Connect with us

Myanmar

မြန်မာနိုင်ငံ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၌ ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲကျပြီး လူ (၇)ဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရရှိ

စပါယ်ရှယ်တောင်အဆင်း ချောက်အတွင်းကျသွားသော ယာဉ်ပေါ်မှ ခရီးသည်များအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ- မိဘသွေးအသင်း)

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးပေါ် ရှိ စပါယ်ရှယ်တောင်အဆင်းတွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျပြီး ခရီးသည် ၇ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ စပါယ်ရှယ်တောင်အဆင်း တာချီလိတ်မှ မန္တလေးသို့ ခရီးသည် (၃၂)ဦး တင်ဆောင်လာသည့် GI Express ခရီးသည်တင်ယာဉ်တစ်စီးသည် မတ်လ (၁)ရက် ည(၈)နာရီကျော်က ချောက်ထဲထိုးကျခဲ့ကြောင်း သိရသည်။

“တောင်ကြီးလမ်း စပယ်ရှယ်တောင်အဆင်းမှာ GI ခရီးသည်ယာဥ်ကားကြီး အရှိန်မထိန်းနိုင်ဘဲ ချောက်နက်ထဲထိုးကျသွားပြီး ကျား ၅ ဦး၊ မ ၂ ဦးတော့ နေရာတင် ပွဲချင်းပြီးပါ၊ ညဘက်ကြီး ကယ်ဆယ်ရေးသမားတွေ ချက်ချင်းကယ်ဆယ်ရေး လုပ်ရတဲ့အတွက် အခက်အခဲတော့ရှိပါတယ်၊ ဒဏ်ရာရသူတွေကိုပါ အပေါ်ကို ကြိုးတွေ ထမ်းစင်တွေနဲ့ တင်ရပါတယ်” ဟု မိဘသွေးအသင်းက ကယ်ဆယ်ရေးဆောင်ရွက်သူ တစ်ဦးက ဆင်ဟွာကိုပြောသည်။

ယင်း ခရီးသည်တင်ယာဥ် ချောက်ထဲပြုတ်ကျမှုကြောင့် အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၇)ဦးသေဆုံးပြီး (၂၅)ဦး ဒဏ်ရာရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအား ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ (Xinhua)

စပါယ်ရှယ်တောင်အဆင်း ချောက်အတွင်းကျသွားသော ယာဉ်ပေါ်မှ ခရီးသည်များအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ- မိဘသွေးအသင်း)

စပါယ်ရှယ်တောင်အဆင်း ချောက်အတွင်းကျသွားသော ယာဉ်ပေါ်မှ ခရီးသည်များအား ကယ်ဆယ်ရေးဆောင်ရွက်စဉ် (ဓာတ်ပုံ- မိဘသွေးအသင်း)