Connect with us

Politics, Law & Military

ရှီကျင့်ဖိန်၏ မော်စကို တစ်နေ့တာ ခရီးစဉ်များ

မော်စကို၊ မေ ၁၀ ရက် (ဆင်ဟွာ)

ဒေသစံတော်ချိန် မေ ၉ ရက်က ရုရှားနိုင်ငံတွင် ဆိုဗီယက်ပြည်ထောင်စု မဟာမျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် ကြီးကျယ်ခမ်းနားသော အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်တကွ ကမ္ဘာ့နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၂၀ ကျော်မှလာရောက်သော အကြီးအကဲများသည် ဖိတ်ကြားချက်အရ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ယင်းနေ့နံနက်ပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်သည် ကရင်မလင်နန်းတော်သို့ ရောက်ရှိလာကာ နန်းတော်တွင် စောင့်ဆိုင်းကြိုဆိုနေသည့် ရုရှား သမ္မတ ပူတင်နှင့် ချစ်ခင်ရင်းနှီးစွာ လက်ဆွဲနှုတ်ဆက်ခဲ့သည်။ ထို့နောက် သမ္မတ ရှီကျင့်ဖိန်၊ သမ္မတ ပူတင်တို့သည် ရင်ပြင်နီသို့ အတူတကွ လမ်းလျှောက်၍ ပင်မစင်မြင့်သို့ တက်ရောက်ခဲ့ကြသည်။

မေလတွင် မော်စကိုသည် စိမ်းလန်းစိုပြည်၍ ပန်းများလှိုင်လှိုင်ပွင့်လျက်ရှိရာ အောင်မြင်မှုအလံများကလည်း တိုက်ခတ်လာသည့် လေနှင့်အတူ အောင်လံတလူလူလွင့်လျက်ရှိပြီး ကျယ်ပြန့်ကြီးမားလှသည့် ရင်ပြင်နီတစ်ခုလုံး၏ အခမ်းအနားအငွေ့အသက်များက တည်ကြည်ခန့်ညားလှပေသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကြည်း၊ ရေ၊ လေ ဂုဏ်ပြုတပ်ဖွဲ့များက ညီညာသပ်ရပ်မှု၊ စိတ်ဓာတ်မြင့်မားမှုများနှင့်အတူ ခိုင်မာအားကောင်းသော ခြေလှမ်းများဖြင့် ချီတက်ကာ ရင်ပြင်နီကို ကျော်ဖြတ်သွားခဲ့ကြသည်။

အခမ်းအနားအပြီးတွင် သမ္မတ ရှီကျင့်ဖိန်နှင့် အခြားသော နိုင်ငံ့အကြီးအကဲများက ရင်ပြင်နီမှတစ်ဆင့် အလက်ဇန္ဒားပန်းဥယျာဉ်သို့ ရောက်ရှိလာပြီး အညတရသူရဲကောင်းများဂူဗိမာန်၌ ပန်းစည်းချကာ တိတ်ဆိတ်ငြိမ်သက်စွာ အလေးပြုခဲ့ကြသည်။

ထို့နောက် နိုင်ငံအသီးသီး အကြီးအကဲများက စုပေါင်းအမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့သည်။ယင်းနေ့ ညနေပိုင်းနှင့် ညပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံများစွာမှ အကြီးအကဲများနှင့် ရှေ့ဆင့်နောက်ဆင့် တွေ့ဆုံခဲ့ရာ ဆားဘီးယားနိုင်ငံ သမ္မတ Aleksandar Vučić နှင့်လည်းကောင်း၊ မြန်မာနိုင်ငံ အကြီးအကဲ မင်းအောင်လှိုင်နှင့်လည်းကောင်း၊ ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel နှင့်လည်းကောင်း၊ ဗင်နီဇွဲလားနိုင်ငံ သမ္မတ Nicolás Maduro နှင့်လည်းကောင်း၊ ဆလိုဗက်ကီးယားနိုင်ငံ ဝန်ကြီးချုပ် Robert Fico နှင့်လည်းကောင်း အသီးသီး တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)
————————————————
(Chinese Version)
高清大图|习主席在莫斯科日程满满的一天
当地时间5月9日,俄罗斯举行盛大庆典,纪念苏联伟大卫国战争胜利80周年。国家主席习近平和来自世界20多个国家及国际组织领导人应邀出席庆典。
当天上午,习近平主席来到克里姆林宫,同在那里迎候的俄罗斯总统普京亲切握手。随后,习近平主席、普京总统一道步行前往红场,登上主观礼台就座。
5月的莫斯科,绿意盎然,鲜花盛开,胜利日旗帜迎风招展,恢宏的红场一片庄严的盛典气氛。
庆典上,中国人民解放军三军仪仗队方队军容严整、士气高昂,迈着坚定有力的步伐走过红场。
庆典结束后,习近平主席同其他国家领导人一起从红场来到亚历山大花园,向无名烈士墓献花,并肃立默哀。
随后,各国领导人集体合影留念。
当天下午和晚上,习近平主席先后会见多国领导人。
习近平主席会见塞尔维亚总统武契奇。
习近平主席会见缅甸领导人敏昂莱。
习近平主席会见古巴国家主席迪亚斯-卡内尔。
习近平主席会见委内瑞拉总统马杜罗。
习近平主席会见斯洛伐克总理菲佐。