China
အလျှော့ပေး နောက်ဆုတ်ခြင်းက အနိုင်ကျင့်ဗိုလ်ကျသူကို ပို၍ ရောင့်တက်စေသည်ဟု ဝမ်ရိ ပြောကြား

ရီယိုဒီဂျနေးရိုး၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဒေသစံတော်ချိန် ဧပြီ ၂၈ ရက်တွင် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့၌ ကျင်းပသော BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ လက်ကိုင်ထားရေး၊ နိုင်ငံစုံ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများကို ကာကွယ်ထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ ရပ်တည်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဝမ်ရိက နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒသည် ဒုတိယကမ္ဘာစစ်အလွန် နိုင်ငံတကာစည်းစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သလို စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် နိုင်ငံတကာအသိုက်အဝန်း၏ အကြီးမားဆုံးဘုံဆခွဲကိန်း ဖြစ်ကြောင်း၊ သို့သော် နိုင်ငံအချို့၏ ကမ္ဘာအပေါ် အသိအမြင်သည် ဆိုးရွားစွာ လွဲမှားမှု ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် တစ်ဖက်သတ်ဝါဒ၊ မိမိနိုင်ငံ ဦးစားပေးခြင်းကို အကျယ်တဝင့် လုပ်ဆောင်နေခြင်းသည် မိမိ၏အကျိုးစီးပွားကို နိုင်ငံတကာ အများအကျိုးစီးပွားပေါ်တွင် တင်စီးထားခြင်း ဖြစ်ကြောင်း၊ လက်ရှိကျင့်သုံးနေသည့် နိုင်ငံတကာစနစ်သည် ကမ္ဘာ့တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မဏ္ဍိုင်အဖြစ် ပံ့ပိုးလျက်ရှိရာ အမေရိကန်နိုင်ငံသည် ဤစနစ်မှ အကြီးမားဆုံး အကျိုးခံစားရသူအနေဖြင့် ၎င်း၏ ဆန့်ကျင်ရာဘက်သို့ လျှောက်လှမ်းလျက်ရှိကြောင်း၊ ကြီးနိုင်ငယ်ညှဉ်းသည့် သဘာဝစည်းမျဉ်း (The Law of Jungle) အား ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာခြင်း၊ ခြိမ်းခြောက်မှုနှင့် ဗိုလ်ကျအနိုင်ကျင့်မှုကို ဟန်ဆောင်တန်ဆာဆင်ရန်မလိုအပ်တော့ခြင်း၊ နိုင်ငံတကာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအခြေခံ ဆက်တိုက်ခြိမ်းခြောက်ခံလာရခြင်းတို့ကို လူအများက တွေ့မြင်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံစုံ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများကို ကာကွယ်ထိန်းသိမ်းခြင်းသည် လက်ရှိ အရေးတကြီး ခေါင်းစဉ်ကဏ္ဍဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။
ကုန်သွယ်ရေး၏ အနှစ်သာရမှာ အားသာချက်ဖြင့် အပြန်အလှန် ဖြည့်စွက်ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် ဘုံအကျိုးစီးပွားကို ဖော်ဆောင်ခြင်း ဖြစ်ပြီး မည်သူနစ်နာသည်၊ မည်သူအမြတ်ထုတ်သည့် ကြံစည်ခြင်းမဟုတ်သလို မိမိတစ်ဦးတည်းအကျိုးစီးပွားကို ဖော်ဆောင်သည့် ကိရိယာအဖြစ် ပိုပြီး လုပ်ဆောင်၍ မရကြောင်း၊ အမေရိကန်အနေဖြင့် လွတ်လပ်သော ကုန်သွယ်ရေးမှ ကာလကြာရှည် အကျိုးများစွာရရှိခဲ့ရာ ယခုအခါ စည်းကြပ်ခွန်နှင့်အပေးအယူလုပ်ပြီး နိုင်ငံတကာထံမှ မတန်တဆဈေးများ တောင်းဆိုလျက်ရှိကြောင်း၊ အကယ်၍ နှုတ်ဆိတ်ကာ အလျှော့ပေး၊ နောက်ဆုတ်ရန် ရွေးချယ်လိုက်မည်ဆိုပါက ဗိုလ်ကျအနိုင်ကျင့်သူကို ရောင့်တက်စေမည်သာဖြစ်ကြောင်း၊ BRICS နိုင်ငံများအနေဖြင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ပုံစံမှန်သမျှကို အတူတကွ ဆန့်ကျင်သင့်ကြောင်း၊ စည်းမျဉ်းစည်းကမ်းကို အခြေခံသည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကို ဗဟိုပြုသည့် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို အခိုင်အမာကာကွယ်ထိန်းသိမ်းပြီး ၎င်း၏ ဗဟိုတန်ဖိုးနှင့် အခြေခံစည်းမျဉ်းစည်းကမ်းများကို ကာကွယ်ထိန်းသိမ်းကာ ကုန်သွယ်ရေး၏ လွတ်လပ်မှုအသွင်၊ အဆင်ပြေချောမွေ့မှုအသွင်ကို မြှင့်တင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————
(Chinese Version)
王毅:妥协退缩只会让霸凌者得寸进尺
新华社里约热内卢4月28日电(记者陈威华 谢照)当地时间4月28日,外交部长王毅在里约热内卢出席金砖国家外长会晤时就坚持多边主义、维护多边贸易规则阐明中方立场。
王毅说,多边主义是二战后国际秩序的基石,团结合作是国际社会的最大公约数,然而个别国家对世界的认知却发生了严重偏差。美国大搞单边主义、本国优先,将自身利益凌驾于国际公利之上。现行国际体系支撑着世界的稳定与繁荣,美国作为这个体系的最大受益者却正在走向它的反面。人们看到,弱肉强食的丛林法则公然登场,胁迫和霸凌不再需要伪装,国际关系的发展基础受到持续威胁。
王毅强调,维护多边贸易规则是当前最紧迫的课题。贸易的本质是优势互补、互利共赢,不是谁吃亏、谁占便宜的算计,更不能成为实现一己私利的工具。美国长期从自由贸易中大量获益,现在竟拿着关税当筹码向各国漫天要价。如果选择默不作声、妥协退缩,只会让霸凌者得寸进尺。金砖国家应共同反对一切形式的保护主义,坚决维护以规则为基础、世界贸易组织为核心的多边贸易体制,维护其核心价值和基本原则,促进贸易的自由化便利化。(完)
1. 2020年8月5日,国务委员兼外交部长王毅接受新华社专访。