Connect with us

Environment, Disasters & Accidents

သြင်္ကန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၄ဦးသေဆုံးပြီး ၃၀၀ကျော် ထိခိုက် ဒဏ်ရာရ

သင်္ကြန်ကာလအတွင်း လုံခြုံရေးဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဓာတ်ပုံ-ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့)

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

သြင်္ကန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူ၄ဦးသေဆုံးပြီး ၃၀၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။ယခုနှစ် သြင်္ကန်နှင့်ပတ်သက်၍ မှုခင်းဖြစ်ပွားမှုမှာ ယာဉ်နာကျင် (၂)မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ (၄)ဦး၊ ဒဏ်ရာ ရရှိသူ (၉)ဦးရှိကြောင်း၊ နာကျင်စေမှု (၄)မှုဖြစ်ပွားခဲ့ရာ ဒဏ်ရာရရှိသူ (၆)ဦးရှိခဲ့ကြောင်း၊ ကျန်အခြားအမှု (၃)မှု တွင် ဒဏ်ရာရရှိသူ (၂)ဦးရှိခဲ့ကြောင်း သိရသည်။

သြင်္ကန်ကာလတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံအသီးသီး၌ထိခိုက်ဒဏ်ရာရရှိသဖြင့် လာရောက် ဆေးကုသသူ (၃၀၁)ဦးရှိခဲ့ကြောင်း၊ အဆိုပါ ဒဏ်ရာရရှိသူများအနက် (၁၃၇)ဦးနှင့်စပ်လျဉ်း၍ ယာဉ်နာကျင်မှုနှင့် ခိုက်ရန်ဖြစ်ပွားနာကျင်စေမှု (၇၉)မှုဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်

ရှိကြောင်း သိရသည်။အဆိုပါ သြင်္ကန်ကာလအတွင်း ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ကြိုတင်ကာ ကွယ်အရေးယူမှု အနေဖြင့် မူးယစ်ရမ်းကားမှု (၅)မှု၊ရဲအက်၃၀(က) (၁)မှု၊ လက်နက်များအက်ဥပဒေပုဒ်မအရ အရေးယူမှု (၁)မှု၊ ယစ်မျိုး ဥပဒေအရ အရေးယူမှု (၁၂)မှု၊ ခါးပိုက်နှိုက်ပြစ်မှု ကျူးလွန်သူများ အား ကျင့်ထုံးဥပဒေပုဒ်မ ၅၄ဖြင့်အရေးယူမှု (၃၇)မှုအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် သြင်္ကန်မတိုင်မီနှင့် သြင်္ကန်ပွဲတော်ကာလအတွင်း ပြည်သူများ သတိပြုရှောင်ကြဉ်ရမည့်အချက်များကို ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးခြင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ရေပက်ခံမော်တော်ယာဉ်များပေါ်တွင် သိုဝှက်ယူဆောင်လာသည့် တုတ်၊ဓားလက်နက်၊ အရက်ဘီယာပုလင်းများနှင့် သရုပ်မျက်နှာဖုံးများကို ရှာဖွေ စစ်ဆေးသိမ်းဆည်းခြင်းတို့ကို ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်အပြင် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကိုအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117