China
ရှီကျင့်ဖိန်နှင့် ကိုလံဘီယာ သမ္မတ Gustavo Petro တို့ တရုတ်- ကိုလံဘီယာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန်ပေးပို့
![](https://xinhuamyanmar.com/wp-content/uploads/2025/02/7l01.jpg)
ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖေဖော်ဝါရီ ၇ ရက်တွင် ကိုလံဘီယာ သမ္မတ Gustavo Petro နှင့် သဝဏ်လွှာ အပြန်အလှန်ပေးပို့ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုခဲ့ကြသည်။
သမ္မတ ရှီကျင့်ဖိန်က တရုတ်- ကိုလံဘီယာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၄၅ နှစ်ကြာအတွင်း နှစ်ဖက်အနေဖြင့် တန်းတူညီမျှ ဆက်ဆံမှု၊ အပြန်အလှန် လေးစားမှုကို အခြေခံ၍ နှစ်နိုင်ငံ ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်စေရန် တွန်းအားပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် သမ္မတ Petro သည် တရုတ်နိုင်ငံသို့ နိုင်ငံတော် ခရီးစဉ် အောင်မြင်စွာ လာရောက်ခဲ့ပြီး မိမိနှင့်အတူ ရလဒ်များ ကြွယ်ဝသော တွေ့ဆုံဆွေးနွေးမှု ကျင်းပကာ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ကြောင်း အတူ ကြေညာခဲ့ကြရာ တရုတ်- ကိုလံဘီယာ ဆက်ဆံရေးကို ခေတ်သစ်သို့ ဦးတည်စေခဲ့ကြောင်း၊ ကိုလံဘီယာသည် လက်တင်အမေရိကဒေသ၌ အရေးပါသော နိုင်ငံဖြစ်သလို ယခုနှစ်တွင် လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံတို့က ယခုအကြိမ် အလှည့်ကျ ပူးတွဲ ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် တရုတ်- ကိုလံဘီယာဆက်ဆံရေး ဖွံ့ဖြိုးရေးကို အထူးအလေးထားကြောင်း၊ သမ္မတ Petro နှင့် အတူ ကြိုးပမ်းကာ တရုတ်- ကိုလံဘီယာ ဆက်ဆံရေးကို လက်တွေ့ကျ နက်ရှိုင်းစေရန် တွန်းအားပေးပြီး တရုတ်- ကိုလံဘီယာ အေးအတူ ပူအမျှ အသိုက်အဝန်းကို လက်တွဲအတူ တည်ဆောက်သွားရန် ဆန္ဒရှိကြောင်း ထောက်ပြခဲ့သည်။
သမ္မတ Petro က ကိုလံဘီယာ- တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ချိန်မှစ၍ နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကြွယ်ဝသောရလဒ်များ ရရှိခဲ့ပြီး နှစ်နိုင်ငံ ပြည်သူများအား အကျိုးပြုခဲ့ကြောင်း၊ နှစ်နိုင်ငံ အဆင့်မြင့်အလွှာ အပြန်အလှန် ခရီးစဉ်များ မကြာခဏ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား ကဏ္ဍအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစွာ တွန်းအားပေးကာ နှစ်နိုင်ငံအကြား ပြည်သူချင်း ဆက်ဆံရေးကို မြှင့်တင်ပေးခဲ့ကြောင်း၊ မိမိအနေဖြင့် သမ္မတတာဝန် ထမ်းဆောင်ပြီးနောက် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့ရာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ စဉ်ဆက်မပြတ် အားဖြည့်ခဲ့ပြီး ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု၊ တိုးတက်မှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ကိုလံဘီယာအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ လက်တွဲကြိုးပမ်းကာ နှစ်ဖက်လုံး၏ ဘုံဂရုစိုက်သော ကမ္ဘာ့ငြိမ်းချမ်းရေး၊ စွမ်းအင်အသွင်ပြောင်းလဲရေး၊ ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး စသည့် ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်များကို အတူတွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
习近平同哥伦比亚总统佩特罗就中哥建交45周年互致贺电
新华社北京2月7日电 2月7日,国家主席习近平同哥伦比亚总统佩特罗互致贺电,庆祝两国建交45周年。
习近平指出,中哥建交45年来,双方始终本着平等相待、相互尊重原则,推动双边关系不断向前发展。2023年10月,佩特罗总统成功对中国进行国事访问,我同总统先生举行了富有成果的会谈,共同宣布两国建立战略伙伴关系,引领中哥关系进入新时代。哥伦比亚是拉美重要国家,今年将接任拉美和加勒比国家共同体轮值主席国。我高度重视中哥关系发展,愿同总统先生一道努力,推动中哥战略伙伴关系走深走实,携手共建中拉命运共同体。
佩特罗表示,哥中建交以来,双边关系发展取得丰硕成果,造福了两国人民。两国高层互访频繁,有力推动两国各领域合作,促进了双方民心相通。我就任总统后对中国进行国事访问,两国关系不断加强,贸易投资保持增长。哥方愿同中方携手努力,共同推动世界和平、能源转型、应对气候变化等双方共同关心的全球议程。(完)
图说:10月25日下午,国家主席习近平在北京人民大会堂同来华进行国事访问的哥伦比亚总统佩特罗举行会谈。这是会谈前,习近平在人民大会堂北大厅为佩特罗举行欢迎仪式。新华社记者 黄敬文 摄