China
နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ရေးအတွက် စပိန်နိုင်ငံ၏ အလေးထားမှုအပေါ် တရုတ်နိုင်ငံက တန်ဖိုးထားကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ရေး၊ နှစ်နိုင်ငံကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု၊ ဝန်ထမ်းအချင်းချင်း ကူးလူးဆက်ဆံမှုများ စဉ်ဆက်မပြတ် မြှင့်တင်ရေးအတွက် စပိန်အစိုးရ၏ အလေးထားဆောင်ရွက်မှုအပေါ် တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားပါကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က မေ ၇ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း ဖော်ဆောင်ရန် လိုအပ်ကြောင်း အလေးထားဖော်ပြမှုနှင့် အခြားအကြောင်းအရာများ ပါဝင်သော စပိန်နိုင်ငံ၏ ၂၀၂၅-၂၀၂၈ နိုင်ငံခြားရေး မဟာဗျူဟာစီမံချက်နှင့် စပ်လျဉ်း၍ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းရာတွင် လျင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လျင်က များမကြာမီက တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည့် စပိန်နိုင်ငံ ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်၏ ခရီးစဉ်အား ရည်ညွှန်းလျက် နှစ်နိုင်ငံအနေဖြင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းအောင် လုပ်ဆောင်မည့် လုပ်ငန်းစီမံချက်အား ပူးတွဲထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့ကာ မဟာဗျူဟာအရ ပိုမိုကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး တက်ကြွသော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ရန် အဆိုပြုခဲ့သည်။
နှစ်ဖက်အနေဖြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာ နယ်ပယ်တို့၌ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များအား အတူတကွ လက်မှတ်ရေးထိုးထားပြီး လျှပ်စစ်မော်တော်ယာဉ်၊ စွမ်းအားမြင့် ဘက်ထရီ စသော စွမ်းအင်သစ်နယ်ပယ်တွင် အရေးပါသော ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များကို ရရှိခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။
အဓိကအားဖြင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ ဉာဏ်ရည်တုနည်းပညာ၊ ဒစ်ဂျစ်တယ်စီးပွားရေး စသည့် နယ်ပယ်များတွင် တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း ဆက်လက်လုပ်ဆောင်ရေး၊ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်ကာ တရုတ်-အီးယူ ဆက်ဆံရေးကို အားသစ်လောင်းရေးအတွက် စပိန်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် ဆန္ဒရှိပါကြောင်း လျင်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)
……………….
(English Version)
China appreciates Spain’s emphasis on developing bilateral relations: FM spokesperson
BEIJING, May 7 (Xinhua) — China appreciates the Spanish government’s emphasis on developing relations with China and its continuous promotion of practical cooperation and personnel exchanges between the two countries, Chinese foreign ministry spokesperson Lin Jian said on Wednesday.
Lin made the remarks at a daily press briefing when asked to comment on Spain’s 2025-2028 foreign action strategy, which, among others, emphasizes the need to deepen its comprehensive strategic partnership with China.
Citing Spanish Prime Minister Pedro Sanchez’s visit to China not long ago, Lin noted that the two countries had jointly issued an action plan on strengthening the comprehensive strategic partnership, proposing to build a more strategically resilient and dynamic comprehensive strategic partnership.
He mentioned that the two sides had jointly signed a number of documents of cooperation in economy and trade, education, science and technology, and had achieved important cooperation results in the field of new energy such as electric vehicle and power batteries.
China is willing to work with Spain to continue deepening open cooperation, especially in areas such as green development, artificial intelligence and digital economy, to enhance the well-being of the two peoples and add impetus to China-EU relations, Lin said.