Connect with us

Sport

ပြည်ပနိုင်ငံများ၌ ကျင်းပမည့် ပြေးခုန်ပစ် နှင့် စက်ဘီး ပြိုင်ပွဲများကို မြန်မာ အားကစား အဖွဲ့ဝင်များ သွားရောက် ယှဉ်ပြိုင်မည်

ပြည်ပ နိုင်ငံများသို့ သွားရောက် ယှဉ်ပြိုင်မည့် အားကစား အဖွဲ့ ဝင်များ နှင့် တွေ့ ဆုံစဉ်(ဓာတ်ပုံ-အား/ကာ)

ရန်ကုန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

ထိုင်း နှင့် စကာၤပူ နိုင်ငံများ၌ မေလ အတွင်း ကျင်းပမည့် ထိုင်းတံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲ နှင့် အရှေ့တောင် အာရှ တာဝေး ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲများသို့မြန်မာ အားကစား အဖွဲ့ဝင်များ သွားရောက် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်း အားကစား နှင့် ကာယ ပညာ ဦးစီးဌာနမှ သိရသည်။

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၌ မေလ ၄ ရက်မှ ၇ ရက် အထိ ပြုလုပ် ကျင်းပမည့် ၂၀၁၈ ခုနှစ် ထိုင်းတံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲသို့event ၈ မျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲဝင် နိုင်ငံ ၂၇ နိုင်ငံကျော် နှင့် ကစားသမား ၁၀၀၀ ကျော်ခန့်ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံတွင် မေ ၅ ရက်တွင် ကျင်းပ ပြုလုပ်မည့် ၂၀၁၈ ခုနှစ် ၊ အရှေ့တောင် အာရှ တာဝေး ဖိတ်ခေါ် စက်ဘီး ပြိုင်ပွဲသို့ ၁၀ ကီလိုမီတာ လက်ဆင့်ကမ်း အမျိုးအစားဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲဝင် နိုင်ငံ ၈ နိုင်ငံနှင့် အားကစား သမား ၄၀ ကျော်ခန့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခု သွားရောက် ယှဉ်ပြိုင်မည့် အားကစား အဖွဲ့များ အနေဖြင့် ပြိုင်ပွဲများတွင် စိတ်ဓာတ် တက်ကြွ နိုင်လိုစိတ် အပြည့်ဖြင့် မိမိတို့၏ အားကစား ပုံရိပ်ကို မြှင့်တင်နိုင်ရန် ယှဉ်ပြိုင် စေလိုကြောင်း အားကစား နှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ပြည်ပနိုင်ငံများသို့သွားရောက် ယှဉ်ပြိုင်မည့် အားကစား အဖွဲ့ဝင် များ နှင့် ယနေ့တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117