China
ရှီကျင့်ဖိန်က အမေရိကန် သမ္မတ ထရမ့်နှင့်အတူ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်သော အမေရိကန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သည့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် မေ ၁၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးစဉ်အတွင်း ထရမ့်နှင့်အတူ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်သော အမေရိကန် လုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ထရမ့်က မိမိယခုအကြိမ်ခရီးစဉ်တွင် အမေရိကန် စက်မှုစီးပွားရေးလောကမှ ထူးချွန်သော ကိုယ်စားလှယ်များကို ခေါ်ဆောင်လာကြောင်း၊ ၎င်းတို့သည် တရုတ်နိုင်ငံကို လေးစားသလို အလေးထားကြကြောင်း၊ ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်လည်း မိမိအနေဖြင့် အားပေးကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ထရမ့်က ၎င်းနှင့်အတူလိုက်ပါလာသော လုပ်ငန်းရှင်များကို ရှီကျင့်ဖိန်ထံ တစ်ဦးချင်းစီမိတ်ဆက်ပေးခဲ့သည်။
အမေရိကန်လုပ်ငန်းရှင်များက ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံဈေးကွက်ကို အထူးအလေးထားကြောင်း၊ တရုတ်နိုင်ငံတွင် လုပ်ငန်းများ ထဲထဲဝင်ဝင်ဆောင်ရွက်ပြီး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က အမေရိကန်ကုမ္ပဏီလုပ်ငန်းများက တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုတွင် ထဲထဲဝင်ဝင် ပါဝင်လျက်ရှိပြီး နှစ်ဖက်လုံးက ၎င်းမှ အကျိူးကျေးဇူးခံစားရကြောင်း၊ တရုတ်နိုင်ငံ၏ တံခါးဖွင့်လှစ်မှုသည် ပို၍ကျယ်ပြန့်လာမည်သာဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်က တရုတ်နိုင်ငံနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအား ကြိုဆိုကြောင်း၊ အမေရိကန်ကုမ္ပဏီလုပ်ငန်းများက တရုတ်နိုင်ငံတွင် ပိုမိုကျယ်ပြန့်သော အလားအလာပိုင်ဆိုင်လာမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
习近平会见随同美国总统特朗普访华的美国企业家
新华社北京5月14日电 5月14日上午,国家主席习近平在北京人民大会堂同来华进行国事访问的美国总统特朗普举行会谈期间,会见随同特朗普访华的美国企业家。
特朗普表示,我此访带来了美国工商界杰出代表,他们都尊重和重视中国,我鼓励他们拓展对华合作。特朗普逐一向习近平介绍随访企业家。
美国企业家表示,高度重视中国市场,希望深耕中国业务,加强对华合作。
习近平表示,美国企业正在深度参与中国改革开放,双方都从中获益。中国开放的大门只会越开越大,中方欢迎美国对华加强互利合作,相信美国企业在华将拥有更广阔前景。(完)
图说:5月14日上午,国家主席习近平在北京人民大会堂同来华进行国事访问的美国总统特朗普举行会谈。 新华社记者 李响 摄
