China
အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သင်္ဘောတည်ဆောက်ရေး ကဏ္ဍတို့အပေါ် ကန့်သတ်မှုအစီအမံများကို ရပ်တန့်ရန် တရုတ်နိုင်ငံ တိုက်တွန်း

ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံအနေဖြင့် ပုဒ်မ ၃၀၁ အရ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်နိုင်ငံ၏ ပင်လယ်ရေကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သင်္ဘောတည်ဆောက်ရေး ကဏ္ဍတို့အပေါ် ကန့်သတ်မှု အစီအမံများ အဆိုပြုခြင်းဖြင့် အမှားကျူးလွန်နေမှုကို ရပ်တန့်ရန် တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၂၃ ရက်၌ တိုက်တွန်းခဲ့သည်။
ဆိပ်ကမ်းဝန်ဆောင်ခများ ကောက်ခံခြင်း အပါအဝင် အဆိုပြုထားသော အစီအမံများက မိမိကိုယ်ကိုယ်သာ ပြန်ထိခိုက်စေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ “အမေရိကန်ရဲ့ အစီအမံတွေက သူတို့ရဲ့ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းကို အားဖြည့်ပံ့ပိုးမပေးနိုင်ရုံတင်ကမဘဲ သက်ဆိုင်ရာလမ်းကြောင်းတွေမှာ ရေကြောင်းသယ်ယူပို့ဆောင်ရေး စရိတ်စကတွေကို မြင့်တက်စေခြင်း၊ အမေရိကန်ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှု ပိုမိုဆိုးရွားစေခြင်း၊ ကမ္ဘာတစ်ဝန်းမှာ အမေရိကန် ကုန်ပစ္စည်းတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို လျော့ကျစေခြင်း၊ ဆိပ်ကမ်းလုပ်ကိုင်သူတွေနဲ့ ဆိပ်ကမ်းလုပ်သားတွေရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်စေခြင်းတို့ကိုပါ ဖြစ်ပေါ်စေပါလိမ့်မယ်” ဟုလည်း ၎င်းပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
ယင်းအစီအမံများက အမေရိကန်ပြည်တွင်း၌ သိသာထင်ရှားသော ကန့်ကွက်မှုများကို ဖြစ်ပေါ်စေသည့်အပြင် သက်ဆိုင်ရာနိုင်ငံများ၊ အဖွဲ့အစည်းများကလည်း အမေရိကန်၏ လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ကျေနပ်မှုမရှိကြောင်း ပြသခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကလည်း အဆိုပါ ပုဒ်မ ၃၀၁ မှာ WTO ၏ စည်းမျဉ်းများကို ချိုးဖောက်နေသည်ဟု အစောပိုင်းတွင် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1nz
………………………….
(English Version)
U.S. urged to stop proposed restrictions on China’s maritime, logistics, shipbuilding sectors
BEIJING, Feb. 23 (Xinhua) — China on Sunday urged the United States to stop its wrongdoing in proposing to impose restrictive measures on China’s maritime, logistics, and shipbuilding sectors as part of its Section 301 investigation.
The proposed measures, including the imposition of port fees, are self-damaging, said a spokesperson for China’s Ministry of Commerce. “The U.S. measures will not only fail to revitalize its shipbuilding industry but will also raise shipping costs on related routes, exacerbate its domestic inflation, reduce the global competitiveness of U.S. goods, and hurt the interests of its port operators and dockworkers,” the spokesperson said.
The spokesperson added that these measures have aroused significant opposition within the United States, and relevant countries and organizations have also expressed their opposition to and dissatisfaction with the U.S. move.
Earlier, the World Trade Organization (WTO) has ruled that the Section 301 tariffs violate WTO rules. xhtxs.cn/1nz