Connect with us

North America

အီလွန်မက်စ် လက်အောက်ငယ်သားများ၏ တောင်းဆိုချက်ကို ငြင်းဆန်မှုကြောင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီမှ အဆင့်မြင့် လုံခြုံရေးအရာရှိနှစ်ဦး ရာထူးမှ ရပ်နားခံရ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အမျိုးသားရင်ပြင်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှ အဆင့်မြင့် လုံခြုံရေးအရာရှိနှစ်ဦးသည် ဇန်နဝါရီလ ၁ ရက်ညပိုင်းတွင် တာဝန်မှ ရပ်နားခြင်းခံခဲ့ရကြောင်း၊ အကြောင်းမှာ ဘီလျံနာသူဋ္ဌေး အီလွန်မက်စ် ဦးဆောင်သော အစိုးရ စွမ်းဆောင်ရည်ထိရောက်မှုဌာန (DOGE) မှ အရာရှိများ USAID သို့ ဝင်ရောက်ကာ လျှို့ဝှက်အချက်အလက်များ ရယူရန် ၎င်းတို့ငြင်းဆန်လိုက်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

DOGE ဌာန အရာရှိအချို့သည် မြို့တော် ဝါရှင်တန်ရှိ USAID ၏ ရုံးချုပ်သို့ ဝင်ရောက်ကာ လျှို့ဝှက်အချက်အလက်များ ရယူရာတွင် တားမြစ်ခြင်းကြောင့် USAID ၏ အရာရှိနှစ်ဦး ရာထူးမှ ရပ်နားခံရသည်ဟု CNN သတင်းဌာနက ဖေဖော်ဝါရီ ၂ ရက် သတင်းဖော်ပြချက်အရ သိရသည်။ ရာထူးမှရပ်နားခံရသူများမှာ လုံခြုံရေးဌာနမှူး John Voorhees နှင့် ဒုတိယဌာနမှူး Brian McGill တို့ဖြစ်ကြောင်း သတင်းအရင်းအမြစ် ပြောဆိုချက်အရ အေပီသတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ DOGE အရာရှိအချို့သည် ၎င်းတို့ကို ပေးမဝင်လျှင် အမေရိကန် တရားဥပဒေစိုးမိုးရေးဌာနကို ကြားဝင်ခိုင်းရလိမ့်မည်ဟု USAID လုံခြုံရေးဝန်ထမ်းများအား ခြိမ်းခြောက်ခဲ့ကြောင်း ရိုက်တာ သတင်း၌ဖော်ပြထားသည်။ DOGE အရာရှိများသည် နောက်ဆုံးတွင် လုံခြုံရေးဌာနရုံးခန်းနှင့် အမှုဆောင် အတွင်းရေးမှူးဌာန ရုံးခန်းများ အပါအဝင် နေရာအများအပြားသို့ ဝင်ရောက်သွားခဲ့သည်။ ထိုရုံးခန်းနေရာများတွင် လျှို့ဝှက်စာရွက်စာတမ်းနှင့် USAID ဝန်ထမ်းများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ အဆင့်မြင့်ကော်မတီဝင်၊ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ် Jeanne Shahee က “သင့်တော်တဲ့ ခွင့်ပြုချက်မရရှိဘဲ USAID လျှို့ဝှက်ဇုန်ကို ဝင်ရောက်ပြီး အမေရိကန်နိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ရယူတာဟာ မယုံနိုင်လောက်အောင် ဆိုးရွားတဲ့ ကိစ္စပါပဲ၊ သမိုင်းမှာမရှိခဲ့ဖူးဘူး” ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်ပေးရန် ၎င်းက ဖေဖော်ဝါရီ ၂ ရက်တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုထံ စာပေးပို့ခဲ့သည်။
CNN သတင်းဌာန၏ မေးမြန်းချက်ကို ဖြေကြားရာတွင် အီလွန်မက်စ်က “USAID က ပြစ်မှုကျူးလွန်တဲ့ အဖွဲ့အစည်းတစ်ခုပဲ၊ သူ ကျဆုံးသင့်ပြီ” ဟု ဖြေကြားခဲ့သည်။ ယင်းမတိုင်မီ အီလွန်မက်စ်က ၎င်း၏ပလက်ဖောင်း X ပေါ်တွင် USAID ကို ထိုးနှက်သည့်ပြောဆိုချက်များ အကြိမ်များစွာ ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

အီလွန်မက်စ်၏ ပြောဆိုချက်များက သမ္မတ ထရမ့်သည် USAID ၏ သီးသန့်ဖက်ဒရယ်အဖွဲ့အစည်းအဖြစ် ရပ်တည်ချက်ကို ဖယ်ရှားကာ နိုင်ငံခြားရေးဝန်ကြီးဌာန အောက်သို့ ထည့်သွင်းလိုသည့် ဆန္ဒကို တစ်ဆင့်တိုးဖော်ပြနေသည်ဟု CNN သတင်းဌာနက ယူဆသည်။
USAID ကို စီမံခန့်ခွဲသူများမှာ “အစွန်းရောက် ရူးသွပ်သူတွေဖြစ်ပြီး သူတို့ကို ကျွန်တော်တို့ နှင်ထုတ်ရမယ်” ဟု ထရမ့်က ဖေဖော်ဝါရီ ၂ ရက် ညပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ထရမ့်၏လူယုံ၊ အိမ်ဖြူတော်ရုံးခန်း ဒုတိယညွှန်ကြားရေးမှူး စတီဖန်မီလာ ကမူ USAID သည် ဒီမိုကရက်တစ်ပါတီက လွှမ်းခြုံထားသောနေရာဖြစ်သည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။
အဆိုပါနောက်ဆုံးဖြစ်ပွားသည့် USAID အရာရှိများ ရာထူးမှ ရပ်နားခံရသည့် ကိစ္စရပ်မတိုင်မီ တစ်ပတ်အတွင်း အဆိုပါအဖွဲ့အစည်းမှ အဆင့်မြင့်အရာရှိပေါင်း ၁၀၀ နီးပါး တာဝန်မှ ရပ်နားခြင်း ခံရသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။

USAID ၏ ဝက်ဘ်ဆိုက်ကို ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ဝင်ရောက်ကြည့်ရှု၍မရတော့ဘဲ ၎င်းက X ပလက်ဖောင်းပေါ်ရှိ အကောင့်လည်း ပျက်သွားပြီဖြစ်ကြောင်း သိရသည်။

ထရမ့်က ဇန်နဝါရီ ၂၀ ရက် ရာထူးတာဝန်လက်ခံပြီးနောက် လက်မှတ်ရေးထိုးသည့် အမိန့်တွင် စီမံကိန်းများ ထိရောက်မှုရှိမရှိ၊ လက်ရှိ အစိုးရ၏ နိုင်ငံခြားရေး မူဝါဒနှင့်ကိုက်ညီမှုရှိမရှိ သုံးသပ်ရန်အတွက် အမေရိကန်၏ ပြည်ပအကူအညီအားလုံးကို ရက် ၉၀ ကြာ ဆိုင်းငံ့ထားရန် ညွှန်ကြားခဲ့ရာ အကူအညီစီမံကိန်းပေါင်း‌ထောင်ချီ ယာယီရပ်နားခဲ့ရသည်။

ရီပက်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီဝင်များသည် USAID ကိစ္စနှင့်စပ်လျဉ်း၍ နှစ်ပေါင်းများစွာ အငြင်းပွားနေသည်ဟု အေပီသတင်းဌာနက ဆိုသည်။ အစိုးရက USAID ၏ မူဝါဒချမှတ်မှုနှင့် ရန်ပုံငွေ အသုံးပြုမှုအပေါ် ပိုမိုထိန်းချုပ်သင့်သည်ဟု ရီပက်ဘလစ်ကန်များက ထောက်ခံနေချိန်တွင် ဒီမိုကရက်တစ်များက USAID သည် လွတ်လပ်စွာ ဆုံးဖြတ်ချက်ချနိုင်သည့် လွတ်လပ်သော ဖက်ဒရယ်အဖွဲ့အစည်းဖြစ်သင့်သည်ဟု ယူဆကြသည်။

လွှတ်တော်နှင့် ဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ ဖက်ဒရယ်အဖွဲ့အစည်းတစ်ခုကို တစ်ဖက်သတ် ပယ်ဖျက်ခြင်းသည် တရားဥပဒေချိုးဖောက်သည့် လုပ်ရပ်ဖြစ်သည်ဟု ဒီမိုကရက်တစ်ပါတီ လွှတ်တော်အမတ်များက သတိပေးထားကြောင်း သိရသည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည့် သမ္မတ ထရမ့်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………..
(Chinese Version)
拒绝马斯克下属要求 美国国际开发署两名安保高官遭停职
新华社北京2月3日电 美国国际开发署两名安保高官1日晚遭停职,起因是他们拒绝亿万富翁埃隆·马斯克领导的政府效率部官员进入国际开发署获取机密信息。
美国有线电视新闻网2日报道,因禁止几名政府效率部官员进入国际开发署位于首都华盛顿的总部获取机密信息,国际开发署两名官员遭停职。美联社援引消息人士的话报道,遭停职的是安保主任约翰·沃里斯和副主任布赖恩·麦吉尔。
据路透社报道,那几名政府效率部官员威胁国际开发署安保人员,如果不让他们进去,他们就让美国执法官局介入。政府效率部官员最终进入数个区域,包括安保办公室和执行秘书处办公室,这些地方可以接触到机密文件和国际开发署工作人员的个人信息。
美国参议院外交关系委员会高级委员、民主党参议员珍妮·沙欣说,“没有获得适当许可就进入国际开发署机密区域并获得美国公民的个人信息……是令人难以置信的严重事件,史无前例”。
她2日致信国务卿马尔科·鲁比奥,要求对此事做出解释。
回复美国有线电视新闻网提问时,马斯克称“国际开发署是个犯罪组织,它该完蛋了”。马斯克此前多次在他的X平台上发布抨击国际开发署的言论。
美国有线电视新闻网认为,马斯克的言论进一步显示总统特朗普有意取消国际开发署作为一个独立联邦机构的地位,并将其纳入国务院之下。
特朗普2日晚对记者说,管理国际开发署的是“一群激进的疯子,我们要把他们赶出去”。特朗普亲信、白宫办公厅副主任斯蒂芬·米勒指责国际开发署是民主党天下。
据路透社报道,在最新这起国际开发署高官被停职事件之前的一周里,该机构有将近100名高级职员被停职。
国际开发署网站从本月1日起无法访问,其在X平台上的账户也已下线。
特朗普1月20日就职后签署行政令,要求美国所有对外援助暂停90天,以评估项目是否有效、是否与本届政府对外政策保持一致,导致数以千计援助项目暂停。
按美联社说法,共和党和民主党多年来一直围绕国际开发署议题争执不休。共和党主张政府对国际开发署的政策制订和资金使用施加更多控制,而民主党认为国际开发署应该是一个独立联邦机构,有自主决策权。
民主党议员警告,未经与国会协商而单方面取消一个联邦机构是违法行为。(欧飒)
图说1:这是2022年11月10日在美国首都华盛顿拍摄的国家广场。新华社记者刘杰摄
图说2:1月30日,美国总统特朗普在首都华盛顿的白宫出席新闻发布会。新华社记者胡友松摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.