Connect with us

International Organizations

၂၀၂၅ ခုနှစ် မတ် ၂၆ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— အာဂျင်တီးနားက ဘရာဇီးကို ဂိုးပြတ်အနိုင်ယူ၍ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်
မတ် ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းက အဓိကပြိုင်ဘက် ဘရာဇီးအသင်းအား အိမ်ကွင်း၌ ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူကာ ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်သည်။
ပထမပိုင်းတွင် ဟူလီယန် အယ်လ်ဗာရက်ဇ်၊ အန်ဇို ဖာနန်ဒက်ဇ်နှင့် အလက်ဆစ် မက်အယ်လစ္စတာတို့က အာဂျင်တီးနားအတွက် သွင်းဂိုးများ ရယူပေးခဲ့ပြီး ဒုတိယပိုင်းတွင် ဂူလီယာနို ဆီမြွန်နီက စတုတ္ထဂိုး ထပ်မံသွင်းယူပေးခဲ့ရာ အာဂျင်တီးနားအနေဖြင့် ခြေစစ်ပွဲ လေးပွဲကစားရန် ကျန်ရှိနေသော်လည်း ဘောလုံးလောက၏ ပြယုဂ်ဖြစ်သော ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်သည်။
ယခုရလဒ်ကြောင့် အုပ်စုထိပ်ဆုံး၌ ရပ်တည်နေသော အာဂျင်တီးနားမှာ အသင်း ၁၀ သင်းပါဝင်သော တောင်အမေရိကဇုန်တွင် ခြေစစ်ပွဲ ၁၄ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ၌ ၃၁ မှတ် ရရှိထားပြီး ဒုတိယနေရာမှ အီကွေဒေါအား ရှစ်မှတ်ဖြတ်ထားနိုင်ခဲ့သည်။ ဘရာဇီးမှာမူ ရမှတ် ၂၁ မှတ်ဖြင့် စတုတ္ထနေရာ၌ ရပ်တည်လျက်ရှိသည်။
…..
— ရီးရဲလ်မက်ဒရစ်တွင် ပွဲထွက်ကစားခွင့်ရရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားရန် အာဒါဂူလာ ရည်မှန်း
ရီးရဲလ်မက်ဒရစ်၏ တူရကီလက်ရွေးစင် ကွင်းလယ်ကစားသမား အာဒါဂူလာက အသင်းနှင့်အတူ ဒုတိယမြောက်ရာသီအား ဖြတ်သန်းနေစဉ် ၎င်းအတွက်လိုအပ်သော ပွဲကစားချိန်ရရှိရန် ရုန်းကန်နေရသော်လည်း ပုံမှန်ပွဲထွက်ခွင့်ရရေးအတွက် အသင်း၌ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကတိပြုပြောကြားခဲ့သည်။
အသက် ၂၀ အရွယ် ဂူလာမှာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စတင်ချိန်တွင် စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ပါဝင်ကစားခွင့်ရချိန်တွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း ဒဏ်ရာပြဿနာကြောင့် အပါအဝင် ပြိုင်ပွဲစုံ၌ မိနစ် ၄၀၀ ကျော်သာ ပါဝင်ကစားခွင့်ရခဲ့သည်။
ယခုဘောလုံးရာသီတွင်မူ ဂူလာအနေဖြင့် လာလီဂါတွင် ပွဲကစားချိန် ၆၄၂ မိနစ် ရရှိထားသလို စပိန်ဘုရင့်ဖလား ပွဲစဉ်များတွင်လည်း ရီးရဲလ်အတွက် ပွဲထွက်ကစားခွင့်ရခဲ့သည့်တိုင် ၎င်း၏ရှေ့တွင် ဂျုဒ်ဘယ်လင်ဟမ်၊ ဘရာဟင် ဒီယက်ဇ် စသော ကစားသမားများက ဦးစားပေးအဖြစ် ရှိနေဆဲဖြစ်သည်။
လာမည့်နွေရာသီတွင် ပွဲကစားခွင့် ပိုမိုရရှိရေးအတွက် ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာရန် စဉ်းစားထားခြင်းရှိမရှိ ဆိုသည့်အပေါ် စပိန်အားကစားသတင်းစာ ‘Diario Marca’ နှင့် အင်တာဗျူးတစ်ခု၌ မေးမြန်းရာတွင် ဂူလာက ၎င်း၏ရည်မှန်းချက်မှာ ဆန်တီယာဂို ဘာနေဗျူး၌ အောင်ပွဲများရယူရန်ပင်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။
“ရီးရဲလ်မက်ဒရစ်က ကျွန်တော့်ကို စီမံကိန်းတစ်ခု ချပြခဲ့ပါတယ်။ ကျွန်တော် အဲဒီစီမံကိန်းအပေါ် ယုံကြည်နေတုန်းပါပဲ။ ကျွန်တော် ရီးရဲလ်မက်ဒရစ်မှာ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။
…..
— တရုတ်အသင်းက ဩစတြေးလျအသင်းအား အိမ်ကွင်း၌ ရှုံးနိမ့်ပြီးနောက် ကမ္ဘာ့ဖလားဝင်ခွင့်ရရေး မျှော်လင့်ချက်များ မှေးမှိန်
မတ် ၂၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ခြေစစ်ပွဲတွင် တရုတ်အသင်းက ဩစတြေးလျအား အိမ်ကွင်း၌ ၀-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သဖြင့် လက်ကျန်နှစ်ပွဲသာ ကျန်ရှိတော့ချိန်၌ ခြေစစ်ပွဲအောင်မြင်ရေး အလားအလာမှာ စိုးရိမ်စရာဖြစ်လာပြီဖြစ်သည်။
အုပ်စု-C အဆင့်ရပ်တည်မှုတွင် အောက်ဆုံး၌ရှိနေသည့် တရုတ်အသင်းအနေဖြင့် ကမ္ဘာ့ဖလားဝင်ခွင့်ရရေး မျှော်လင့်ချက်များ ဆက်လက်ရှင်သန်နိုင်ရေးအတွက် အင်ဒိုနီးရှားနှင့် ဘာရိန်းအသင်းတို့ကို အနိုင်ယူရန် အစွမ်းကုန် ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။
“နောက်လာမယ့်နှစ်ပွဲက အဆုံးအဖြတ်ပါပဲ။ ကျွန်တော်တို့ အောင်ပွဲတွေရဖို့ တိုက်ပွဲဝင်ရမှာပါ” ဟု တရုတ်အသင်း နည်းပြချုပ် ဘရန်ကို အိုင်ဗန်ကိုဗစ်က ပြောကြားခဲ့သည်။
“အဲဒါက ကျွန်တော်တို့လိုချင်တဲ့ရလဒ် မဟုတ်ပါဘူး။ ဩစတြေးလျက ပထမပိုင်းမှာ ပိုကောင်းခဲ့ပြီး သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ကျွန်တော်တို့အသင်းက ပိုကောင်းခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
…..
— ၂၀၂၅ ခုနှစ် စည်းချက်ညီ ကျွမ်းဘားအားကစား ကမ္ဘာ့ဖလားပြိုင်ပွဲစီးရီးစ်အား လာမည့်သီတင်းပတ်အတွင်း ဘူဂေးရီးယားနိုင်ငံ၌ စတင်ကျင်းပမည်
ယခုနှစ်၏ FIG စည်းချက်ညီ ကျွမ်းဘားအားကစား ကမ္ဘာ့ဖလားပြိုင်ပွဲစီးရီးစ် ပထမအကျော့ ပွဲစဉ်များကို လာမည့်သီတင်းပတ်အတွင်း ဘူဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့ရှိ Arena 8888 ဆိုဖီယာ အားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲတာဝန်ရှိသူများက မတ် ၂၅ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
ဧပြီ ၄ ရက်မှစ၍ သုံးရက်ကြာကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၄၃ ခုမှ တစ်ဦးချင်းပြိုင်ပွဲဝင် ကျွမ်းဘားအားကစားသမား ၈၇ ဦးနှင့် အဖွဲ့ ၁၄ ဖွဲ့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဘူဂေးရီးယား စည်းချက်ညီ ကျွမ်းဘားအားကစားအဖွဲ့ချုပ် (BRGF) က ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)


…………………………………..
(English Version)
Argentina routs Brazil to seal World Cup spot
Defending champion Argentina secured a berth in next year’s FIFA World Cup by cruising to a 4-1 home victory over arch-rival Brazil on Tuesday.
Julian Alvarez, Enzo Fernandez and Alexis Mac Allister scored first-half goals before Giuliano Simeone added a fourth as the Albiceleste booked its place in football’s showpiece tournament with four qualifiers to spare.
The result leaves group leader Argentina with 31 points from 14 qualifiers, eight points ahead of second-placed Ecuador. Brazil is fourth in the 10-team South American zone standings with 21 points.
…..
Arda Guler aims to fight for Real Madrid starting place
Real Madrid’s Turkish international midfielder Arda Guler has vowed to stay and fight for a regular starting place after struggling with playing time he needs in his first two seasons at the club.
The 20-year-old joined the Spanish giants at the start of the 2023-24 season, but although impressing in his brief opportunities, injury partly restricted him to just over 400 minutes football in all competitions.
This season has seen him play 642 minutes in La Liga, as well as starting in Madrid’s Copa del Rey campaign, but he is still behind players such as Jude Bellingham and Brahim Diaz in the pecking order.
In an interview with Spanish sports paper ‘Diario Marca’ Guler was asked whether he would consider leaving Real Madrid in the summer to try and play more often, but he insisted his aim was to triumph in the Santiago Bernabeu.
“Real Madrid gave me a plan, and I still believe in it. I’m sure I’ll succeed at Real Madrid,” said the midfielder.
…..
China’s World Cup hopes fade after home defeat to Australia
China suffered a 2-0 home loss to Australia in a FIFA World Cup qualifier here on Tuesday, leaving its chance of securing a spot in the 2026 tournament in serious jeopardy with only two games remaining.
At the bottom of Group C with six points, China now has to go all out for wins over Indonesia and Bahrain in June to keep the World Cup dream alive.
“The next two matches are the key,” said China’s head coach Branko Ivankovic. “We must fight for victories.”
“It’s not a result we wanna see. Australia performed better in the first half and scored two goals, while we were the better side in the second half.
…..
2025 Rhythmic Gymnastics World Cup series to kick off next week in Bulgaria
The first leg of this year’s FIG Rhythmic Gymnastics World Cup series will be held next week in the Arena 8888 Sofia Hall, officials said here on Tuesday.
As many as 87 individual gymnasts from 43 countries and regions, as well as 14 groups, will compete in the three-day event, which takes place on April 4, the Bulgarian Rhythmic Gymnastics Federation (BRGF) said in a press release.