Connect with us

Media

မြန်မာ့ရိုးရာခြင်းလုံးအားကစားကို ယူနက်စကိုစာရင်းဝင်နိုင်ရန် ၂၀၂၆ ခုနှစ်တွင် တင်သွင်းမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာ့ရိုးရာအားကစားဖြစ်သော ခြင်းလုံးအားကစားကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရေးအတွက် ၂၀၂၆ ခုနှစ်တွင် တင်သွင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် (MCF) က ပြီးခဲ့သည့် ရက်ပိုင်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ထိုသို့စာရင်းသွင်းနိုင်ရေးအတွက် ပြင်ဆင်ရာတွင် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်အနေဖြင့် ကော်မတီတစ်ခု ဖွဲ့စည်းထားကာ ခြင်းလုံးယဉ်ကျေးမှု၏ အရေးပါပုံအချက်အလက်များ စုစည်းထားကြောင်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းတင့်က ဆင်ဟွာကို ပြောခဲ့သည်။ (Xinhua)