China
အားကစား ပထဝီ- အနက်ရောင်ကုန်းမြေပေါ်တွင် ရေခဲ-ဆီးနှင်းပန်းများ ပွင့်လန်း
![](https://xinhuamyanmar.com/wp-content/uploads/2025/02/6o01.jpg)
ဟားအယ်ပင်း၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
ဟားအယ်ပင်းမြို့သည် တရုတ်နိုင်ငံ၏ လတ္တီတွဒ် အမြင့်ဆုံးသော ပြည်နယ်မြို့တော်ဖြစ်သည်။ ဟားအယ်ပင်း၏ ဆောင်းရာသီမှာ ရှည်လျား၍ အပူချိန်သည် ပုံမှန်အားဖြင့် သုညအောက် ၂၀ ဒီဂရီ စင်တီဂရိတ်တွင် ရှိပြီး ဟေးလုံကျန်းလက်ယာဘက်ရှိ အကြီးဆုံးမြစ်လက်တက်ဖြစ်သည့် ဆုန်းဟွားမြစ်က ဤနေရာတွင် ဖြတ်သန်းစီးဆင်းရာ ဆောင်းရာသီတွင် သဘာဝရေခဲပြင်အဖြစ် အေးခဲလျက်ရှိသည်။ ဟားအယ်ပင်းအနေဖြင့် ရေခဲ-ဆီးနှင်းများက နေ့စဉ်ဘဝဖြစ်ပြီး ဤနေရာတွင် ကာလကြာရှည် ရေခဲ-ဆီးနှင်းအားကစား အငွေ့အသက်များရှိစေခဲ့သည်။
ဟားအယ်ပင်းနှင့် ၂၀၀ ကီလိုမီတာအကွာရှိ ချန်ပိုင်ဆန်းတောင်တန်းတွင်မူ ရာပုလီ နှင်းလျှောစီးကွင်းတည်ရှိပြီး ဆောင်းရာသီ၌ နှင်းဆီးအရင်းအမြစ်များက ရက်ပေါင်း ၁၇၀ ကြာ ထိန်းသိမ်းထားနိုင်သည်။ ၁၉၇၄ ခုနှစ်တွင် အဆိုပါ နှင်းလျှောစီးကွင်းကို တည်ဆောက်ပြီးနောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ၊ ကမ္ဘာ့တက္ကသိုလ်များ ဆောင်းရာသီ အားကစားပြိုင်ပွဲ စသည့် နိုင်ငံတကာ ပြိုင်ပွဲများ ကျင်းပခဲ့သည်။ နှစ် ၅၀ ကြာ ဖွံ့ဖြိုးတိုးတက်ခဲ့သော ရာပုလီ နှင်းလျှောစီးကွင်းတွင် နှင်းလျှောစီးလမ်းကြောင်းပေါင်း ၅၆ ခု၊ စုစုပေါင်းအရှည် ၁၀၀ ကီလိုမီတာခန့်ရှိပြီး နှင်းထုဧရိယာ ၂၂၅ ဟက်တာရှိသည်။
ယင်းမှာ ရေခဲ၊ ဆီးနှင်းတို့၏ မြေဖြစ်သလို ရွှေတောင်ငွေတောင်လည်းဖြစ်သည်။ ရေခဲ-ဆီးနှင်းများ၏ ဆွဲငင်မှုက ရေခဲ-ဆီးနှင်း အားကစားကနေ ရေခဲ-ဆီးနှင်း ယဉ်ကျေးမှုခရီးစဉ်များအထိ ကျယ်ပြန့်သွားကာ ကမ္ဘာကြီး၏ အမြင်အာရုံကို ဖမ်းစားလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဟားအယ်ပင်းတွင် ခရီးသည် သွားလာမှုအကြိမ်ရေ စုစုပေါင်း ၁၇၉ သန်း လက်ခံခဲ့ပြီး ခရီးသွားလာမှု စုစုပေါင်း ကုန်ကျစရိတ် ယွမ် ၂၃၁.၄၂ ဘီလီယံ ဖော်ဆောင်နိုင်ခဲ့ရာ ယမန်နှစ် ကာလတူထက် ပျမ်းမျှ ၃၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။
ရေခဲ-ဆီးနှင်းက ဤ “အာရှဆောင်းရာသီအားကစားနှစ်ကြိမ် ကျင်းပသော မြို့” ၏ အေးမြခြင်းနှင့် နွေးထွေးခြင်း ခံစားမှုများရောယှက်နေသည့် အထူး ကြည်နူးဖွယ်နေရာတစ်ခုအဖြစ် ပုံဖော်ထားပြီး ရေခဲ-ဆီးနှင်းဖြင့် ဖိတ်ခေါ်ကာ၊ ရေခဲ-ဆီးနှင်းနှင့် အတူဆင်နွှဲကြရာ နေရာအနှံမှ လူများကို ဤနေရာတွင် စုစည်းစေပြီး ဤနေရာကို အားမာန်အပြည့် တက်ကြွသော ကုန်းမြေအဖြစ် အတူပြောင်းလဲပေးခဲ့သည်။ အိပ်မက်ပန်းများက ဤအနက်ရောင်ကုန်းမြေပေါ်တွင် ပွင့်လန်းလျက်ရှိသည်။ (Xinhua)
![](https://xinhuamyanmar.com/wp-content/uploads/2025/02/6o02.jpg)
ထိုက်ယန်ကျွန်း၊ ရွှဲပေါဟွေ့ဥယျာဉ်အတွင်း စုပေါင်းဓာတ်ပုံရိုက်နေသည့် ၂၇ ကြိမ်မြောက် ဟားအယ်ပင်း နိုင်ငံတကာ ဆီးနှင်းပန်းပုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများကို ဇန်နဝါရီလ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………..
(Chinese Version)
体育地理:黑土地绽放冰雪之花
新华社照片,哈尔滨,2025年2月5日
哈尔滨是中国纬度最高的省会城市。哈尔滨冬季漫长,温度常低于零下20摄氏度以下,黑龙江右岸最大的支流松花江流经这里,在冬季封冻成天然冰面。冰雪对于哈尔滨来说就是生活的日常,也让这里有了悠久的冰雪运动底蕴。
距离哈尔滨近200千米的亚布力滑雪场位于长白山山脉,冬季雪资源存留期长达170天。1974年建设滑雪场后迎来了亚冬会、大冬会等国际赛事。历经50年发展的亚布力滑雪场共有滑雪道56条,总长约100公里,造雪面积225公顷。
冰天雪地也是金山银山,冰雪的魅力从冰雪运动延伸到冰雪文旅,吸引着世界的目光。2024年哈尔滨累计接待游客1.79亿人次,实现旅游总花费2314.2亿元,同比增长均超三成。
冰雪塑造了这座“双亚冬之城”冷与热交织的极致浪漫,以冰雪邀约,同冰雪共舞,让来自各地的人们汇聚在这里,一同把这里变成活力四射的热土。梦想之花正在这块黑土地上绽放。
图说1:1月11日,道里区老年冰球队在哈尔滨市丁香公园内打冰球(无人机照片)。新华社记者 张涛 摄
图说2:1月8日,第27届哈尔滨国际雪雕比赛参赛选手在太阳岛雪博会园区内合影。新华社记者 张涛 摄