Connect with us

Asia

တရုတ်-လာအို ၅၀၀ ကေဗီ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် ဆက်သွယ်ရေး စီမံကိန်း၏ လာအိုဘက်ခြမ်း တည်ဆောက်မှု စတင်

လာအိုမြို့တော် ဗီယင်ကျန်းတွင် လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် ဆက်သွယ်ရေး စီမံကိန်း တည်ဆောက်မှု စတင်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်ကျန်း၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်-လာအို ၅၀၀ ကေဗီ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် ဆက်သွယ်ရေး စီမံကိန်း၏ လာအိုဘက်ခြမ်း တည်ဆောက်မှု စတင်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်တွင် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်း၌ ကျင်းပခဲ့ကြောင်း၊ စီမံကိန်းတည်ဆောက်ပြီးနောက် တရုတ်-လာအို လျှပ်စစ်ဓာတ်အား အပြန်အလှန် ချိတ်ဆက်မှုနှင့် ထောက်ပံ့မှု သိသိသာသာ မြင့်တက်သွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံ ဝန်ကြီးချုပ် Sonexay Siphandone နှင့် အစိုးရအရာရှိများ၊ တရုတ်နိုင်ငံ အစိုးရနှင့် ကုမ္ပဏီလုပ်ငန်းကိုယ်စားလှယ်များ စသည်တို့သည် စီမံကိန်းတည်ဆောက်မှု စတင်ခြင်း အခမ်းအနားကို အတူ တက်ရောက်ခဲ့ကြသည်။ တရုတ်-လာအို ၅၀၀ ကေဗီ လျှပ်စစ်ဓာတ်အား ဆက်သွယ်ရေး စီမံကိန်းသည် မဟာဗျူဟာ စွမ်းအင်စီမံကိန်းဖြစ်ပြီး လာအိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုကောင်းမွန်စွာ ပံ့ပိုးကူညီပေးမည်ဖြစ်သလို လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်များ လျှပ်စစ်ဓာတ်အားလိုင်း ကွန်ရက် အပြန်အလှန် ချိတ်ဆက်မှုနှင့် လျှပ်စစ်ဓာတ်အား အပြန်အလှန် ထောက်ပံ့မှုကို တစ်ဆင့်တိုး တိုးချဲ့ပေးမည်ဖြစ်ကြောင်း လာအိုနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီး Phosay Sayasone က အမှာစကားတွင် ပြောကြားခဲ့သည်။

လာအိုနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ဖောင်းဟုန်က အဆိုပါစီမံကိန်းသည် တရုတ်- လာအို နှစ်နိုင်ငံ၏ တရုတ်- လာအို မီးရထားလမ်းပြီးနောက် ဆက်လက်၍ နက်နက်ရှိုင်းရှိုင်း လက်တွေ့ပူးပေါင်းဆောင်ရွက်မှု၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” ပူးတွဲတည်ဆောက်ရေး၏ အရေးပါသော အောင်မြင်မှု ဖြစ်ကြောင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၏ “ရှေ့ပြေး” အနေဖြင့် လျှပ်စစ်ဓာတ်အားသည် ပြည်သူ့စာဝတ်နေရေးအကျိုးစီးပွား တိုးပွားရေးနှင့် ဒေသတွင်း သာယာဝပြောရေး၏ အဓိကအထောက်အပံ့ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပါတီနှစ်ရပ်၊ နှစ်နိုင်ငံ ခေါင်းဆောင်များ ရရှိထားသော အရေးကြီးသည့် ဘုံသဘောတူညီချက်ကို ဆက်လက် လက်တွေ့ဖော်ဆောင်ကာ တရုတ်- လာအို စီးပွားစင်္ကြံတည်ဆောက်ရေး ပင်မဝင်ရိုးအဖြစ်လည်းကောင်း၊ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် ဆက်သွယ်ရေး အပြန်အလှန် ချိတ်ဆက်မှုအဖြစ်လည်းကောင်း နှစ်နိုင်ငံအကြား စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် နက်ရှိုင်းစေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်-လာအို ၅၀၀ ကေဗီ လျှပ်စစ်ဓာတ်အားလိုင်း ဆက်သွယ်ရေး စီမံကိန်းသည် တရုတ်- လာအို အေးအတူ ပူအမျှ အသိုက်အဝန်း လှုပ်ရှားမှု အစီအစဉ်၏ အရေးကြီးသော တည်ဆောက်မှု စီမံကိန်းကြီးများတွင် ပါဝင်ပြီး ၂၀၂၆ ခုနှစ်တွင် ဆောက်လုပ်ရေး ပြီးစီးပြီး လုပ်ငန်းလည်ပတ်ရန် စီစဉ်ထားသည်။ ထိုအချိန်တွင် တရုတ်-လာအို နှစ်လမ်းသွား လျှပ်စစ်ဓာတ်အား အပြန်အလှန်ထောက်ပံ့မှုစွမ်းရည်သည် ကီလိုဝပ် ၁.၅ သန်းအထိ ရောက်ရှိရန်မျှော်မှန်းထားပြီး သန့်ရှင်းသောလျှပ်စစ်ဓာတ်အားပေးမှုပမာဏသည် ကီလိုဝပ်နာရီ ၃ ဘီလီယံခန့်ရှိဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်- လာအို ၅၀၀ ကေဗီ လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက် ဆက်သွယ်ရေး စီမံကိန်း၏ လာအိုဘက်ခြမ်း၊ တရုတ်ဘက်ခြမ်း တည်ဆောက်ရေးကို Laos Transmission Company Limited (EDL-T) နှင့် China Southern Power Grid ကုမ္ပဏီတို့က အသီးသီးရင်းနှီးမြှုပ်နှံတည်ဆောက်မည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းကို လာအိုပြည်တွင်း၌ ၅၀၀ ကေဗီရှိသော လျှပ်စစ်ဓာတ်အားခွဲရုံအသစ်တစ်ခုတည်ဆောက်ဖြစ်ကြောင်း၊ ၁၈၃.၅ ကီလိုမီတာ (လျှပ်စီးပတ်လမ်း ၁ ကြောင်း) ရှည်သော နယ်စပ်ဖြတ်ကျော် မီးလိုင်းဖြင့် လာအိုနိုင်ငံ Oudomxay ပြည်နယ် နန်မိုဒေသနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားဒေသကို ချိတ်ဆက်ပေးပြီး ၂၃၀ ကေဗီလိုင်း (လျှပ်စီးပတ်လမ်း ၂ ကြောင်း) တည်ဆောက်ကာ လာအိုနိုင်ငံမြောက်ပိုင်းရှိ ပင်မလျှပ်စစ်ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ရန် စီစဉ်ထားကြောင်း၊ အဆိုပါ စီမံကိန်းကို စတင် လည်ပတ်ပါက လာအိုနိုင်ငံမှ လန်ချန်း-မဲခေါင်ဒေသအတွက် သန့်ရှင်းသော စွမ်းအင်ချိတ်ဆက်မှု စင်တာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အထောက်အကူပြုမည်ဖြစ်ကြောင်း မိတ်ဆက်ပေးမှုအရ သိရသည်။ (Xinhua)
……………………..
(Chinese Version)
中老500千伏联网工程老挝段启动建设
新华社万象2月27日电(记者马淮钊 赵婧怡)中老500千伏联网工程老挝段建设启动仪式26日在老挝首都万象举行,项目建成后将大幅提升中老电力互通互济。
老挝总理宋赛和政府官员,中国政府及企业代表等共同参加启动仪式。老挝能矿部部长波赛致辞时说,中老500千伏联网项目是战略性能源项目,将更好支撑老挝经济发展,进一步扩大老挝和中国南方省份电网互联和电力互济。
中国驻老挝大使方虹表示,项目是中老两国继中老铁路之后,深化务实合作、共建“一带一路”的又一重大成果。电力作为经济社会发展的“先行官”,是增进民生福祉、促进区域繁荣的关键支撑。要继续落实两党两国领导人达成的重要共识,以中老经济走廊建设为主轴,以电网互联互通持续深化双方能源电力领域合作。
中老500千伏联网工程是纳入中老命运共同体行动计划的重大工程项目,计划于2026年竣工投产。届时,中老双向电力互济能力预计达150万千瓦、实现约30亿千瓦时的清洁电力送电规模。
据介绍,中老500千伏联网工程老挝段、中国段,分别由老挝国家输电网公司(EDL-T)和中国南方电网公司投资建设。项目将在老挝境内新建1座500千伏变电站,通过1回183.5公里跨境输电线路连接老挝乌多姆赛省纳莫和中国云南省西双版纳,并计划建设2回230千伏线路连接老挝北部主干网,投运后将有效助力老挝向澜湄区域清洁能源互联互通中心发展。(完)
图说:这是2月26日于老挝首都万象拍摄的启动仪式现场。新华社发(凯乔摄)