China
ဆင်ဟွာ သတင်းဌာနနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရ ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည်

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၂၇ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး လီကျားချောင်းနှင့် ဖေဖော်ဝါရီ ၂၀ ရက်က ဟောင်ကောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်ဖက် ပိုမို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကျယ်ပြန့်သော သဘောတူညီချက်ရရှိခဲ့သည်။
ဖုဟွာက နိုင်ငံပိုင် သတင်းဌာနအနေဖြင့် ဆင်ဟွာသတင်းဌာနသည် ဟောင်ကောင်နှင့် နက်ရှိုင်းသော သမိုင်းအရင်းအမြစ်နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေခံရှိရာ မတူညီသော သမိုင်းကာလအပိုင်းအခြားများတွင် ဟောင်ကောင်၏ ဖွံ့ဖြိုးတိုးတက်မှုကို မျက်မြင်သက်သေပြုခဲ့သလို ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရသစ် ဖွဲ့စည်းပြီးသည့်အချိန်မှစ၍ လူမှုအဖွဲ့အစည်းနယ်ပယ်အသီးသီးကို စည်းလုံးညီညွတ်စွာ ဦးဆောင်၍ တက်ကြွစွာ လက်တွေ့တိုးတက်အောင် ဆောင်ရွက်ခဲ့ရာ ဟောင်ကောင် တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေအနေကောင်းကို ခိုင်မြဲစေခဲ့ကြောင်း၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို အားဖြည့်ကာ “တစ်နိုင်ငံ စနစ် နှစ်မျိုး” စနစ်အားသာချက်ကို ပိုမိုကောင်းမွန်စွာ အသုံးချသည့် လက်တွေ့ဖော်ဆောင်မှုတောင်းဆိုချက်ကို ထဲထဲဝင်ဝင် ကိုင်တွယ်ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း၊ “တစ်နိုင်ငံ စနစ်နှစ်မျိုး” အောင်မြင်သည့် လက်တွေ့အကြောင်းအရာများကို ကောင်းမွန်စွာ ဖော်ပြကာ ဟောင်ကောင်၏ တစ်မူထူးခြားသည့်အနေအထားနှင့် အားသာချက်ကို မြဲမြံစွာ မြှင့်တင်ရေး အထောက်အကူပေး၍ ခေတ်သစ် ဟောင်ကောင်၏အံ့ဖွယ်ကို ဆက်လက်ရေးသားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လီကျားချောင်းက ဟောင်ကောင်သို့ ဖုဟွာ လာရောက်လည်ပတ်သည့်အပေါ် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ ဆင်ဟွာသတင်းဌာနသည် နှစ်ပေါင်းများစွာ ဟောင်ကောင် သတင်းများအား တက်တက်ကြွကြွ ဖော်ပြ၍ နောက်ဆုံးနှင့် တိကျမှန်ကန်မှု အရှိဆုံးသော အချက်အလက်များကို မြန်ဆန်ကျွမ်းကျင်စွာ ကမ္ဘာ့နေရာအနှံ့သို့ ဖြန့်ချိပေးသည့်အပေါ် ကျေးဇူတင်ရှိကြောင်း၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ အနေဖြင့် ဆင်ဟွာ သတင်းဌာနနှင့်အတူ အနာဂတ်တွင် ဆက်လက် လက်တွဲကာ ဟောင်ကောင်အကြောင်းအရာများအား ကမ္ဘာသို့ ဖော်ပြသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
新华社和香港特区政府将进一步深化合作
新华社香港2月20日电(记者孟佳)新华通讯社社长傅华20日在香港会见香港特区行政长官李家超,双方就进一步深化合作达成广泛共识。
傅华指出,新华社作为国家通讯社,与香港有着深厚的历史渊源和合作基础,见证并参与了香港在不同历史阶段的发展。新一届特区政府成立以来,团结带领社会各界奋发有为、务实进取,巩固了香港稳定发展的良好态势。希望双方进一步加强交流合作,深刻把握更好发挥“一国两制”制度优势的实践要求,讲好香港“一国两制”成功实践的故事,助力香港巩固提升独特地位和优势,续写新时代香江传奇。
李家超对傅华的到访表示欢迎。他感谢新华社多年来积极报道香港新闻,把最新和最准确的信息快速和专业地传递到世界各地。香港特区政府未来会继续与新华社携手向全球讲好香港故事。
1. 2月20日,新华通讯社社长傅华在香港会见香港特区行政长官李家超,双方就进一步深化合作达成广泛共识。 新华社记者 朱炜 摄