Connect with us

China

အီရန်နျူကလီးယားအရေးနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ သဘောထား ၅ ရပ်အား ဝမ်ရိ ပြောကြား

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန်နျူကလီးယားအရေး တရုတ်-ရုရှား-အီရန် ပေကျင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov၊ အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kazem Gharibabadi တို့နှင့် မတ် ၁၄ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန်နျူကလီးယားအရေး တရုတ်-ရုရှား-အီရန် ပေကျင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov၊ အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kazem Gharibabadi နှင့် တွေ့ဆုံဆွေးနွေးစဉ် အခြေအနေသစ်တွင် အီရန်နျူကလီးယားအရေး ကောင်းမွန်သင့်လျော်စွာ ဖြေရှင်းရန်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ သဘောထား ၅ ရပ်ကို အဆိုပြုခဲ့သည်။

ပထမအချက်မှာ နိုင်ငံရေး၊ သံတမန်ရေးနည်လမ်းဖြင့် အငြင်းပွားမှုများအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အခိုင်အမာ လက်ကိုင်ထားရမည်ဖြစ်ပြီး လက်နက်အင်အားဖြင့် ဖြေရှင်းမှုနှင့် တရားမဝင် ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ ဘက်ပေါင်းစုံအနေဖြင့် အတူတကွဖြစ်သော၊ ဘက်စုံသော၊ ပူးပေါင်းဆောင်ရွက်သော၊ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို လက်ကိုင်ထားကာ တွေ့ဆုံဆွေးနွေးပွဲ ပြန်လည်စတင်ရန်အတွက် အခြေအနေများကို တက်ကြွစွာ ဖန်တီးပေးသင့်သလို အခြေအနေ အရှိန်အဟုန်မြင့်တက်စေသော လှုပ်ရှားမှုများကို ရှောင်ရှားရမည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဒုတိယအနေဖြင့် အာဏာနှင့် ဝာာဝန်ဝတ္တရားကို ဟန်ချက်ညီမျှတအောင် အခိုင်အမာဆောင်ရွက်ရမည် ဖြစ်ရာ နျူကလီးယား မပြန့်ပွားရေးနှင့် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးချရေး ရည်မှန်းချက်ကို တစ်စုတစ်စည်းတည်း စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အီရန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် တိုးတက်အောင် ဆောင်ရွက်ခြင်း မပြုရေး ကတိကဝတ်ကို လိုက်နာထိန်းသိမ်းသင့်သလို ဘက်ပေါင်းစုံအနေဖြင့် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် အဖွဲ့ဝင်နိုင်ငံဖြစ်သော အီရန်၏ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးချခွင့်ကို အပြည့်အဝလေးစားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တတိယအနေဖြင့် အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီချက် မူဘောင်ကို အခြေခံ၍ သဘောတူညီချက်သစ်များ ရရှိအောင် အခိုင်အမာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများ ဆောလျင်စွာ ပြန်လည်ပြုလုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံက စိတ်တူကိုယ်တူ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် နိုင်ငံရေး စေတနာအမှန်ကို ပြသသင့်ပြီး ပြန်လည်ဆွေးနွေးမှုတွင် ဆောလျင်စွာ ပြန်လည်ပါဝင်သင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

စတုတ္ထအနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို အခိုင်အမာ ဆောင်ရွက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကြားဝင်ရန် အတင်းအကျပ်တွန်းအားပေးမှုကို ဆန့်ကျင်ရမည် ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် လုံခြုံရေးကောင်စီ အလောတကြီး ကြားဝင်ခြင်းက ဘက်ပေါင်းစုံ ယုံကြည်မှုတည်ဆောက်ရေး၊ ရင်ကြားစေ့ရေးအတွက် အထောက်အကူ မဖြစ်နိုင်သလို “ပိတ်ဆို့အရေးယူမှုများ လျင်မြန်စွာ ပြန်လည်ဆောင်ရွက်ခြင်း” ကို စတင်ခြင်းက နှစ်ပေါင်းများစွာ သံတမန်ရေးကြိုးပမ်းမှုကို အချည်းအနှီးဖြစ်စေမည် ဖြစ်ရာ သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပဉ္စမအနေဖြင့် အဆင့်အလိုက် တန်းတူညီမျှရှိရေးအခြေခံမူကို အခိုင်အမာလက်ကိုင်ထားက ညှိနှိုင်းဆွေးနွေးမှုဖြင့် သဘောတူညီချက်များကို အတူတကွ ရှာဖွေရမည် ဖြစ်ကြောင်း၊ အင်အားအနေအထား ရှုထောင့်မှ အစပြုလုပ်ဆောင်ခြင်းသည် အခက်အခဲများကို ဖြေရှင်းသည့် သော့ချက်အား ရှာဖွေတွေ့ရှိမည် မဟုတ်ကြောင်းကို သမိုင်းအတွေ့အကြုံက ပြသပြီး ဖြစ်ကြောင်း၊ အပြန်အလှန်လေးစားသည့် စိတ်ဓာတ်ကို လက်ကိုင်ထားခြင်းကသာ ဘက်ပေါင်းစုံ လျော်ကန်မှုရှိသော စိုးရိမ်မှုများကို ဂရုပြုစောင့်ရှောက်နိုင်သည့် အကြီးမားဆုံး သဘောတူညီချက်ကို ရှာဖွေနိုင်မည် ဖြစ်သလို နိုင်ငံတကာအသိုက်အဝန်း မျှော်လင့်ချက်နှင့် ကိုက်ညီသည့် ဖြေရှင်းရေးနည်းလမ်းကို ရရှိနိုင်မည် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန်နျူကလီးယားအရေး တရုတ်-ရုရှား-အီရန် ပေကျင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov၊ အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kazem Gharibabadi တို့နှင့် မတ် ၁၄ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

———————
(Chinese Version)
王毅谈中方关于伊朗核问题的五点主张
新华社北京3月14日电 3月14日,中共中央政治局委员、外交部长王毅会见出席伊朗核问题中俄伊北京会晤的俄罗斯副外长里亚布科夫、伊朗副外长加里布阿巴迪时,就新形势下妥善解决伊朗核问题,提出中方五点主张:
一是坚持通过政治外交手段和平解决争端,反对诉诸武力和非法制裁。各方应秉持共同、综合、合作、可持续的安全观,积极为恢复对话谈判创造条件,避免采取升级局势的举动。
二是坚持权责平衡,统筹核不扩散与和平利用核能目标。伊朗应继续恪守不发展核武器的承诺,各方应充分尊重伊朗作为《不扩散核武器条约》缔约国享有的和平利用核能权利。
三是坚持以伊朗核问题全面协议框架为基础达成新共识。中方希望各方相向而行,尽早恢复对话谈判。美国应当展现政治诚意,早日回归复谈。
四是坚持对话促合作,反对强推联合国安理会介入。当前形势下,安理会仓促介入无助于各方建立信任、弥合分歧,启动“快速恢复制裁”将导致多年来的外交努力毁于一旦,必须慎重行事。
五是坚持分步对等原则,协商一致寻求共识。历史经验表明,所谓从实力地位出发不会找到破解难题的钥匙。只有秉持相互尊重的精神,才可能找到兼顾各方合理关切的最大公约数,达成符合国际社会期待的解决方案。(完)
1. 3月14日,中共中央政治局委员、外交部长王毅在北京会见来华出席伊朗核问题中俄伊北京会晤的俄罗斯副外长里亚布科夫、伊朗副外长加里布阿巴迪。 新华社记者 刘彬 摄