Myanmar
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူ ၂,၀၁၁ ဦး သေဆုံးပြီး ၅,၅၇၆ ဦး ဒဏ်ရာရ
ရန်ကုန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ယာဉ်တိုက်မှုများကြောင့် လူ ၂,၀၁၁ ဦး သေဆုံးပြီး ၅,၅၇၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဇန်နဝါရီ ၂၂ ရက်၌ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ထိုပမာဏသည် ယခင်နှစ်ကဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုများကြောင့် လူသေဆုံးမှု ၂,၄၂၂ မှု၊ ဒဏ်ရာရမှု ၆,၅၈၃ မှုနှင့် နှိုင်းယှဉ်ပါက လျော့ကျလာခဲ့ကြောင်း အဆိုပါ ဌာနက ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှုအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ကာ သေဆုံးသူ ၄၄၆ ဦး ရှိခဲ့ကြောင်း၊ ယင်းနောက်တွင် မန္တလေးတိုင်းဒေသကြီး၌ သေဆုံးသူ ၂၇၄ ဦး၊ ရှမ်းပြည်နယ်တွင် သေဆုံးသူ ၂၅၁ ဦး အသီးသီးရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၄ ခုနှစ်၌ စုစုပေါင်း ယာဉ်တိုက်မှု ၃,၈၇၅ မှု ရှိခဲ့ရာ ၂၀၂၃ ခုနှစ်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု ၄,၇၇၂ မှုနှင့် နှိုင်းယှဉ်ပါက လျော့ကျသွားကြောင်း အချက်အလက်များအရ သိရသည်။ (Xinhua)
…………………………………
(English Version)
Traffic accidents kill 2,011, injure 5,576 people in Myanmar in 2024
YANGON, Jan. 22 (Xinhua) — Traffic accidents killed 2,011 people and injured 5,576 others in Myanmar in 2024, according to data released by the Road Transport Administration Department on Wednesday.
The figures mark a decrease from the previous year, which saw 2,422 deaths and 6,583 injuries due to road accidents in 2023, the department said.
Yangon region reported the highest number of fatalities in road accidents in 2024, with 446 deaths, followed by Mandalay region with 274, and Shan state with 251, it said.
A total of 3,875 road incidents were recorded across the Southeast Asian country in 2024, down from 4,772 in 2023, the data showed.