China
တရုတ်နိုင်ငံ၏ ခေတ်သစ်ကာလ အမျိုးသားလုံခြုံရေးဆိုင်ရာ စက္ကူဖြူစာတမ်း ကောက်နုတ်ချက်

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးက “တရုတ်နိုင်ငံ၏ ခေတ်သစ်ကာလ အမျိုးသားလုံခြုံရေး” ဟူသော စက္ကူဖြူစာတမ်းတစ်စောင်ကို မေ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။ အဆိုပါ စက္ကူဖြူစာတမ်း ကောက်နုတ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
ခေတ်သစ်ကာလ၌ ရဲဘော်ရှီကျင့်ဖိန်အား ဗဟိုပြုသော တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီသည် အမျိုးသားလုံခြုံရေးအပေါ် အလုံးစုံချဉ်းကပ်နည်းကို စိတ်ကူးစိတ်သန်းကောင်းစွာ အဆိုပြုခဲ့ပြီး CPC ဗဟိုကော်မတီလက်အောက်တွင် အမျိုးသားလုံခြုံရေး ကော်မရှင်အား ဖွဲ့စည်းကာ အမျိုးသားလုံခြုံရေး ယန္တရားများနှင့် စနစ်တို့အား ပြုပြင်ပြောင်းလဲမှုကို ကျယ်ပြန့်နက်ရှိုင်းစွာ လုပ်ဆောင်ခဲ့သလို အမျိုးသားလုံခြုံရေးစနစ်နှင့် စွမ်းဆောင်ရည်များ ခေတ်မီအသွင်ပြောင်းမှုကိုလည်း အရှိန်အဟုန်မြှင့်တင်ခဲ့သည်။
ခေတ်သစ်ကာလ၌ တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုသည်မှာ လူထု၏ ဘေးကင်းလုံခြုံမှုကို အရေးအကြီးဆုံး ရည်မှန်းချက်အဖြစ်လည်းကောင်း၊ နိုင်ငံရေးအရ လုံခြုံမှုကို အခြေခံ လုပ်ငန်းတာဝန်အဖြစ်လည်းကောင်း၊ အမျိုးသားအကျိုးစီးပွားကိုလည်း လမ်းညွှန်မှုပေးသော မူဝါဒအဖြစ်လည်းကောင်း သတ်မှတ်ထားခြင်းဖြစ်ပေသည်။
ထို့အတူ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးပြု၍ မြှင့်တင်ပေးသော၊ အဆင့်မြင့် တံခါးဖွင့်မှုအား တစ်ဆင့်တိုး၍ ချဲ့ထွင်မှုကို ပံ့ပိုးပေးသော၊ တရားဥပဒေစိုးမိုးမှုအောက်တွင် အာဏာသက်ရောက်လျက်ရှိသော အရာလည်းဖြစ်ပေသည်။ တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ လုံခြုံမှုနှင့် ဘုံအကျိုးစီးပွားတို့ကို ချိန်ညှိကာ လုံခြုံရေးကိစ္စရပ်အား အကျယ်ချဲ့ခြင်းကို ဆန့်ကျင်ပြီး လုံခြုံရေးအရ အကျပ်ကိုင်မှုကို ကျင့်သုံးခြင်းမရှိသလို ခြိမ်းခြောက်မှု၊ ဖိအားပေးမှုများကိုလည်း လက်သင့်မခံပေ။ တရုတ်နိုင်ငံအနေဖြင့် လွတ်လပ်မှု၊ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ တရုတ်သွင်ပြင်လက္ခဏာများ လွှမ်းခြုံသော အမျိုးသားလုံခြုံရေး လမ်းကြောင်းကို ထိန်းသိမ်းလျက်ရှိသည်။ (Xinhua)
…………………………
Abstract of white paper on China’s national security in new era
BEIJING, May 12 (Xinhua) — The Information Office of China’s State Council on Monday issued a white paper titled “China’s National Security in the New Era.” The abstract is as follows:
In the new era, the Communist Party of China (CPC) Central Committee with Comrade Xi Jinping at its core creatively proposed a holistic approach to national security, established a national security commission under the CPC Central Committee, comprehensively deepened the reform of the system and mechanisms for national security, and accelerated the modernization of the national security system and capabilities.
China’s national security in the new era is one that takes the people’s security as its ultimate goal, political security as the fundamental task, and national interests as the guiding principle.
It is also one that serves and promotes high-quality development, supports further expansion of high-level opening up, and operates under the rule of law. China coordinates its own security and common security, opposes the generalization of security, does not implement security coercion, and does not accept threats and pressure. The country adheres to independence and self-confidence and the path of national security with Chinese characteristics. ■