International Organizations
၂၀၂၅ ခုနှစ် မေ ၁၃ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— အန်ဆယ်လော့တီအား ဘရာဇီးနည်းပြအဖြစ် ခန့်အပ်မှုအပေါ် ဘရာဇီးမီဒီယာများက စိတ်သက်သာရာရမှုများ၊ မျှော်လင့်ချက်များဖြင့် ကြိုဆို
ဘရာဇီး လက်ရွေးစင်ဘောလုံးအသင်း (အမျိုးသား) ၏ နည်းပြချုပ်အဖြစ် ကာလို အန်ဆယ်လော့တီအား ခန့်အပ်မှုအပေါ် ဘရာဇီးမီဒီယာများက စိတ်သက်သာရာရမှု၊ အကောင်းမြင်မှုတို့ဖြင့် ကြိုဆိုခဲ့ကြပြီး အဆိုပါ အီတလီနိုင်ငံသားနည်းပြ ရောက်ရှိလာခြင်းက ဘရာဇီးအသင်း၏ ကိုယ်ပိုင်အမှတ်သညာ ပြန်လည်တည်ဆောက်နိုင်ရန် ကာလကြာရှည် မျှော်လင့်ခဲ့ရသော အချိုးအကွေ့ကာလ ဖြစ်သည်ဟုလည်း ချီးကျူးခဲ့ကြသည်။
အန်ဆယ်လော့တီမှာ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အသင်းအား ဖရိုဖရဲအခြေအနေ၌ သံသရာလည်နေခြင်းကို အဆုံးသတ်ရန် လောင်းကြေးထပ်မှု ဖြစ်သည်ဟု Folha de S.Paulo သတင်းစာက ညွှန်းဆိုခဲ့သည်။
အဆိုပါ ဝါရင့်နည်းပြအနေဖြင့် ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးကတည်းကပင် အခြေအနေယိမ်းယိုင်နေခဲ့သည့် အသင်းအား ထိန်းကျောင်းနိုင်ရန် တစ်နှစ်ကျော်သာ အချိန်ရရှိမည်ဟု ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားကို ရည်ညွှန်းလျက် ၎င်းသတင်းစာက ထောက်ပြပြောဆိုခဲ့သည်။ အသက် ၆၅ နှစ်အရွယ် အန်ဆယ်လော့တီ ရောက်ရှိလာချိန်တွင် တူညီသော ပြဿနာများရှိနေသည့် ဘောလုံးအဖွဲ့ချုပ်၏ စီမံခန့်ခွဲမှုအောက်တွင် ပြဿနာပေါင်းစုံရှိနေသည့် နိုင်ငံလက်ရွေးစင် အသင်းတစ်သင်း၌ စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရန် လိုအပ်နေသည်ဟုလည်း ထိုသတင်းစာက အခိုင်အမာဖော်ပြခဲ့သည်။
ထို့အတူ CBF ဥက္ကဋ္ဌ အက်နာလ်ဒို ရော့ဒရီဂက်စ်အနေဖြင့် ရီးရဲလ်မှထွက်ခွာမည့် နည်းပြအန်ဆယ်လော့တီအား အသင်းထံခေါ်ဆောင်နိုင်ရန် နှစ်နှစ်အချိန်ယူခဲ့ရသည်ဟုလည်း Folha de S.Paulo သတင်းစာက ဖော်ပြခဲ့သည်။
Globo Esporte သတင်းစာကလည်း ပါးမား၊ ရိုးမားနှင့် အေစီမီလန်အသင်းတို့တွင် ကစားခဲ့ဖူးပြီး ၁၉၉၅ ခုနှစ်တွင် နည်းပြလောကထဲသို့ ကူးပြောင်းလာခဲ့သည့် အန်ဆယ်လော့တီအနေဖြင့် ဇွန်လအတွင်း အီကွေဒေါ၊ ပါရာဂွေးအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် စတင်ပြင်ဆင်လျက်ရှိပြီး အသင်းလူစာရင်းအား ဖြည့်တင်းရန် အလားအလာရှိ မျက်နှာသစ်ကစားသမားများကို စုစည်းလျက်ရှိသည်ဟု ဖော်ပြခဲ့သည်။
…..
— အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန် ကွာတားဖိုင်နယ်တက်ရောက်
မေ ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် WTA အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲတွင် တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က ယူအက်စ်အိုးပင်း ချန်ပီယံဟောင်း ဘီယန်ကာ အန်ဒရေစကူးအား ၇-၅၊ ၆-၁ ဖြင့် နှစ်ပွဲပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ သုံးနှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
၎င်းတို့နှစ်ဦးမှာ တိုရွန်တိုမြို့တွင် ၂၀၂၂ ခုနှစ်က ယှဉ်ပြိုင်ကစားခဲ့သည့် WTA 1000 ပြိုင်ပွဲတွင် ထိပ်တိုက်တွေ့ဆုံရာ၌ ကျိန့်က နှစ်ပွဲတစ်ပွဲဖြင့် အနိုင်ရရှိခဲ့သည်။
ကျိန့်အနေဖြင့် ကွာတားဖိုင်နယ်တွင် ဆီဒင်-၁ တင်းနစ်မယ် အရီနာ ဆာဘလန်ကာနှင့် တွေ့ဆုံမည်ဖြစ်ကာ ထိုပွဲစဉ်မှာ မြေစေးကွင်း၌ ၎င်းတို့နှစ်ဦး၏ ပထမဆုံးအကြိမ် တွေ့ဆုံမှု ဖြစ်လာမည်ဖြစ်သည်။ ဆာဘလန်ကာမှာ အားမာန်အပြည့် ယှဉ်ပြိုင်ကစားလေ့ရှိသူဖြစ်ကြောင်း၊ ၎င်း ဖိအားပေးတိုက်စစ်ဆင်နေချိန်တွင် ပြင်းထန်သော ရိုက်ချက်များကို တောင့်ခံနိုင်ရန် လိုအပ်မည်ဖြစ်ကြောင်း ကျိန့်က ပြောကြားခဲ့သည်။
…..
— အိုလံပစ်ပြိုင်ပွဲတွင် အာရှ၏ အခန်းကဏ္ဍအား ရွေးကောက်ခံ IOC ဥက္ကဋ္ဌဖြစ်သူ ကိုဗင်ထရီ ချီးကျူး
အာရှဒေသမှာ အိုလံပစ်အားကစားလှုပ်ရှားမှုတွင် အချက်အချာကျသော ဝင်ရိုးတစ်ခုဖြစ်သည်ဟု နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရသော ကက်စတီ ကိုဗင်ထရီက မေ ၁၂ ရက်၌ ကျင်းပသည့် ၄၅ ကြိမ်မြောက် အာရှအိုလံပစ်ကောင်စီ (OCA) အထွေထွေညီလာခံ၌ ပြောကြားခဲ့သည်။
ကူဝိတ်နိုင်ငံတွင် ကျင်းပသည့် အဆိုပါညီလာခံ၌ OCA အဖွဲ့ဝင် ကော်မတီ ၄၅ ခုမှ ကိုယ်စားလှယ်များအား မိန့်ခွန်းပြောကြားရာ၌ ဇင်ဘာဘွေနိုင်ငံသူ ရေကူးချန်ပီယံဟောင်း တစ်ဦးဖြစ်သည့် ကိုဗင်ထရီက အာရှဒေသ၏ စွမ်းပကား၊ စိတ်အားထက်သန်မှု၊ ဆန္ဒပြင်းပြမှုတို့အပေါ် အလေးထားပြောကြားခဲ့သည်။ ယင်းသည် IOC ဥက္ကဋ္ဌအဖြစ် ရွေးကောက်ခံရပြီးနောက် ၎င်း၏ ပထမဆုံးအကြိမ် တရားဝင် မိန့်ခွန်းပြောကြားမှုဖြစ်သည်။
“အာရှဒေသဟာ အိုလံပစ်အားကစားလှုပ်ရှားမှုမှာရော ကျွန်မရဲ့နှလုံးသားထဲမှာပါ ထူးခြားလေးနက်တဲ့ နေရာအဖြစ် အမြဲတစေ တည်ရှိနေပါတယ်။ သင်တို့ဟာ အိုလံပစ်အားကစားလှုပ်ရှားမှု အနာဂတ်ရဲ့ အဓိကနေရာမှာ ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။ ကိုဗင်ထရီအနေဖြင့် ဇွန် ၂၃ ရက်၌ လက်ရှိဥက္ကဋ္ဌဖြစ်သူ သောမတ်စ်ဘတ်ချ်၏ အရိုက်အရာကို ဆက်ခံမည်ဖြစ်သည်။
…..
— အာဂျင်တီးနား Primera Division Apertura ဘောလုံးပြိုင်ပွဲတွင် ရေးဗားပလိတ်က ဘာရာကက်စ်အား ဂိုးပြတ်အနိုင်ယူကာ ကွာတားဖိုင်နယ်တက်ရောက်
မေ ၁၂ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာဂျင်တီးနား Primera Division Apertura ဘောလုံးပြိုင်ပွဲတွင် ရေးဗားပလိတ်က ဘာရာကက်စ် စင်ထရယ်အား အိမ်ကွင်း၌ ၃ ဂိုးပြတ် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။
ပေါ်လို ဒီယက်ဇ်က လျှံထွက်လာသည့် ဘောလုံးကို ခြောက်ကိုက်စည်းအတွင်းမှ အပိုင်ပိတ်သွင်းကာ အဖွင့်ဂိုးသွင်းယူခဲ့သလို အစ်ဂ်နာစီယို ဖာနန်ဒက်ဇ်က ဖရန်ကို မာစတန်တူအိုနို၏ ဖြတ်တင်ဘောပေးပို့မှုမှတစ်ဆင့် အဝေးထောင့်သို့ ကန်သွင်းကာ ဒုတိယဦးဆောင်ဂိုး သွင်းယူခဲ့သည်။
ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းသားတစ်ဦးဖြစ်သူ မားကို့စ် အကူညာ၏ ၂၅ ကိုက်အကွာမှ အပြင်းကန်ချက်မှာ လမ်းကြောင်းပြောင်းကာ ညာဘက်ဂိုးထောင့်ထဲသို့ ဂိုးဝင်သွားသဖြင့် ရေးဗားပလိတ်၏ အနိုင်ရလဒ်မှာ ပိုမိုသေချာသွားခဲ့သည်။ (Xinhua)
…………………..
(English Version)
Brazilian media welcomes Ancelotti appointment with relief and hope
Brazil’s media reacted with relief and optimism to the naming of Carlo Ancelotti as head coach of the men’s national football team, hailing the Italian’s arrival as a long-awaited turning point for a squad in search of identity.
Folha de S.Paulo described Ancelotti as “the Brazilian Football Confederation’s bet to fix the team at the end of a chaotic cycle.”
The paper noted that the veteran coach “has just over a year to give direction to a team adrift since the last World Cup,” alluding to the 2026 edition of football’s showpiece event. It argued that the 65-year-old’s arrival was needed to “establish some cohesion in a national team full of problems, run by a federation with the same issues.”
Folha also pointed out that CBF president Ednaldo Rodrigues had spent two years trying to woo the outgoing Real Madrid boss.
Globo Esporte added that the former Parma, Roma, and AC Milan midfielder, who turned to management in 1995, had already begun preparing for Brazil’s June World Cup qualifiers against Ecuador and Paraguay, assembling a list of potential new names for the squad.
…..
China’s Zheng reaches quarterfinals at Italian Open
China’s Zheng Qinwen advanced to the quarterfinals of the WTA Italian Open for the third consecutive year after defeating former US Open champion Bianca Andreescu in straight sets 7-5, 6-1 on Monday.
The pair had previously faced off at the WTA 1000 event in Toronto in 2022, where Zheng edged out a three-set victory.
In the quarterfinals, Zheng will face top seed Aryna Sabalenka in what will be their first-ever meeting on clay. Zheng called Sabalenka is an aggressive player, and said she will need to withstand those few shots when Sabalenka goes on the attack.
…..
Coventry hails Asia’s Olympic role at OCA General Assembly
International Olympic Committee (IOC) President-elect Kirsty Coventry declared Asia “a central cog in the Olympic Movement” during her keynote speech at the 45th Olympic Council of Asia (OCA) General Assembly on Monday.
Addressing delegates from 45 OCA member committees at the Kuwait-based assembly, the Zimbabwean former swimming champion emphasized Asia’s “dynamism, passion, and ambition” in her first formal address since election.
“Asia has always had a special place in the Olympic Movement – and in my heart. You are central to its future,” said Coventry, who will succeed Thomas Bach on June 23.
…..
River Plate routs Barracas to reach quarterfinals
River Plate advanced to the quarterfinals of Argentina’s Primera Division Apertura tournament with a 3-0 home victory over Barracas Central on Monday.
Paulo Diaz opened the scoring when he pounced on a loose ball to fire home from six yards, and Ignacio Fernandez doubled the lead into the far corner after Franco Mastantuono’s cross.
Argentina World Cup winner Marcos Acuna put the result beyond doubt by thumping a 25-yard drive that took a deflection before rebounding in off the right post.