Connect with us

Politics, Law & Military

တရုတ်နိုင်ငံသည် ပိုမိုဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို ဖန်တီးသွားမည်ဟု တရုတ်သမ္မတ ရှီပြောကြား

အာရှနှစ်ပတ်လည်ညီလာခံဆိုင်ရာ ဘိုးအောက်ဖိုရမ် ဖွင့်ပွဲအခမ်းအနား ၌ ဧပြီ ၁၀ ရက်က တရုတ်သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ဘိုးအောက်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကို တိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဧပြီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

အာရှနှစ်ပတ်လည်ညီလာခံဆိုင်ရာ ဘိုးအောက်ဖိုရမ် ဖွင့်ပွဲအခမ်းအနား ၌ တရုတ်သမ္မတ ရှီကျင့်ဖိန် က အထက်ပါအတိုင်း မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက တရုတ်နိုင်ငံသည် အတိတ်ကာလတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများအား ကောင်းမွန်သည့်မူဝါဒများ ထောက်ပံ့ပေးခြင်းအပေါ် အဓိကထား လုပ်ဆောင်နေသော်လည်း ယခုအခါ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် တိုးတက်အောင် ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီက တရုတ်နိုင်ငံသည် ပထမနှစ်ဝက်အတွင်း စီးပွားရေးလုပ်ငန်းများ၌ ပြည်ပရင်းနှီးမြှုပ်နှံသူပါဝင်မှု ရာခိုင်နှုန်း ထိန်းညှိခြင်း (Foreign Investment Negative List) အား ပြန်လည်သုံးသပ်မှုကို ပြီးမြောက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကြိုတင်ပြဌာန်းထားသည့် ပြည်ပရင်းနှီးမြှုပ်နှံသူများ နှင့် နိုင်ငံသားများ တန်းတူ အခွင့်အရေးပေးသော ဥပဒေဖြစ်သည့် National Treatment နှင့် Negative List တို့ကို အခြေခံသော စီမံခန့်ခွဲမှုစနစ် သာတူညီမျှစွာ အကျိုးသက်ရောက်မှု အား အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံသည် နိုင်ငံတကာ စီးပွားရေး နှင့် ကုန်သွယ်ရေး ဥပဒေများ အပေါ် သဘောတူညီမှုအား တိုးမြှင့်ခြင်း၊ ပွင့်လင်းမြင်သာမှု မြှင့်တင်ခြင်း၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအခွင့်အရေး ပိုမိုအားကောင်းအောင် လုပ်ဆောင်ခြင်း၊ တရားဥပဒေစိုးမိုးမှုကို ထောက်ပံ့ခြင်း၊ ပြိုင်ဆိုင်မှုကို အားပေးခြင်း နှင့် လက်ဝါးကြီးအုပ်ဆောင်ရွက်ခြင်းများကို ဆန့်ကျင်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အစိုးရအဖွဲ့အစည်းများအား အဓိကပြန်လည်ချိန်ညှိမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ဈေးကွက်စည်းမျဉ်းစည်းကမ်းများဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲရေးဌာန ကဲ့သို့သော ဌာနသစ်များကို မတ်လတွင် တည်ထောင်ခဲ့ကြောင်း သိရသည်။

တရုတ်သမ္မတ ရှီက ယင်းပြန်လည်ချိန်ညှိမှု ၏ ရည်ရွယ်ချက်မှာ ရင်းမြစ်များ ခွဲဝေနေရာချထားမှု ဆိုင်ရာ အခန်းကဏ္ဍ တွင် ဈေးကွက်၏ပါဝင်လုပ်ဆောင်မှုကို ပိတ်ပင်စေသည့် အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများကို ဖယ်ရှားရန် နှင့် အစိုးရအနေဖြင့် ၎င်း၏ အခန်းကဏ္ဍတွင် ပိုမိုကောင်းမွန်စွာ ပါဝင်ဆောင်ရွက်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.