Connect with us

China

အိန္ဒိယ-ပါကစ္စတန် အနေဖြင့် သက်ဆိုင်ရာ သဘောထားကွဲလွဲမှုများကို စေ့စပ်ညှိနှိုင်းဆွေးနွေးမှုဖြင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းအား ဧပြီ ၂၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)
ကက်ရှ်မီးယားဒေသ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့ ဆက်ဆံရေးတင်းမာနေမှုကို တုံ့ပြန်ရာတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက အိန္ဒိယနှင့် ပါကစ္စတန်တို့၏ ဘုံအိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ရှိကြရန်၊ စိတ်တူကိုယ်တူ ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာ သဘောထားကွဲလွဲမှုများကို ဆွေးနွေး ညှိနှိုင်းမှုများဖြင့် သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းကြရန်နှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းကြရန် မျှော်လင့်ကြောင်း ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် လက်ရှိတင်းမာမှုအခြေအနေကို ပြေလျော့စေနိုင်မည့် အစီအမံအားလုံးအား ကြိုဆိုကြောင်း၊ တရားမျှတသော စုံစမ်းစစ်ဆေးမှုများ အမြန်ဆုံး စတင်ဆောင်ရွက်ရန် ထောက်ခံအားပေးကြောင်း၊ အိန္ဒိယနှင့် ပါကစ္စတန် နှစ်နိုင်ငံလုံးသည် တောင်အာရှဒေသ၏ အရေးပါသော နိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံ သင့်မြတ်စွာ အတူယှဉ်တွဲနေထိုင်မှုသည် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လွန်စွာအရေးကြီးကြောင်း အဆိုပါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာ မေးမြန်းမှုအား ဖြေကြားရာတွင် ကောကျားခွန်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
外交部:希望印巴通过对话协商妥善处理有关分歧
新华社北京4月28日电(记者袁睿、邵艺博)针对印度和巴基斯坦因克什米尔地区恐袭事件关系紧张,外交部发言人郭嘉昆28日表示,作为印度和巴基斯坦的共同邻国,中方希望印巴双方保持克制,相向而行,通过对话协商妥善处理有关分歧,共同维护地区和平稳定。
郭嘉昆在例行记者会上回答有关提问时说,中方欢迎一切有利于当前局势降温的举措,支持尽快开展公正调查。印度和巴基斯坦都是南亚地区重要国家,两国和睦相处对于地区和平、稳定与发展至关重要。(完)