Connect with us

Media

မြန်မာနိုင်ငံ၏ MSME လုပ်ငန်းများအနေဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများကို ကျော်လွှားနိုင်ရန် ဆိုလာစွမ်းအင်ကို အသုံးပြုဆောင်ရွက်ကြရန် တိုက်တွန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ (MSMEs) အနေဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ဆိုလာစွမ်းအင်ကို အသုံးပြုဆောင်ရွက်ကြရန် MSMEs ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းထားကြောင်း ဖေဖော်ဝါရီ ၆ ရက်ထုတ် ကြေးမုံသတင်းစာအရ သိရသည်။
အဆိုပါ ကော်မတီအစည်းအဝေးကို နေပြည်တော်တွင် ဖေဖော်ဝါရီ ၅ ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး MSME စီးပွားရေးလုပ်ငန်းရှင်များက လျှပ်စစ်ဓာတ်အားရရှိမှုနှင့် စပ်လျဉ်းသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးကြရာတွင် စက်မှုဇုန်များတွင် လျှပ်စစ်ဓာတ်အား မလုံလောက်သည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ဆိုလာစနစ်ဖြင့် တစ်ပိုင်တစ်နိုင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ဆောင်ရွက်စေလိုကြောင်း MSMEs ဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်ဟု သတင်း၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ မဂ္ဂါဝပ် ၆,၃၀၀ ကျော် ရှိကြောင်း၊ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်မှုရပ်ဆိုင်းနေသော စက်ရုံအချို့ရှိကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်လုပ်နိုင်သည့် ပမာဏအပေါ်မူတည်၍ အလှည့်ကျရရှိရေးအတွက် အတတ်နိုင်ဆုံး စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် အချို့ကုမ္ပဏီများမှာ ဆိုလာစနစ်ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်အသုံးပြုလျက်ရှိခြင်းကြောင့် လုပ်ငန်းများ ပိုမိုတွင်ကျယ်လာကြောင်း၊ ၎င်းတို့၏ အောင်မြင်မှုကို နမူနာယူပြီး အခြားကုမ္ပဏီများကလည်း ဆိုလာစွမ်းအင်ထုတ်လုပ်ကာ လုပ်ငန်းများ ဆောင်ရွက်လာပြီဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲ၍ရသည့်အပြင် ပိုလျှံမှုအပေါ် နိုင်ငံအဆင့် မဟာဓာတ်အားလိုင်းသို့ ရောင်းချ၍ရနေကြောင်း၊ ဆိုလာစနစ်ဆောင်ရွက်သည့်အတွက် ကုန်ကျမည့် ငွေပမာဏမှာ နှစ်အနည်းငယ်အတွင်း အရင်းကျေကာလသို့ ရောက်ရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း သဘာဝ‌ဓာတ်ငွေ့၊ ဆိုလာလျှပ်စစ်ပေါင်းစပ်သည့် hybrid ဓာတ်အားမဂ္ဂါဝပ်ပေါင်း ၁,၀၀၀ ကျော် ထုတ်လုပ်နိုင်ရေးအတွက် စီမံကိန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar’s MSMEs urged to adopt solar energy to tackle power shortages
YANGON, Feb. 6 (Xinhua) — Myanmar’s Chairman of the Micro, Small, and Medium-sized Enterprises (MSMEs) Development Committee Vice Senior General Soe Win has urged MSME businesses to adopt solar energy to address power shortages, state-run daily The Mirror reported on Thursday.
At a committee meeting in Nay Pyi Taw on Wednesday, MSME businesspeople discussed issues related to electricity supply. Soe Win encouraged the use of solar energy to overcome the challenge of insufficient electricity in industrial zones, the report said.
Myanmar’s nationwide electricity production exceeds 6,300 megawatts. However, some factories have halted operations due to various reasons. The Ministry of Electric Power is making every effort to provide electricity in a rotation based on its production capacity, he said.
Some companies have already adopted solar energy to generate electricity, enabling them to expand operations. Using their success as an example, other companies are also working on solar energy production, he added.
By doing so, businesses can ensure a stable power supply for their own use and even sell surplus electricity back to the national grid. The cost of solar installation will reach a payback period in a few years, he added.
Additionally, he added that the government is implementing projects to generate over 1,000 hybrid megawatts from natural gas and solar energy across various regions and states, the report said.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.