin after Spurs humiliation
Southampton sacked coach Russell Martin in the wake of their 5-0 defeat at home to Tottenham on Sunday afternoon.
The defeat leaves ‘the Saints’ rock bottom of the Premier League with just five points after 13 defeats in their first 16 games after Martin led them to promotion last season with a win over Leeds United in the Championship play-off final.
…..
Spanish football federation elects Louzan as new president, despite ongoing legal case
Rafael Louzan was elected as the new president of the Spanish Football Federation (RFEF) after defeating his only rival Salvador Gomar by 90 votes to 43 at an assembly at the headquarters of the organization on Monday.
Louzan’s election comes despite him facing a seven-year ban from holding public office for perversion of justice, related to when he was president of the Provincial Deputation of Pontevedra.