North America
ထရမ့်၏ စည်းကြပ်ခွန်စစ်ပွဲက “အပတ်တကုတ် အလုပ်ကြိုးစားသော အမေရိကန်ပြည်သူများကိုသာ ထိခိုက်စေမည်” ဟု အမေရိကန် လက်လီရောင်းချသူများဆို

လော့စ်အိန်ဂျလိစ်၊ မတ် ၆ ရက် (ဆင်ဟွာ)
အမေရိကန်အစိုးရက ကနေဒါနှင့် မက္ကဆီကိုအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံသည့် အစီအမံ သက်ရောက်မှုကြောင့် အမေရိကန်စားသုံးသူများသည် ကုန်ပစ္စည်းဈေးနှုန်း ပမာဏများစွာတက်သည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ပြီး တိုက်ရိုက်အကျိုးသက်ရောက်မှုမှာ “အမြန်ဆုံးရက်အနည်းငယ်အတွင်း” အထင်အရှားပေါ်ထွက်လာမည်ဟု အမေရိကန်၏ လက်လီရောင်းချသူကုမ္ပဏီကြီးများစွာက လတ်တလောရက်ပိုင်းအတွင်း ဆိုခဲ့ကြသည်။
အမေရိကန် အမည်ကျော် လက်လီရောင်းချသူကုမ္ပဏီ Target ကော်ပိုရေးရှင်း၏ အမှုဆောင်အရာရှိချုပ် Brian Cornell က မတ် ၄ ရက်တွင် အမေရိကန် CNBC ရုပ်သံလိုင်း၏ ရုပ်သံအစီအစဉ်တွင် Target ၏ ကုန်ပစ္စည်းအမျိုးအစားများစွာသည် မက္ကဆီကိုမှတင်သွင်းခြင်းကို အမှီပြုရကြောင်း၊ အထူးသဖြင့် ဆောင်းရာသီတွင်ဖြစ်ကြောင်း ဆိုခဲ့သည်။ Target သည် အစောဆုံး ယခုသီတင်းပတ်အတွင်း သစ်သီးနှင့် ဟင်းသီးဟင်းရွက် စသည့် ကုန်ပစ္စည်းတို့၏ ဈေးနှုန်းများကို ပြင်ဆင်မြှင့်တင်ရနိုင်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။
စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံခြင်းက သယ်ဆောင်လာသော မသေချာမှုများကြောင့် ကုမ္ပဏီ၏ ယခုဘဏ္ဍာနှစ် ပထမသုံးလပတ် အကျိုးအမြတ်သည် သိသာသောဖိအားနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း Target ကုမ္ပဏီ၏ ထိုနေ့တွင် ထုတ်ပြန်သော ဘဏ္ဍာရေးအစီရင်ခံစာက ယူဆထားသည်။
လက်လီရောင်းချသူ Best Buy ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Corie Barry က အမေရိကန်က “ဤမျှကျယ်ပြန့်သော စည်းကြပ်ခွန်” တိုးမြှင့်ကောက်ခံခြင်းသည် လက်လီရောင်းချမှုလုပ်ငန်းအပေါ် သေချာပေါက် သက်ရောက်ရှိစေလိမ့်မည်ဟု ဆိုသည်။ အချို့သော စည်းကြပ်ခွန်များသည် စားသုံးသူများ ကျခံရသော အရင်းအနှီးအဖြစ် တိုက်ရိုက်ပြောင်းလဲကာ အမေရိကန်မိသားစုများ၏ ဝန်ထုပ်ဝန်ပိုး တိုးလာစေမည်ဖြစ်ကြောင်း ၎င်းက မျှော်မှန်းထားသည်။
လက်လီရောင်းချသူများအနက် ကုမ္ပဏီကြီးဖြစ်သော Walmart ၏ အမှုဆောင်အရာရှိချုပ် Doug McMillon က ထိုမတိုင်မီ ချီကာဂိုစီးပွားရေးကလပ် (Economic Club of Chicago) ၌ဟောပြောရာတွင် အမေရိကန်၏ စဉ်ဆက်မပြတ် မြင့်တက်လျက်ရှိသော ကုန်ဈေးနှုန်းသည် စားသုံးသူများစွာအတွက် နာကျင်မှုများ သယ်ဆောင်လာပြီဖြစ်ကြောင်း၊ အသစ်တိုးသည့် စည်းကြပ်ခွန်သည် “ကိစ္စကို ပိုမိုဆိုးရွားလာစေမည်သာ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန် စည်းကြပ်ခွန်တိုက်ပွဲက သယ်ဆောင်လာသည့် အနုတ်သဘောဆောင်သော မျှော်မှန်းအကျိုးသက်ရောက်မှုများကြောင့် အမေရိကန်နိုင်ငံ ဖေဖော်ဝါရီလ စားသုံးသူများ၏ ယုံကြည်ချက် အညွှန်းကိန်းသည် သိသိသာသာ ကျဆင်းခဲ့သည်။ အမေရိကန်နိုင်ငံ ဖေဖော်ဝါရီလ စားသုံးသူများ၏ ယုံကြည်ချက် အညွှန်းကိန်းမှာ ၉၈.၃ ဖြစ်ပြီး ဇန်နဝါရီလ၏ ၁၀၅.၃ ထက် နည်းကြောင်း အမေရိကန် Conference Board အဖွဲ့က ဖေဖော်ဝါရီ ၂၅ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။ ယင်းသည် အမေရိကန်စားသုံးသူများ ယုံကြည်ချက်အညွှန်းကိန်းက ၂၀၂၁ ခုနှစ် ဩဂုတ်လပြီးနောက် တစ်လအတွင်း ကျဆင်းမှုပမာဏ အများဆုံးဖြစ်ကြောင်း၊ အဆိုပါအညွှန်းကိန်း ကျဆင်းလာမှုမှာ ၃ လဆက်တိုက် ရှိပြီဖြစ်ကြောင်း အဆိုပါအဖွဲ့အစည်း၏ အကြီးတန်း စီးပွားရေးပညာရှင် Stephanie Guichard က ပြောကြားခဲ့သည်။
အမေရိကန်အစိုးရ၏ စည်းကြပ်ခွန် အစီအမံအသစ်သည် ငွေကြေးဖောင်းပွမှု အန္တရာယ်ကို တစ်ဆင့်တိုး မြင့်တက်စေပြီး စားသုံးသူများ ယုံကြည်ချက်ကို ထိုးနှက်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်ကို လျော့ကျစေမည်ဟု လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။ အမေရိကန် အမျိုးသား လက်လီရောင်းချသူများ အဖွဲ့ချုပ်သည် မကြာသေးမီက ကြေညာချက်ထုတ်ပြန်၍ စည်းကြပ်ခွန်အသစ်သည် အမေရိကန်ပြည်သူများ၏ မိသားစုအသုံးစရိတ်ကို တိုးမြင့်လာစေမည်ဖြစ်ပြီး “အပတ်တကုတ် အလုပ်ကြိုးစားသော အမေရိကန်ပြည်သူများနဲ့ ဖောက်သည်အတွက် ကုန်ပစ္စည်းများ ကြိုးပမ်းထောက်ပံ့ပေးသော ကုမ္ပဏီများကိုသာ ထိခိုက်စေမည်” ဟု အလေးထားပြောကြားခဲ့သည်။ (Xinhua)
————————————————————————————–
(Chinese Version)
美国零售商:特朗普关税战“只会伤害辛勤工作的美国人”
新华社洛杉矶3月5日电(记者高山)美国多家零售业巨头近日纷纷表示,受美国政府对加拿大和墨西哥加征关税措施影响,美国消费者可能面临商品价格大幅上涨的局面,直接影响“最快在数日内”就会显现。
美国知名零售商塔吉特百货公司首席执行官布赖恩·康奈尔4日在美国消费者新闻与商业频道节目中说,塔吉特在诸多商品类别上依赖从墨西哥进口,尤其在冬季。他透露,塔吉特最快可能在本周内调高水果和蔬菜等商品价格。
塔吉特当日发布的财报认为,由于加征关税带来不确定性,公司本财年第一季度的利润将面临显著压力。
零售商百思买公司首席执行官科里·巴里说,美国加征“如此广泛的关税”,肯定会影响零售业。他预计,部分关税会直接转化为消费者的成本,增加美国家庭负担。
零售业巨头沃尔玛首席执行官道格·麦克米利恩此前在芝加哥经济俱乐部发表演讲时说,美国持续高企的物价已经给许多消费者带来痛苦,新增关税“只会让事情变得更糟”。
受美国关税战带来的负面预期影响,美国2月消费者信心指数显著下降。美国世界大型企业研究会2月25日发布的数据显示,美国2月消费者信心指数为98.3,低于1月的105.3。该研究机构高级经济学家斯蒂芬妮·吉夏尔表示,这是美国消费者信心指数自2021年8月以来最大单月跌幅,该指数已连续第三个月走低。
分析人士指出,美国政府的新关税措施将进一步增加通胀风险、打击消费者信心、降低经济发展预期。美国全国零售商联合会日前发表声明强调,新关税将迫使美国人增加家庭用品开支,“只会伤害辛勤工作的美国人和那些努力为客户提供产品的企业”。(完)
图说:3月4日,消费者在美国加利福尼亚州洛杉矶县罗斯米德的一家塔吉特商店内购物。新华社发(曾慧摄)