Connect with us

International Organizations

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— ခြေရည်တူယှဉ်ပြိုင်ရမည့် စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ်အတွက် ဘာစီလိုနာနှင့် အက်သလက်တီကို ပြင်ဆင်
ဘာစီလိုနာနှင့် အက်သလက်တီကိုမက်ဒရစ်တို့အနေဖြင့် စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာ၏ အိမ်ကွင်း၌ ဖေဖော်ဝါရီ ၂၅ ရက် ညပိုင်းတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
အက်သလက်တီကိုက ဘာစီလိုနာအား နာကျင်အချိန်ပို၌ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ယခုပွဲစဉ်မှာ ၎င်းတို့နှစ်သင်းကြား အဆိုပါကွင်း၌ ဒုတိယအကြိမ် ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည်။
လက်ရှိတွင် ဘာစီလိုနာမှာ အမှတ်ပေးဇယားထိပ်ဆုံးသို့ ပြန်လည်တက်လှမ်းနိုင်ပြီဖြစ်ရာ နည်းပြ ဟန်ဆီဖလစ်ခ်အနေဖြင့် ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက လက်စ်ပါမားစ်အား ၂-၀ ဂိုးဖြင့် ခက်ခက်ခဲခဲ အနိုင်ရရှိခဲ့သည့် ပွဲစဉ်မှ ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ဖွယ်ရှိသည်။
သို့သော် ဘာစီလိုနာအနေဖြင့် အသင်း၏ အားထားရသော တိုက်စစ်ကစားသမား သုံးဦးဖြစ်သည့် ရာဖင်ညာ၊ လာမင်း ယမားလ်နှင့် ရောဘတ် လီဝန်ဒေါစကီးတို့ကိုမူ အနားပေးဖွယ်မရှိပေ။
ဘာစီလိုနာနှင့် အက်သလက်တီကို နှစ်သင်းစလုံးမှာ ပွဲစဉ်ဇယားအရ တောက်လျှောက်ပွဲဆက်နေကာ ယခုပွဲစဉ်အပြီး သီတင်းပတ်ကုန်၌ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သလို လာမည့်တစ်ပတ်တွင်လည်း ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဘာစီလိုနာက လာလီဂါတွင် ရီးရဲလ် ဆိုစီဒက်အား အိမ်ကွင်း၌ ဧည့်ခံကစားပြီးနောက် ချန်ပီယံလိဂ်တွင် ဘင်ဖီကာအား အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သလို အက်သလက်တီကိုကလည်း အမှတ်ပေးဇယား အဆင့်-၄ မှ ဘီဘာအိုအား အိမ်ကွင်း၌လည်းကောင်း၊ ချန်ပီယံလိဂ်၌ ရီးရဲလ်မက်ဒရစ်အား အဝေးကွင်း၌လည်းကောင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
…..
— နယ်သာလန် ထိပ်တန်းလိဂ်ပြိုင်ပွဲ Eredivisie တွင် အေဂျက်စ်က ပီအက်စ်ဗီအား ငါးမှတ်ဖြတ်၍ ဦးဆောင်
နယ်သာလန် ထိပ်တန်းလိဂ်ပြိုင်ပွဲ Eredivisie ၌ ထိပ်ဆုံးမှဦးဆောင်နေသည့် အေဂျက်စ်က Go Ahead Eagles အား အမ်စတာဒမ်၌ ၂-၀ ဂိုးဖြင့် အနိုင်ယူကာ ဒုတိယနေရာမှ ပီအက်စ်ဗီအား ငါးမှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်သည်။
အမှတ်ပေးဇယား ဒုတိယနေရာမှ လက်ရှိချန်ပီယံ ပီအက်စ်ဗီအသင်းမှာမူ ယခုတစ်ပတ်တွင် ပွဲကစားထားခြင်းမရှိသဖြင့် အေဂျက်စ်အသင်းက ၁၁ ပွဲကစားရန် ကျန်ရှိနေချိန်တွင် ဇယားထိပ်ဆုံး၌ ငါးမှတ်ဖြတ်၍ ဦးဆောင်နေခြင်းဖြစ်သည်။
…..
— ဥရောပ၏ သက်တမ်းအကြာဆုံး နိုင်ငံတကာလက်ဝှေ့ပြိုင်ပွဲ ဘူလ်ဂေးရီးယားတွင် ဖွင့်လှစ်
ဥရောပ၏ သက်တမ်းအကြာဆုံး နိုင်ငံတကာ လက်ဝှေ့ပြိုင်ပွဲဖြစ်သည့် ၇၆ ကြိမ်မြောက် Strandja ပြိုင်ပွဲအား ဆိုဖီယာ အားကစားခန်းမတွင် ဖေဖော်ဝါရီ ၂၄ ရက်၌ ဖွင့်လှစ်ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲ၌ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ လက်ဝှေ့အားကစားသမား ၂၂၂ ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိကာ ဗိုလ်လုပွဲအား မတ် ၂ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံမှ အမျိုးသားခြောက်ဦး၊ အမျိုးသမီးသုံးဦး အပါအဝင် စုစုပေါင်း အားကစားသမားကိုးဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကာ ဖေဖော်ဝါရီ ၂၄ ရက်တွင်မူ တရုတ်နိုင်ငံမှ Wu Yunbadari တစ်ဦးသာ ယှဉ်ပြိုင်ထိုးသတ်ရသေးသည်။ အမျိုးသား ကီလို ၆၀ တန်း ပြိုင်ပွဲတွင် ၎င်းက ဘူလ်ဂေးရီးယား လက်ဝှေ့သမား တင်ကို ဘာနာဘာကော့ဗ်နှင့် ထိုးသတ်ခဲ့ခြင်းဖြစ်ကာ ၃ မှတ် ၂ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
…..
— စားပွဲတင်တင်းနစ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် တရုတ်နိုင်ငံမှ လျင်ရှီးတုန့်နှင့် စွန်းရင်ဆားတို့ ထိပ်ဆုံး၌ ဆက်လက်ဦးဆောင်
နိုင်ငံတကာ စားပွဲတင်တင်းနစ်အဖွဲ့ချုပ် (ITTF) က ဖေဖော်ဝါရီ ၂၅ ရက်၌ အသစ်ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် တရုတ်စားပွဲတင်တင်းနစ် ကစားသမားများဖြစ်သည့် လျင်ရှီးတုန့်နှင့် စွန်းရင်ဆားတို့က ထိပ်ဆုံး၌ ဆက်လက်ရပ်တည်လျက်ရှိသည်။
အာရှဖလား ဆီမီးဖိုင်နယ်အဆင့်တွင် ရှုံးနိမ့်ခဲ့သည့်တိုင် လျင်မှာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ထိပ်ဆုံးနေရာကို ဆက်လက်သိမ်းပိုက်ထားသော်လည်း ၎င်း၏အသင်းဖော်ဖြစ်သူ အာရှဖလားချန်ပီယံ ဝမ်ချူချင်းအပေါ် အသာရရှိမှုမှာ အမှတ် ၁၀၀ အထိ လျော့ကျသွားခဲ့သည်။ အာရှဖလား ဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့သည့် တရုတ်စားပွဲတင်တင်းနစ် ကစားသမား လျန်ကျင့်ခွန်မှာမူ တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။
ထိပ်ဆုံး အမျိုးသမီးကစားသမား ၁၀ ဦးမှာမူ အပြောင်းအလဲမရှိဘဲ ထိပ်ဆုံးလေးနေရာစလုံးကို တရုတ်ကစားသမားများက လွှမ်းမိုးထားကာ စွန်းရင်ဆား၊ ဝမ်မန့်ယွိ၊ ဝမ်ရိတီနှင့် ချိန်ရှင်းထုန်တို့က အသီးသီးဦးဆောင်လျက်ရှိသည်။ (Xinhua)


……………………….
(English Version)
Barca, Atletico Madrid prepare for evenly-matched Copa del Rey semifinal
FC Barcelona and Atletico Madrid will play the first leg of their Copa del Rey semifinal in Montjuic on Tuesday night.
It is the second meeting in the ground between the two sides after Atletico stunned Barca with an injury time winner for a 2-1 win.
Barca has now returned to the top of the table and coach Hansi Flick will make some changes to his starting 11 that won a hard-fought game 2-0 in Las Palmas on Saturday night.
There will be no rest for Raphinha, Lamine Yamal or Robert Lewandowski, as the attacking trio continue to be vital for Barca.
Both Barca and Atletico have packed fixture calendars, with Tuesday’s match followed by another La Liga game at the weekend and the first leg of the Champions League last-16 the following week.
Barca entertains Real Sociedad in La Liga before visiting Benfica in Europe, while Atletico is at home to fourth place Athletic Club Bilbao and then visits Real Madrid in Champions League.
…..
Ajax extends Eredivisie lead over PSV to five points
Eredivisie leader Ajax increased its lead over PSV to five points by beating Go Ahead Eagles 2-0 in Amsterdam on Sunday.
Reigning champion and second-placed PSV did not play this weekend, giving Ajax a five-point lead at the top of the table with 11 matches remaining.
…..
Europe’s oldest int’l boxing tournament opens in Bulgaria
The 76th edition of the Strandja, the oldest international boxing tournament in Europe, opened in the Sofia Sports Hall here on Monday.
As many as 222 boxers from 22 countries and regions, including China, are participating in the event, the finals of which will be held on Sunday.
A total of nine Chinese athletes, including six men and three women, will participate in the event. Wu Yunbadari was the only Chinese who boxed on Monday. In the men’s 60kg, he faced Bulgaria’s Tinko Banabakov, but lost 3-2.
…..
China’s Lin, Sun maintain top places in table tennis world rankings
China’s Lin Shidong and Sun Yingsha continue to sit atop the world rankings updated by the International Table Tennis Federation (ITTF) on Tuesday.
Despite falling short in the semifinals of the Asian Cup, Lin keeps his grip on the men’s singles top position, while seeing his advantage over teammate Wang Chuqin, the Asian Cup winner, reduced to 100 points. Fellow Chinese paddler Liang Jingkun, beaten finalist at the Asian Cup, sits third in the rankings.
The women’s top 10 players remain unchanged, with Sun leading a Chinese quartet in the top four, along with Wang Manyu, Wang Yidi and Chen Xingtong.