China
အမေရိကန်နိုင်ငံက “အမေရိကန် ပထမ” ရင်းနှီးမြှုပ်နှံမှု မူဝါဒ စာချွန်လွှာ ထုတ်ပြန်ခြင်းအပေါ် CCPIT တုံ့ပြန်ပြောကြား

ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်က အမျိုးသားလုံခြုံရေးအဓိပ္ပာယ်ကို အဖန်တလဲလဲ အကျယ်ချဲ့နေခြင်း၊ နှစ်နိုင်ငံ လုပ်ငန်းကဏ္ဍ ကုန်သွယ်စီးပွားသွားလာမှုများကို အဆက်မပြတ် တားဆီးနေခြင်းအပေါ် တရုတ်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များက အခိုင်အမာ ကန့်ကွက်ကြောင်း အမေရိကန်နိုင်ငံက “အမေရိကန် ပထမ” ရင်းနှီးမြှုပ်နှံမှု မူဝါဒ စာချွန်လွှာ ထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုကို တရုတ်နိုင်ငံ နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေး ကောင်စီ (CCPIT) ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖြေကြားရာ၌ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် တစ်ဖက်က ရင်းနှီးမြှုပ်နှံမှုလုံခြုံရေးစိစစ်ခြင်း စသည့်နည်းလမ်းများမှတစ်ဆင့် အမေရိကန်နိုင်ငံ၏ နည်းပညာ၊ အဓိက အခြေခံအဆောက်အဦ၊ ဆေးကုသရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်၊ ကုန်ကြမ်းပစ္စည်း စသည့် ကဏ္ဍများ၌ တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်လျက်ရှိပြီး အခြားတစ်ဖက်တွင်လည်း စီးပွားရေး ပိတ်ဆို့အရေးယူမှု၊ ဘဏ္ဍာရေး စိစစ်မှု စသည့်နည်းလမ်းများဖြင့် တရုတ်နိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်ထားသည့် လုပ်ငန်းအတိုင်းအတာ၊ ရင်းနှီးမြှုပ်နှံမှုအမျိုးအစား၊ ငွေကြေးအရင်းအမြစ် စသည်တို့ကို တစ်ဆင့် တိုးချဲ့ထားကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ သက်ဆိုင်ရာအစီအမံများ အကောင်အထည်ဖော်လိုက်သည်နှင့် ကုမ္ပဏီလုပ်ငန်းများ၏ ပုံမှန်စီးပွားရေးဆုံးဖြတ်ချက်များအပေါ် ပြင်းထန်စွာ သက်ရောက်မှုရှိစေမည် ဖြစ်သလို နိုင်ငံတကာ ကုန်သွယ်စီးပွား စည်းစနစ်ကို ပျက်စီးစေပြီး ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် လုံခြုံ တည်ငြိမ်မှုကို ရှုပ်ထွေးစေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“အမေရိကန်ဘက်က ဈေးကွက်စီးပွားရေး စည်းမျဉ်းစည်းကမ်းများနှင့် တရားမျှတစွာ ယှဉ်ပြိုင်ရေး မူဝါဒကို လေးစားရန်၊ ကုန်သွယ်စီးပွားကဏ္ဍ၊ အမျိုးသားလုံခြုံရေး နယ်နိမိတ်ကို ရှင်းရှင်းလင်းလင်း ခွဲခြားရန်၊ တရုတ်-အမေရိကန် နှစ်ဖက်အပြန်အလှန် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်ကို ဖျက်သိမ်းပြီး နှစ်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းကဏ္ဍက အပြန်အလှန်အကျိုးဖြစ်ထွန်းပြီး ဘုံအကျိုးဖော်ဆောင်သော ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန်အတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ဖန်တီးပေးရန် မိမိတို့အနေနဲ့ တိုက်တွန်းပါတယ်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
中国贸促会回应美发布“美国第一”投资政策备忘录
新华社北京2月24日电 中国贸促会新闻发言人24日就美发布“美国第一”投资政策备忘录答记者问时表示,中国工商界坚决反对美方一再泛化国家安全概念、不断阻碍两国业界经贸往来。
这名发言人说,美方一方面通过投资安全审查等手段,限制中国企业对美国技术、关键基础设施、医疗、农业、能源、原材料等领域投资;另一方面通过经济制裁、财务审计等方式,进一步扩大对华投资限制的行业范围、投资类型、资金来源等。有关措施一旦落地实施,将严重影响企业正常经营决策,破坏国际经贸秩序,扰乱全球产业链供应链安全稳定。
“我们敦促美方尊重市场经济规律和公平竞争原则,厘清经贸领域国家安全边界,取消中美双向投资限制,为两国工商界开展互利共赢合作创造良好环境。”这名发言人说。(完)