Connect with us

International Organizations

၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာအားကစားသတင်းကောက်နုတ်ချက်

— လိဒ်ယူနိုက်တက်နှင့် ဘန်လေတို့ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိ
ချန်ပီယံရှစ်အသင်းများဖြစ်သည့် ဘန်လေနှင့် လိဒ်ယူနိုက်တက်တို့မှာ ဧပြီ ၂၁ ရက် ပွဲစဉ်များတွင် နိုင်ပွဲကိုယ်စီ ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိသွားပြီဖြစ်သည်။
လိဒ်အသင်းက စတုတ်စီးတီးအသင်းအား အိမ်ကွင်း၌ ၆-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ရာ ချန်ပီယံရှစ်တွင် နှစ်နှစ်ကြာ ဖြတ်သန်းခဲ့ပြီး ပြီးခဲ့သည့် ရာသီတွင်လည်း တန်းတက်ခွင့်ရရေးအတွက် နောက်ဆုံးအဆင့် play-off ပွဲစဉ်၌ ဆောက်သမ်တန်အား ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်သို့ ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။ ဘန်လေကလည်း ရှက်ဖီးယူနိုက်တက်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် လန်ကက်ရှိုင်းယားအခြေစိုက်အသင်းအနေဖြင့် ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရပြီး တစ်နှစ်အကြာမှာပင် ပြန်လည်တန်းတက်ခွင့် ရရှိသွားပြီဖြစ်သည်။
နှစ်ပွဲကစားရန် ကျန်ရှိနေချိန်တွင် အဆိုပါနှစ်သင်းစလုံးက ရမှတ် ၉၄ မှတ်စီ ရရှိထားသည့်အတွက် ရမှတ် ၈၆ မှတ် ရရှိထားသော အမှတ်ပေးဇယား တတိယနေရာမှ ရှက်ဖီးယူနိုက်တက်အနေဖြင့် ၎င်းတို့အား လိုက်မီနိုင်တော့မည် မဟုတ်ပေ။ လိဒ်ယူနိုက်တက်က ၄၄ ပွဲ ကစားထားရာတွင် ၂၇ ပွဲ အနိုင်ရရှိထားပြီး ဘန်လေမှာမူ နိုင်ပွဲ ၂၆ ပွဲ ရရှိထားသည်။
လိဒ်ယူနိုက်တက်နှင့် ဘန်လေအသင်းတို့မှာ ပရီးမီးယားလိဂ်မှ တန်းဆင်းသွားပြီဖြစ်သည့် ဆောက်သမ်တန်၊ လက်စတာစီးတီးတို့နေရာတွင် အစားဝင်ရောက်မည်ဖြစ်ကာ အစ်ပ်ဆွစ်ချ်တောင်းအသင်းမှာလည်း တန်းဆင်းရတော့မည်ဖြစ်သည်။
…..
— Laureus Awards ဆုပေးပွဲတွင် ဒူပလန်းတစ်စ်နှင့် ဘိုင်းစ်တို့ အဓိကဆုများကို ဆွတ်ခူး၊ တရုတ် မသန်စွမ်းရေကူးအားကစားမယ် ကျန်ယွိယန့်လည်း ဆုရရှိ

ဧပြီ ၂၁ ရက်က ကျင်းပခဲ့သည့် Laureus World Sports Awards ဆုပေးပွဲတွင် ဆွီဒင်နိုင်ငံမှ တုတ်ထောက်ခုန်အားကစား အိုလံပစ်ချန်ပီယံ အာမန် ဒူပလန်းတစ်စ်က တစ်နှစ်တာအတွက် ကမ္ဘာ့အကောင်းဆုံး အမျိုးသားအားကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး တရုတ်နိုင်ငံမှ မသန်စွမ်းအိုလံပစ် ရေကူးအားကစားမယ် ကျန်ယွိယန့်မှာလည်း အကောင်းဆုံး မသန်စွမ်းအားကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
ဒူပလန်းတစ်စ်မှာ တုတ်ထောက်ခုန်အားကစားတွင် ၁၁ ကြိမ်ထက်မနည်း ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့သလို ၂၀၂၀၊ ၂၀၂၄ အိုလံပစ်အားကစားပြိုင်ပွဲများတွင်လည်း ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ကာ ကမ္ဘာ့ချန်ပီယံဆုနှစ်ကြိမ် ရရှိထားသူလည်းဖြစ်သည်။ အဆိုပါ ဆွီဒင်သားအနေဖြင့် စက်ဘီးစီးအားကစားသမား တာဒက် ပိုဂါကာ၊ တင်းနစ်အကျော်အမော် ကားလို့စ် အယ်လ်ကာရက်ဇ်တို့ကို ကျော်ဖြတ်၍ Laureus ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
တစ်နှစ်တာအတွက် ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးအားကစားသမားဆုကိုမူ ကျွမ်းဘားမယ် ဆိုင်မွန်ဘိုင်းစ်က လေးကြိမ်မြောက် ဆွတ်ခူးရရှိခဲ့သည်။ ၎င်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် စိတ်ပျက်ဖွယ် အခြေအနေနှင့် ကြုံခဲ့ရသော်လည်း ပဲရစ်အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုသုံးခု၊ ငွေတံဆိပ်ဆုတစ်ခု ရရှိခဲ့ပြီးနောက် Laureus ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ရီးရဲလ်မက်ဒရစ်အသင်းမှာလည်း ၂၀၂၄ ခုနှစ်အတွင်း ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည့် ဘာစီလိုနာ အမျိုးသမီးအသင်းကို ကျော်ဖြတ်၍ တစ်နှစ်တာအတွက် ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် ရွေးချယ်ခံခဲ့ရပြီး ဘာစီလိုနာ အမျိုးသားအသင်းမှ လာမင်း ယမားလ်မှာမူ World Breakthrough of the Year ဆုကို ဆွတ်ခူးရရှိခဲ့သည်။
…..
— တင်းနစ်အကျော်အမော် ဇဲရက်ဗ် မြူးနစ်အိုးပင်း ချန်ပီယံဆု ရရှိခဲ့သဖြင့် ဆုဖလားနှင့် ဝေးကွာနေမှုကို အဆုံးသတ်နိုင်ခဲ့၊ ပြင်သစ်အိုးပင်းတွင် လက်စွမ်းပြနိုင်ရန် ရည်မှန်း

အများအားဖြင့် ရဲရင့်သော ကတိစကားများ၏နောက်တွင် အောင်ပွဲက ထက်ကြပ်မကွာ လိုက်ပါလာလေ့ရှိကာ အလက်ဇန်းဒါး ဇဲရက်ဗ်အဖို့လည်း ၎င်း၏ ၂၈ နှစ်မြောက်မွေးနေ့၌ ATP 500 Munich Open ပြိုင်ပွဲတွင် အောင်ပွဲခံနိုင်ခဲ့ခြင်းမှာ အခြားပြိုင်ပွဲတွင် အနိုင်ရသည်ထက် ပိုမိုနှစ်လိုဖွယ်ကောင်းခဲ့သည်။
ယင်းဆုဖလားသည် ၎င်း၏ ကစားသမားဘဝတစ်လျှောက် ၂၄ ခုမြောက် ဆုဖလားဖြစ်ကာ ၂၀၂၅ ရာသီအစတွင် ပြိုင်ပွဲများမှ စောစီးစွာထွက်ခွာခဲ့ရသည့် စိတ်ပျက်ဖွယ်အခြေအနေကိုလည်း အဆုံးသတ်နိုင်ခဲ့သည်။
ယခုနှစ်အတွင်း ဇဲရက်ဗ် ရုန်းကန်ခဲ့ရသည့် အခြေအနေများအနက် ဩစတြေးလျအိုးပင်း ဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်-၁ ဂျန်းနစ်ဆင်နာအား ရှုံးနိမ့်မှုလည်း ပါဝင်နေပြီး ထို့နောက် စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့ရာ ၎င်း၏လက်စွမ်းအပေါ် မေးခွန်းထုတ်မှုများ ရှိလာခဲ့သည်။
…..
— ဒတ်ချ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် Go Ahead Eagles အသင်းက ပင်နယ်တီအဆုံးအဖြတ်၌ အနိုင်ရရှိကာ ဒတ်ချ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူး

ဧပြီ ၂၁ ရက်က ရော့တာဒမ်မြို့၌ ယှဉ်ပြိုင်ကစားခဲ့သည့် Dutch KNVBဖလား ဗိုလ်လုပွဲတွင် Go Ahead Eagles အသင်းနှင့် အေဇက် အယ်ခမာအသင်းတို့ တစ်ဖက်တစ်ဂိုးစီ သ‌ရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာတွင် Go Ahead Eagles က ၄-၂ ဂိုးဖြင့် အနိုင်ရရှိကာ ကလပ်အသင်း၏ သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ယင်းဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
အဆိုပါအောင်ပွဲကြောင့် Go Ahead Eagles အနေဖြင့် အသင်း၏သမိုင်းတွင် အဓိကဆုဖလားတစ်လုံးကို ပထမဆုံး ဆွတ်ခူးနိုင်ခဲ့ကာ ဒတ်ချ်ဖလားကို လေးကြိမ်ဆွတ်ခူးထားသည့် အယ်လ်ခမာအသင်းမှာမူ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင် ရှုံးနိမ့်ခဲ့ပြီးနောက် ဗိုလ်လုပွဲသုံးကြိမ်ဆက်တိုက် ရှုံးပွဲကြုံခဲ့ခြင်းဖြစ်သည်။ (Xinhua)


……………………..
(English Version)
Leeds United, Burnley promoted back to Premier League
Burnley and Leeds United were promoted from the Championship to the Premier League after their wins on Monday.
After two years in the second tier and having lost last season’s promotion play-off final to Southampton, Leeds returned to the Premier League thanks to a thumping 6-0 win at home to Stoke City, while Burnley’s 2-1 victory against Sheffield United means the Lancashire outfit bounces back to the elite just a year after suffering relegation.
With two games left, both teams have 94 points, meaning Sheffield United, which sits third with 86 points, cannot overhaul them. Leeds has won 27 of its 44 matches, while Burnley has 26 wins.
The pair replace Southampton and Leicester City, who have already been relegated from the Premier League, with Ipswich Town set to join them.
…..
Duplantis, Biles win big Laureus Awards, Chinese para swimmer also triumphs
Sweden’s Olympic pole vault champion Armand Duplantis was named World Sportsman of the Year at the Laureus World Sports Awards on Monday, while Chinese paralympic swimmer Jiang Yuyan was named the winner of the Sportsperson with a Disability Award.
Duplantis has broken the pole vault world record no fewer than 11 times, as well as winning gold at the 2020 and 2024 Olympic Games and taking two World titles. The Swede beat off the challenge from cyclist Tadej Pogacar and tennis star Carlos Alcaraz to win the Laureus award.
The World Sportswoman of the Year was Simone Biles, who claimed her fourth Laureus award after returning to Olympic glory in Paris with three gold medals and a silver medal following a disappointing performance at Tokyo 2020.
Real Madrid was named World Team of the Year ahead of FC Barcelona’s women, who won every possible title in 2024, although Lamine Yamal of Barca’s men’s team won the World Breakthrough of the Year award.
…..
Zverev ends drought with Munich title, eyes comeback ahead of French Open
Bold promises often follow victory, and for Alexander Zverev, his triumph at the ATP 500 Munich Open on his 28th birthday felt like more than just another tournament win.
The title marked his 24th career win and ended a frustrating run of early exits that had marred the start of his 2025 season.
Zverev’s struggles this year included a humbling loss to world No. 1 Jannik Sinner in the Australian Open final, followed by a string of disappointing performances that left him questioning his form.
…..
Go Ahead Eagles win first-ever Dutch Cup in dramatic penalty shootout
Go Ahead Eagles captured the Dutch KNVB Cup for the first time in the club’s history on Monday, beating AZ 4-2 on penalties after a 1-1 draw in a thrilling final in Rotterdam.
With the victory, Go Ahead Eagles captured the first major trophy in the club’s history. For four-time Dutch Cup winners AZ, it was a third consecutive final loss, after defeats in 2017 and 2018.