Connect with us

Asia

အမျိုးသားအကျိုးစီးပွား၊ ဈေးကွက်ယှဉ်ပြိုင်မှု၊ ကမ္ဘာတစ်ဝန်း ဖြန့်ကြက်တည်ရှိမှု မြှင့်တင်ရန် BRICS အဖွဲ့နှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထပ်လောင်းအတည်ပြု

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Wat Pho ဘုရားကျောင်းသို့ လာရောက်သည့် ခရီးသွားများအား ၂၀၂၄ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံအနေဖြင့် BRICS အဖွဲ့၏ မိတ်ဖက်အဖြစ် ပါဝင်ဆောင်ရွက်ခြင်းက အမျိုးသားအကျိုးစီးပွား၊ ဈေးကွက်ယှဉ်ပြိုင်မှုနှင့် ကမ္ဘာတစ်ဝန်း ဖြန့်ကြက်တည်ရှိမှုတို့ကို မြှင့်တင်မည့် ထိုင်းနိုင်ငံ၏ စီးပွားရေးဆိုင်ရာ သံတမန်ရေး မဟာဗျူဟာနှင့် ကိုက်ညီမှုရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်စ် ဆန်ဂမ်ပွန်ဆာက ပြောကြားခဲ့သည်ဟု ပြည်တွင်းမီဒီယာများက မတ် ၁၁ ရက်၌ ဖော်ပြခဲ့သည်။
ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများကို အထောက်အကူပေးရာတွင် ထွန်းသစ်စ စီးပွားရေးနိုင်ငံများ အဖွဲ့ဖြစ်သော BRICS အနေဖြင့် အရေးပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ယင်းအဆိုပြုချက်၌ ပါဝင်နိုင်စွမ်းရှိသလို နိုင်ငံတကာ နယ်ပယ်တွင် အပြုသဘောဆောင်သော အပြောင်းအလဲများကိုလည်း ပံ့ပိုးနိုင်စွမ်းရှိကြောင်း မာရစ်စ်က မတ် ၁၀ ရက်၌ အထက်လွှတ်တော်တွင် မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။
အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားကို ပိုမိုကောင်းမွန်စွာ ကိုယ်စားပြုသော ပိုမိုကျယ်ပြန့်သည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ထောက်ခံအားပေးရာတွင် ထိုင်းနိုင်ငံက အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဘုံရည်မှန်းချက်ချင်း တူညီပါကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ ဘက်လိုက်မှုကင်း၍ နှစ်နိုင်ငံအလိုက် သို့မဟုတ် နိုင်ငံစုံပါဝင်သော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နိုင်ငံအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်ခြင်းအပေါ် အခြေခံကြောင်း မာရစ်စ်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
……………………
(English Version)
Thai FM reaffirms BRICS partnership to enhance national interests, competitiveness, global presence
BANGKOK, March 12 (Xinhua) — Thailand’s participation as a partner of the BRICS group aligns with the country’s economic diplomacy strategy to enhance national interests, competitiveness, and global presence, local media quoted Foreign Minister Maris Sangiampongsa as saying on Tuesday.
In his address to the Senate on Monday, Maris said Thailand has the capacity to take part in this initiative and contribute to positive change in the international arena, citing the importance of BRICS, a group of emerging economies, in supporting the Global South.
He said Thailand shares common objectives with other developing nations, particularly in advocating for a more inclusive global multilateral system that better represents the interests of such countries.
Maris reaffirmed that Thailand’s foreign policy is based on strengthening cooperation with various nations without taking sides, whether through bilateral or multilateral partnerships.
English Caption
Tourists visit the Wat Pho temple in Bangkok, Thailand, July 30, 2024. (Xinhua/Rachen Sageamsak)