မြန်မာ-中文
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်နှင့် စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ် Heng Swee Keat တွေ့ဆုံ

ပေကျင်း၊ မတ် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် မတ် ၂၆ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ် Heng Swee Keat နှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဟန်ကျိန့်က လွန်ခဲ့သည့်တစ်နှစ်အတွင်း တရုတ်-စင်ကာပူ နှစ်နိုင်ငံဆက်ဆံရေးသည် တည်ငြိမ်နက်ရှိုင်းစွာ တိုးတက်လျက်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် စင်ကာပူနိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံမှုများသည် နောက်တစ်ဆင့် တရုတ်-စင်ကာပူ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုဦးတည်ချက်ကို လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကြောင့် အကျိုးရရှိခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင်လည်း ပြည်ပသို့ အဆင့်မြင့်တံခါးဖွင့်မှုအား ဆက်လက်ခိုင်မြဲစွာ လုပ်ဆောင်၍ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုခဲ့သည်။
တရုတ်နိုင်ငံသည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၃၅ နှစ်ပြည့် အခါအခွင့်ကြုံခိုက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ယန္တရား၏ အခန်းကဏ္ဍကို ဆက်လက်အပြည့်အဝ အသုံးပြုကာ ကဏ္ဍစုံ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင် ဆောက်ရွက်သွားလိုကြောင်း၊ တရုတ်-စင်ကာပူ ဘက်စုံအရည်အသွေးမြင့် အနာဂတ်သို့ ရှေးရှုသည့် မိတ်ဖက်ဆက်ဆံရေး ပိုမိုကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန် တွန်းအားပေး၍ ဒေသတွင်းနှင့် ကမ္ဘာကြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးထမ်းဆောင်မှု အသစ်များ ဆောင်ကြဉ်းပေးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Heng Swee Keat က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို အလေးထားချီးကျူးခဲ့ပြီး လက်ရှိအခြေအနေတွင် ဘက်အသီးသီးအနေဖြင့် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုကို ပို၍ ခိုင်မာကိုင်စွဲကာ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု ယန္တရားကို ကာကွယ်ထိန်းသိမ်းသင့်ကြောင်း၊ စင်ကာပူနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်တွင် ဆက်လက် တက်တက်ကြွကြွ ပါဝင်သွားလိုပြီး အနာဂတ် စင်ကာပူ-တရုတ် ဆက်ဆံရေး တိုးတက်မှုအပေါ် ယုံကြည်ချက် အပြည့်အဝရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
韩正会见新加坡副总理王瑞杰
新华社北京3月26日电 3月26日,国家副主席韩正在北京会见新加坡副总理王瑞杰。
韩正表示,过去一年来,中新关系稳步深入发展,习近平主席同新加坡领导人的系列会晤为下阶段中新关系发展指明方向。中国发展得益于改革开放,未来将继续坚定致力于高水平对外开放,推动高质量发展。中方愿以两国建交35周年为契机,继续充分发挥双边合作机制作用,深化各领域交流合作,推动中新全方位高质量的前瞻性伙伴关系实现更大发展,为地区和世界和平与发展作出新贡献。
王瑞杰高度赞赏中国发展成就,表示当前形势下,各方更应坚持开放合作,维护多边机制。新方愿继续积极参与中国发展进程,对未来新中关系发展充满信心。(完)
图说:3月26日,国家副主席韩正在北京会见新加坡副总理王瑞杰。 新华社记者 丁海涛 摄