NPC
တရုတ်နိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးကို ယခုဆောင်းဦးရာသီတွင် ထျန်းကျင်းမြို့၌ လက်ခံကျင်းပမည်

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးကို နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့တွင် ယခုဆောင်းဦးရာသီ၌ လက်ခံကျင်းပမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက်တွင် ပြောကြားခဲ့သည်။
ဝမ်ရိက ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ်အစည်းအဝေး၊ သတင်းစာရှင်းလင်းပွဲ၌ အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ခေါင်းဆောင်များအနေဖြင့် SCO ၏ ပြီးမြောက်အောင်မြင်မှုများ၊ အနာဂတ်စီမံချက်နှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တူညီဆန္ဒ တည်ဆောက်ရေး စသည်တို့ကို သုံးသပ်ဆွေးနွေးရန် ထျန်းကျင်းမြို့၌ စုဝေးကြမည်ဖြစ်ကြောင်း ဝမ်က ဆိုသည်။
“ဒီအစည်းအဝေးက တရုတ်နိုင်ငံမှ SCO ခရီးစဉ်သစ်စတင်ခြင်းနဲ့ SCO အား ပိုပြီးစည်းလုံးတဲ့အေးအတူပူအမျှအသိုက်အဝန်းအဖြစ် ဖော်ဆောင်ရေးအတွက် အထောက်အကူပြုပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် ယခုနှစ်သည် SCO ၏ “တရုတ်နှစ်” ဖြစ်ကြောင်း၊ SCO ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သော တရုတ်နိုင်ငံသည် “ရှန်ဟိုင်းစိတ်ဓာတ် မြှင့်တင်ရေး၊ SCO ဆောင်ရွက်လျက်ရှိ” ဟူသော ဆောင်ပုဒ်အောက်တွင် ယခုနှစ်အတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် ပြည်သူအချင်းချင်း ကူးလူးဖလှယ်ခြင်း စသည့်နယ်ပယ်များ၌ အစီအစဉ်ပေါင်း ၁၀၀ ကျော် အတူတကွ ထည့်သွင်းကျင်းပမည်ဟု ဝမ်က ပြောခဲ့သည်။ (Xinhua)
……………………………………..
(English Version)
China to host SCO summit in Tianjin this autumn: FM
BEIJING, March 7 (Xinhua) — China will host a Shanghai Cooperation Organization (SCO) summit this autumn in the northern city of Tianjin, Foreign Minister Wang Yi said Friday.
He made the announcement at a press conference held on the sidelines of the third session of the 14th National People’s Congress.
Wang said leaders will get together at the Tianjin summit to reflect on the SCO’s accomplishments, plan the future, and build consensus for cooperation.
“It will help the SCO embark on a new journey from China and make the organization a more close-knit community with a shared future,” he added.
Noting that this year is SCO’s “China Year,” Wang said that China, as the rotating president of SCO, is putting together more than 100 events in political, security, economic, and people-to-people fields this year under the theme of “Upholding the Shanghai Spirit: SCO on the Move.”
Photo: Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, attends a press conference on China’s foreign policy and external relations on the sidelines of the third session of the 14th National People’s Congress (NPC) in Beijing, capital of China, March 7, 2025. (Xinhua/Liu Dawei)