China
တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့ ပနားမားနိုင်ငံသို့ ခရီးစဉ် သွားရောက်

ပနားမား၊ မတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယ အကြီးအကဲ မာဟွေးက တရုတ်ကွန်မြူနစ်ပါတီ ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ ပနားမားနိုင်ငံသို့ မတ် ၁၄ ရက်မှ ၁၅ ရက်အထိ ခရီးစဉ် သွားရောက်ခဲ့ရာ ပနားမားနိုင်ငံ အဓိကနိုင်ငံရေးပါတီခေါင်းဆောင်များ၊ တတ်သိပညာရှင်များနှင့် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
မာဟွေးက တရုတ်နိုင်ငံအနေဖြင့် ပနားမားနိုင်ငံရေးပါတီ၊ တတ်သိပညာရှင်အဖွဲ့များနှင့် နှီးနှောဖလှယ်မှုများ အားဖြည့်ကာ အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုများ တိုးမြှင့်ပြီး တရုတ်-ပနားမား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပြည်သူ့ဆန္ဒအခြေခံကို ခိုင်မာအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ပနားမားဘက်ကလည်း နှစ်ဖက်ချစ်ကြည်ရင်းနှီးသော ကူးလူးဖလှယ်မှုများ နက်ရှိုင်းအောင် ဆောင်ရွက်ကာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ စုစည်းပြီး ပနားမား-တရုတ် ချစ်ကြည်ရေးလုပ်ငန်း စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးအောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
中共代表团访问巴拿马
新华社巴拿马城3月16日电(记者许咏政)3月14日至15日,中共中央对外联络部副部长马辉率中共代表团访问巴拿马,会见巴主要政党领导人,同智库学者等座谈。马辉表示,中方愿同巴政党、智库加强交流,增进相互了解和信任,巩固中巴友好关系民意基础。巴方表示,愿深化双方友好交往,凝聚合作共识,推动巴中友好事业持续发展。(完)