Asia
အဆက်အသွယ်ပြတ်နေသော တရုတ်နိုင်ငံ အမျိုးသားသရုပ်ဆောင်အား ရှာဖွေတွေ့ ရှိခဲ့ပြီဖြစ်ပြီး တစ်ဆင့်တိုး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ ပြောကြား
ဘန်ကောက်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)
ရဲမှူးချုပ် Tatchai Pitaneelaboot က ဇန်နဝါရီ ၇ ရက်တွင် ထိုင်း-မြန်မာနယ်စပ်ဒေသ တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်သို့ သွားရောက်၍ တရုတ်နိုင်ငံသား အမျိုးသားသရုပ်ဆောင် ဝမ်ရှင်းကို ခေါ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ တစ်ဆင့်တိုး စုံစမ်းစစ်ဆေးရေးများ ပြုလုပ်သွားဖြစ်ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ချုပ်ရုံးက အဆိုပါနေ့ ညပိုင်း၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခုအကြိမ် ဝမ်ရှင်းကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ခြင်းက တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ဖြစ်ကြောင်း၊ နောက်ဆက်တွဲ အနေဖြင့် ထိုင်းနိုင်ငံ သက်ဆိုင်ရာဌာနများ၏ စုံစမ်းစစ်ဆေးမှုအရ ဝမ်ရှင်းမှာ လူကုန်ကူးခံရသူဖြစ်သည်ဟု အတည်ပြုပါက ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်အညီ လူဝင်မှုကြီးကြပ်ရေးဗျူရိုမှတစ်ဆင့် ၎င်းကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း၊ အကယ်၍ ဝမ်ရှင်းသည် မည်သည့် ပြစ်မှုနှင့်မဆို ပတ်သက်မှုရှိပါက တရားဥပဒေလုပ်ငန်းစဉ်များနှင့်အညီ ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ကြောင်း Tatchai က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ ကြေညာချက်အရ တရုတ်နိုင်ငံသား ဝမ်အား ဒေသစံတော်ချိန် ဇန်နဝါရီ ၇ ရက် ညနေပိုင်းတွင် အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီ ၇ ရက် ညပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။ ဤကိစ္စနှင့် ပတ်သက်၍ ကြိုးပမ်းမှုနှင့် အပြည့်အဝ ထိရောက်မှုရှိသော လုပ်ငန်းများအတွက် ထိုင်းနိုင်ငံ အစိုးရနှင့် အခြားသော သက်ဆိုင်ရာ အသီးသီးကို ကျေးဇူးတင်ရှိကြောင်း ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ရုံးက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဗျူရိုသည် ထိုင်း-မြန်မာနယ်စပ်တွင် အဆက်အသွယ်ပြတ်နေသော တရုတ်နိုင်ငံသား သရုပ်ဆောင်ကို ခေါ်ဆောင်ခဲ့ပြီး လက်ရှိတွင် စည်းမျဉ်းစည်းကမ်းများအရ သက်ဆိုင်ရာ မေးမြန်းမှုလုပ်ငန်းများ ပြုလုပ်နေသည်ဟု တရုတ် ကောင်စစ်ဝန်ရုံးချုပ်က ဇန်နဝါရီ ၇ ရက် ညနေပိုင်းတွင် ထိုဗျူရို မှတစ်ဆင့် သိရှိခဲ့ရကြောင်း အဆိုပါနေ့ အစောပိုင်း၌ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
泰国警方:已接回失联中国演员并将作进一步调查
新华社曼谷1月7日电(记者陈倩慈 高博)泰国国家警察总署7日晚发布通报说,警察总署督察长塔查猜当日率队前往位于泰缅边境地区的达府湄索县接回中国籍男演员王星,并将展开进一步调查。
塔查猜表示,此次成功解救王星是与中国政府合作的成果。接下来,泰国有关部门经调查如确认王星是人口贩运的受害者,将按照保护程序通过移民局将他送回中国。如果王星涉及任何犯罪行为,将按照法律程序继续处理。
中国驻泰国大使馆7日晚发布消息说,据泰方通报,中国公民王某已于当地时间7日下午成功获救。中国驻泰使领馆对泰国政府及其他有关各方为此所作努力和富有成效的工作表示感谢。
当日早些时候,中国驻泰国清迈总领馆发布消息说,总领馆7日下午从泰国达府移民局获悉,该局已接到在泰缅边境失联的中国籍男演员,目前正在按规定进行相关询问工作。(完)