Africa & Middle East
တရုတ်နိုင်ငံမှ ဂါဇာကမ်းမြောင်ဒေသသို့ လှူဒါန်းကူညီသည့် လူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများ စတင်ပို့ဆောင်ခြင်း အခမ်းအနား ဂျော်ဒန်၌ ကျင်းပ

အမ်မန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှ ဂါဇာကမ်းမြောင်ဒေသသို့ လှူဒါန်းကူညီသည့် လူသားချင်းစာနာမှု အထောက်အပံ့ပစ္စည်းများ စတင်ပို့ဆောင်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ဂျော်ဒန်နိုင်ငံ Zarqa ပြည်နယ်၌ ကျင်းပခဲ့သည်။ အဆိုပါပစ္စည်းများကို ကုန်းလမ်းဂိတ်မှတစ်ဆင့် ဂျော်ဒန်နိုင်ငံမှ ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသသို့ သယ်ယူပို့ဆောင်သွားမည်ဖြစ်သည်။
ယခုအကြိမ် တရုတ်နိုင်ငံအစိုးရက ဂျော်ဒန်နိုင်ငံမှတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသသို့ ထောက်ပံ့ပေးသည့် အရေးပေါ် လူသားချင်းစာနာမှု ကူညီရေးပစ္စည်းများတွင် စားသောက်ကုန်အထုပ် ၆ သောင်းပါဝင်ကာ ဂျော်ဒန် Hashemite ပရဟိတအဖွဲ့အစည်းမှ သယ်ယူပို့ဆောင်ရေးနှင့် ခွဲဝေပေးရေးတို့ကို တာဝန်ယူထားကြောင်း သိရသည်။ အထက်ပါပစ္စည်းများကို ခန့်မှန်းခြေ ၆ သုတ်ခွဲ၍ သယ်ယူပို့ဆောင်သွားမည်ဖြစ်ကာ ပထမအသုတ်ပစ္စည်းများတွင် စားသောက်ကုန်အထုပ်ပေါင်း ၁၂,၀၀၀ ခန့်ပါဝင်သည်။ ဂျော်ဒန် Hashemite ပရဟိတအဖွဲ့အစည်း ကားအဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသသို့ ရောက်ရှိပြီးနောက် အဆိုပါပစ္စည်းများခွဲဝေပေးရန် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ပါလက်စတိုင်း လခြမ်းနီအဖွဲ့ (PRCS) တို့ထံ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်သည်။
ဂျော်ဒန် Hashemite ပရဟိတအဖွဲ့အစည်း အတွင်းရေးမှူးချုပ် Hussein Shibli က တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများက ဂါဇာကမ်းမြောင်ဒေသ ပြည်သူများအတွက် ကူညီပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအကြိမ် ပူးပေါင်းဆောင်ရွက်မှုသည် အနာဂတ် ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှုများ၏ အစဖြစ်ကာ ဂါဇာဒေသပြည်သူများ ဘဝအခက်အခဲမှလွတ်မြောက်ရေးအတွက် ကူညီပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ဂျော်ဒန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ချွမ်တုန်းက တရုတ်နိုင်ငံသည် ပါလက်စတိုင်းပြည်သူများ၏ မိတ်ဆွေကောင်းနှင့် တာဝန်သိစိတ်ရှိသည့်နိုင်ငံကြီးအနေဖြင့် ဂါဇာပြည်သူများထံ အသုတ်ပေါင်းများစွာ ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း၊ ပါလက်စတိုင်းပြည်သူများ၏ အခက်အခဲ ပြေလျော့သွားစေရန် တရုတ်နိုင်ငံသည် ပိုမိုများပြားသော ကူညီမှုများကို ပါလက်စတိုင်းပြည်သူများ လက်ထဲသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
中国援加沙地带人道主义物资启运仪式在约旦举行
新华社安曼2月18日电(记者何奕萍)中国援加沙地带人道主义物资启运仪式18日在约旦扎尔卡省举行。这批物资通过陆路口岸从约旦运往巴勒斯坦加沙地带。
据了解,此次中国政府通过约旦向加沙地带提供的紧急人道主义援助物资共包含6万个食品包,由约旦哈希姆慈善组织负责运输、分发。上述物资预计分6批次运输,首批物资约1.2万个食品包,约旦哈希姆慈善组织车队抵达加沙地带后将物资交由世界粮食计划署和巴勒斯坦红新月会等机构分发。
约旦哈希姆慈善组织秘书长侯赛因·谢卜利感谢中国政府和人民为加沙地带人民提供的援助。他希望此次合作成为未来更多合作的开端,帮助加沙地带人民摆脱生活困境。
中国驻约旦大使陈传东表示,中国作为巴勒斯坦人民的好朋友,也作为负责任的大国,向加沙人民提供了多批援助。中国将继续把更多援助送到巴勒斯坦人民手中,缓解他们的苦难。(完)
图说:这是2月18日在约旦扎尔卡省哈希姆慈善组织仓库拍摄的装满中国援助加沙地带人道主义物资的卡车。新华社发(穆罕默德·阿布·古什摄)