Connect with us

Politics, Law & Military

၂၀၁၈ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုးအောက်ဖိုရမ် ဖွင့်ပွဲ အခမ်းအနား တွင် တရုတ် နိုင်ငံ သမ္မတ ပြောကြား ခဲ့သည့် မိန့်ခွန်း တွင် တန်ဖိုးကြီးမားသည့် အချက် ၁၀ ချက် ပါဝင်

၂၀၁၈ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုးအောက်ဖိုရမ် တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဖွင့်ပွဲ အခမ်းအနား ၌ မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဧပြီလ ၁၀ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ၂၀၁၈ ခုနှစ် အာရှဒေသ ဆိုင်ရာ ဘိုးအောက်ဖိုရမ် (Boao Forum for Asia) ဖွင့်ပွဲ အခမ်းအနား ၌ အခမ်းအနား ခေါင်းစဉ် မိန့်ခွန်း ကို ပြောကြား ခဲ့ပြီး မိန့်ခွန်း အတွင်း မှ တန်ဖိုးကြီးမား သည့် အဓိက အချက် ၁၀ ချက် ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြောကြား ခဲ့သည့် တန်ဖိုကြီးမား သည့် အဓိက မိန့်ခွန်း အချက် ၁၀ ချက် မှာ

(၁)ရေတစ်စက်တည်း ဖြင့် နေလုံးကြီး ၏ တောက်ပမှု ကို ရောင်ပြန်ဟပ် နိုင်ပြီး ဒေသ တစ်ခု တည်းဖြင့်လည်း နိုင်ငံ တစ်နိုင်ငံ ၏ ယဉ်ကျေးမှု နှင့် ပုံရိပ် များကို ထင်ဟပ် နိုင်ပါသည်။

(၂)ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေး အတွက် သွားရာလမ်း သည် တစ်လမ်းတည်းသာ ရှိသည် မဟုတ်ဘဲ မှန်ကန် သည့် လမ်းကို တိကျသေချာစွာ ရွေးချယ်ပြီး မရပ်မနား ကြိုးပမ်းချီတက် ပါက လမ်းများအားလုံးသည် အောင်မြင်မှု သို့သွားရာ လမ်းများ ဖြစ်ကြသည်။

(၃) နိုင်ငံ တစ်နိုင်ငံ နှင့် လူမျိုးတစ်မျိုး က ဖွံ့ဖြိုးတိုးတက်ရန် လိုလားပါက သမိုင်းဖြစ်စဉ်သည် အစဉ်အမြဲ ရှေ့သို့ တက်လှမ်း နေသည်ဟူသော အယူအဆ ဖြင့် မျက်မှောက်ခေတ် ဖွံ့ဖြိုးတိုးတက်ရေး ရေစီးကြောင်း နှင့် လိုက်လျောညီထွေသော ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရမည်။

(၄)ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး သည် ကမ္ဘာ့လူသားအားလုံး တို့မှ အတူတကွ လိုလားသည့် မျှော်လင့်ချက် တစ်ခု ဖြစ်ပြီး စစ်အေးခေတ် အယူဝါဒ နှင့် Zero-sum game အယူဝါဒ ( တစ်ဦး အကျိုးဖြစ်ထွန်း ပါက ကျန်တစ်ဦး ဆုံးရှုံးနှစ်နာရမည့် အယူဝါဒ) စသည့် ခေတ်နောက်ကျသည့် အယူဝါဒ များ ခံယူထားပြီး မိမိကိုယ်သာအထင်ကြီးခြင်း သို့မဟုတ် ကိုယ်ကျိုးအတွက်သာ ကြည့်ပြီး သူတစ်ပါးအား လျစ်လျူရှုခြင်း သည် နေရာ တိုင်းတွင် အခက်အခဲများ နှင့်သာ ရင်ဆိုင်သွားရမည် ဖြစ်သည်။

(၅)ပြုပြင်ပြောင်းလဲရေး နှင့် တီထွင်ဆန်းသစ်မှု တို့သည့် လူသားမျိုးနွယ် အသိုင်းအဝိုင်း ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်ရန် အတွက် အဓိက တွန်းအား တစ်ခု ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး ကို ဆန့်ကျင်သောသူ ၊ တီထွင်ဆန်းသစ်မှု ကို ငြင်းဆန်သောသူ တို့သည် ခေတ်သစ်တွင် နောက်ကျကျန်ရစ် ခဲ့မည် ဖြစ်ပြီး သမိုင်း၏ မေ့ပျောက်မှု ကို ခံရပါလိမ့်မည်။

(၆)ခေတ်တစ်ခေတ် တိုင်းတွင် ၎င်းအချိန်ကာလ ၏ အခက်အခဲ စိန်ခေါ်မှု ဆို၍ တည်ရှိပြီး ယင်းခေတ်ကာလတွင် နေထိုင်သူတိုင်းတွင်လည်း ခေတ်နှင့်အညီ သမိုင်းပေး တာဝန်များ တည်ရှိကြသည်။ ကျွန်တော် တို့အနေဖြင့် ရှည်လျားသည့် သမိုင်းဖြစ်စဉ် ကို ဖြတ်ကျော် လာခဲ့ပြီး ဖြစ်သော်လည်း ရှေ့ဆက် အဆက်မပြတ် ချီတက် သွားရအုံးမည် ဖြစ်သည်။

(၇) တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် ကမ္ဘာ့ငြိမ်းရေး အတွက် တည်ဆောက်ပေးသူ ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေးဆပ်သူ ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း များကို ထိန်းသိမ်းသူ ဖြစ်သည်။

(၈) တရုတ် နိုင်ငံ ဆောင်ရွက်နေသည့် တံခါးဖွင့် မူဝါဒ သည် ကုန်ဆုံးသွားမည် မဟုတ်ဘဲ တဖြည်းဖြည်း အတိုင်းအတာ ပိုမို ကျယ်ပြန့်လာမည် သာ ဖြစ်သည်။

(၉)တရုတ် နိုင်ငံ အနေဖြင့် ဒေသတွင်း ပြိုင်ဆိုင်မှု အတွေးအခေါ် ထားရှိခြင်း ၊ အသိုင်းအဝိုင်းဖွဲ့စည်းကာ သူတပါးအား လက်ခံရန် ငြင်းပယ်ခြင်း နှင့် သူတစ်ပါးအား ဖိအားပေး၍ ကူးသန်းရောင်းဝယ်ရေး ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်မည် မဟုတ်ပါ။

(၁၀) ချမ်းမြေ့ပြီး လှပသည့် အနာဂတ် ဆိုသည် မှာ အလိုလို ပေါ်ထွက်လာမည် မဟုတ်ဘဲ မိမိ ၏ အသိပညာ ဗဟုသုတ များဖြင့် ရဲဝန့်ခိုင်မြဲစွာ လျှောက်လှမ်းသူသာ အောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117