Connect with us

NPC

ယခုနှစ်၏ လူမှုစီးပွား တိုးတက်ရေး ယေဘုယျတောင်းဆိုချက်အား အစိုးရလုပ်ငန်း အစီရင်ခံစာတွင် လီချန် အဆိုပြု

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို မတ်လ ၅ ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပခဲ့ရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က အစိုးရလုပ်ငန်း အစီရင်ခံစာ တင်ပြဖတ်ကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)

ယခုနှစ်သည် ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်း၏ နောက်ဆုံးပိတ်နှစ်ဖြစ်ကြောင်း လီချန်က မတ် ၅ ရက်တွင် အစိုးရလုပ်ငန်း အစီရင်ခံစာ၌ ထောက်ပြ ပြောကြားခဲ့သည်။

အစိုးရလုပ်ငန်းများကို ကောင်းမွန်စွာ လုပ်ဆောင်ရာ၌ ရဲဘော် ရှီကျင့်ဖိန်ကို ဗဟိုပြုသည့် ပါတီ ဗဟိုကော်မတီ၏ အခိုင်အမာ ဦးဆောင်မှုအောက်တွင် ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသ လက္ခဏာဆောင်သည့် ဆိုရှယ်လစ်ဝါဒ အတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် ထားရှိ၍ တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံနှင့် တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် ဗဟိုကော်မတီ ဒုတိယအကြိမ်၊ တတိယအကြိမ် မျက်နှာစုံညီအစည်းအဝေး စိတ်ဓာတ်ကို ဘက်စုံ လက်တွေ့ဖော်ဆောင်ကာ တည်ငြိမ်မှုအတွင်း တိုးတက်ရေး လုပ်ငန်း၏ အဓိကအခြေခံကို အခိုင်မာလက်ကိုင်ထားခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်ကို အပြည့်အစုံ၊ ဘက်စုံထောင့်စေ့ တိကျစွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းသစ်တည်ဆောက်မှု အရှိန်ကို မြှင့်ရမည်ဖြစ်သလို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အခိုင်အမာလက်တွေ့ကျကျ တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးကို ဘက်စုံနက်ရှိုင်းစွာ တစ်ဆင့်တိုးမြှင့်ဖော်ဆောင်ပြီး အဆင့်မြင့် ပြင်ပသို့ တံခါးဖွင့်လှစ်ရေးကို တိုးချဲ့ရမည် ဖြစ်ကြောင်း၊ ခေတ်မီအသွင် ကုန်ထုတ်လုပ်မှုစနစ်ကို တည်ဆောက်ရမည် ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကို ပိုမိုကောင်းမွန်စွာ စုစည်းစီမံရမည် ဖြစ်ကြောင်း၊ ပို၍ တက်ကြွပြီး စွမ်းဆောင်မှုရှိသော မက်ခရိုစီးပွားရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ ပြည်တွင်းဝယ်လိုအားကို တိုးချဲ့ရမည် ဖြစ်သလို သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် ကုန်ထုတ်လုပ်ငန်း ဆန်းသစ်တီထွင်မှု ပေါင်းစပ်တိုးတက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ အိမ်ခြံမြေနှင့် စတော့ဈေးကွက်ကို တည်ငြိမ်အောင် ဆောင်ရွက်ရမည် ဖြစ်သလို အဓိကကဏ္ဍများ၏ အန္တရာယ်နှင့် ပြင်ပရိုက်ခတ်မှုကို ကြိုတင်ကာကွယ်ဖြေရှင်းရမည် ဖြစ်ကြောင်း၊ ကြိုတင်မျှော်မှန်းချက် တည်ငြိမ်မှုနှင့် တက်ကြွမှုအင်အား နှိုးဆွမှုကို လုပ်ဆောင်ရမည် ဖြစ်သလို စီးပွားရေး စဉ်ဆက်မပြတ် ပြန်လည်မြင့်တက်ကောင်းမွန်လာရေး ကိုတွန်းအားပေးရမည် ဖြစ်ကြောင်း၊ ပြည်သူ့ဘဝနေထိုင်မှုအဆင့်ကို အဆက်မပြတ်မြှင့်တင်ရမည် ဖြစ်သလို လူမှုအသိုက်အဝန်း သဟဇာတဖြစ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ ၁၄ ကြိမ်မြောက် ၅ နှစ် စီမံကိန်း ရည်မှန်းချက် တာဝန်များကို အရည်အသွေးမြင့်မားစွာ ပြီးမြောက်အောင် ဆောင်ရွက်ကာ ၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း အဖွင့်ကောင်းအတွက် ခိုင်မာသည့် အခြေခံ တည်ဆောက်ရမည် ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
两会受权发布|李强在政府工作报告中提出今年经济社会发展总体要求
新华社北京3月5日电 国务院总理李强5日在政府工作报告中指出,今年是“十四五”规划收官之年。做好政府工作,要在以习近平同志为核心的党中央坚强领导下,以习近平新时代中国特色社会主义思想为指导,全面贯彻落实党的二十大和二十届二中、三中全会精神,坚持稳中求进工作总基调,完整准确全面贯彻新发展理念,加快构建新发展格局,扎实推动高质量发展,进一步全面深化改革,扩大高水平对外开放,建设现代化产业体系,更好统筹发展和安全,实施更加积极有为的宏观政策,扩大国内需求,推动科技创新和产业创新融合发展,稳住楼市股市,防范化解重点领域风险和外部冲击,稳定预期、激发活力,推动经济持续回升向好,不断提高人民生活水平,保持社会和谐稳定,高质量完成“十四五”规划目标任务,为实现“十五五”良好开局打牢基础。(完)
1. 3月5日,十四届全国人大三次会议开幕会在北京人民大会堂举行。国务院总理李强作政府工作报告。 新华社记者 刘彬 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.