Connect with us

Myanmar

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၄ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်

-နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း တပ်မတော်(ရေ)အရာရှိငယ်(စီမံခန့်ခွဲရေး)သင်တန်းအမှတ်စဉ်(၈၄)နှင့် တပ်မတော်(ရေ)အရာရှိငယ်(အင်ဂျင်နီယာ)သင်တန်းအမှတ်စဉ်(၅၈) သင်တန်းဆင်းပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားများသို့တက်ရောက် (၂၄/၁/၂၀၂၅ – MOI)

-ဧရာဝတီတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန် (၂)ရှိ မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာတွင် ဆီထွက်သီးနှံ နေကြာစိုက်ဧက (၂၅၀)ကျော် စိုက်ပျိုးထားပြီးဖြစ် (၂၄/၁/၂၀၂၅ – MRTV)

-မြန်မာနိုင်ငံရှိ မကူးစက်တတ်သောရောဂါများ၏ ဖြစ်နိုင်ခြေ “စစ်တမ်းကောက် လေ့လာခြင်း သုတေသန ၂၀၂၄” ကို STEP SURVEY ဖြင့် ဆောင်ရွက်လျက်ရှိ (၂၄/၁/၂၀၂၅ – MRTV)

-၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး “ရဋ္ဌနန္ဒက” မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ (၂၄/၁/၂၀၂၅ – မြန်မာ့အလင်း)
-လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစီမံချက်စတင်ခြင်း အခမ်းအနားကျင်းပ (၂၄/၁/၂၀၂၅ – MOI)

-အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး (၂၄/၁/၂၀၂၅ – MOI)

-အွန်လိုင်းလုပ်ငန်း မှတ်ပုံတင်(၁၀၀၀၀)ကျော် လျှောက်ထား (၂၄/၁/၂၀၂၅ – MRTV)

-ယခုဘဏ္ဍာနှစ်အတွင်း နှစ်ဆင့်ချေးငွေစီမံကိန်းဖြင့် တောင်သူများကို ကျပ်(၅)ဘီလီယံကျော် ထုတ်ချေးထား (၂၄/၁/၂၀၂၅ – MRTV)

-တရုတ်နှင့် အာဆီယံဒေသတွင်းနိုင်ငံ မြို့ကြီးများ၏ မြို့တော်ဝန်များ ပူးပေါင်းဆောင်ရွက်မည့် သဘောတူစာချုပ်(၁၄)ခု လက်မှတ်ရေးထိုး (၂၄/၁/၂၀၂၅ – MRTV)

-မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကောင်ရေ( ၂၉၀၀၀ )ကျော် လာရောက်ဆောင်းခိုနေပြီဖြစ် (၂၄/၁/၂၀၂၅ – MRTV)