International Organizations
၂၀၂၅ ခုနှစ် မေ ၁၄ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

— လာလီဂါချန်ပီယံအဖြစ် မကြာမီ အောင်ပွဲခံနိုင်တော့မည့် ဘာစီလိုနာ
မေ ၁၄ ရက်တွင် အိမ်ကွင်း၌ မာယော့ကာနှင့် ယှဉ်ပြိုင်ကစားမည့် ရီးရဲလ်မက်ဒရစ်၏ ပွဲရလဒ်အပေါ် မူတည်၍ ဘာစီလိုနာအနေဖြင့် မေ ၁၅ ရက် ညပိုင်းတွင် မြို့ခံပြိုင်ဘက် အက်စပန်ညိုအား အဝေးကွင်း၌ အနိုင်ရရှိမည်ဆိုလျှင် လာလီဂါချန်ပီယံဆုကို ရယူနိုင်မည် သို့မဟုတ် ထိုပွဲစဉ်၌ အောင်ပွဲခံနိုင်တော့မည်ဖြစ်သည်။
ရီးရဲလ်အနေဖြင့် မာယော့ကာကို အနိုင်မယူနိုင်ခဲ့ပါက ဘာစီလိုနာအနေဖြင့် ပွဲမကစားမီမှာပင် ချန်ပီယံဖြစ်လာမည် ဖြစ်သော်လည်း တန်းဆင်းရမည့် အန္တရာယ်နှင့် လုံးလုံးလျားလျား လွတ်မြောက်ခြင်း မရှိသေးသည့် ပြိုင်ဘက်အား ရင်ဆိုင်ရမည်ဖြစ်ရာ ဖိဖိစီးစီးကစားရန် လိုအပ်မည်ဖြစ်သည်။
မေ ၁၁ ရက်တွင် ဘာစီလိုနာက ရီးရဲလ်အား အိမ်ကွင်း၌ ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ချန်ပီယံဆုနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာခဲ့သော်လည်း ဂျူးစ်ခွန်ဒဲ ဒဏ်ရာမှသက်သာလာြခင်း မရှိသေးသလို အင်နီဂို မာတီနက်ဇ်မှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် ယခုပွဲစဉ်ကို လွဲချော်မည်ဖြစ်သည်။
သို့သော် ဘာစီလိုနာအနေဖြင့် အမှတ်ပေးဖလားကို သိမ်းပိုက်ကာ ဆုဖလားနှစ်လုံး ဆွတ်ခူးနိုင်ရန် ရည်မှန်းထားချိန်တွင် မာ့ခ်ကာဆာဒိုနှင့် ရောဘတ် လီဝန်ဒေါစကီးတို့ နှစ်ဦးစလုံး ပြန်လည်ပါဝင်လာနိုင်ခြင်းက အသင်းအတွက် သတင်းကောင်းဖြစ်သည်။
အက်သလက်တစ် ဘီဘာအိုအနေဖြင့်လည်း ငါးပွဲဆက် ရှုံးနိမ့်ထားသည့် ဂီတာဖေးအား မေ ၁၅ ရက် အဝေးကွင်းပွဲစဉ်၌ အနိုင်ရရှိပါက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သေချာသွားမည်ဖြစ်သည်။
…..
— ကမ္ဘာ့ဖလားအတွက် အကြိုပြင်ဆင်မှုအဖြစ် မက္ကဆီကိုက ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ခြေစမ်းပွဲ ကစားမည်
မက္ကဆီကို ဘောလုံးအသင်းအနေဖြင့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုများကို အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ကာ စက်တင်ဘာလအတွင်း ဂျပန်၊ တောင်ကိုရီးယားအသင်းတို့နှင့် ချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဟု မက္ကဆီကို ဘောလုံးအဖွဲ့ချုပ်က မေ ၁၃ ရက်၌ အတည်ပြုပြောကြားခဲ့သည်။
မက္ကဆီကိုအသင်းမှာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Oakland Coliseum အားကစားကွင်းတွင် စက်တင်ဘာ ၆ ရက်၌ ဂျပန်အသင်းနှင့်လည်းကောင်း၊ အခြား အားကစားကွင်းတစ်ခုတွင် စက်တင်ဘာ ၉ ရက်၌ တောင်ကိုရီးယားအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
“အဲဒီပွဲစဉ် နှစ်ပွဲလုံးဟာ ၂၀၂၆ ခုနှစ်မှာ ကျင်းပပြီး မက္ကဆီကိုက အိမ်ရှင်နိုင်ငံ တစ်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် ဘောလုံးလောကရဲ့ အရေးအပါဆုံးပြိုင်ပွဲအတွက် အသင်းကို အကြိုပြင်ဆင်မှုတွေ လုပ်ဆောင်နေတဲ့ နည်းပြအဖွဲ့ရဲ့ ဗျူဟာတစ်ခုလည်းဖြစ်တယ်” ဟု မက္ကဆီကို ဘောလုံးအဖွဲ့ချုပ်က ၎င်း၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
” နည်းပြ ဟာဗီယာ အဂီရေးအနေနဲ့ အဲဒီပွဲစဉ်တွေမှာ ကစားသမားတွေကို ဆက်လက်အကဲဖြတ်ဖို့နဲ့ နိုင်ငံတကာက အရည်အသွေးမြင့် ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ မက္ကဆီကိုအသင်းရဲ့ ကစားဟန်ကို ထိန်းညှိနိုင်ဖို့ အဖိုးတန် အခွင့်အရေး ရရှိစေမှာဖြစ်တယ်” ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။
လာမည့်နှစ်တွင် ၄၈ သင်းအထိ တိုးမြှင့်ပါဝင်လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအား အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။
…..
— ကမ္ဘာ့အဆင့်-၂ ဂေ့ါဖ်ကစားသမား ရိုရီ မက်ခ်အီရွိုင်း ဩစတြေးလျအိုးပင်း၌ ပါဝင်ယှဉ်ပြိုင်မည်
ကမ္ဘာ့အဆင့်-၂ ဂေါ့ဖ်ကစားသမား ရိုရီ မက်ခ်အီရွိုင်းမှာ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွင်း ကျင်းပမည့် ဩစတြေးလျနိုင်ငံ၏ ဂုဏ်သိက္ခာအကြီးဆုံး ဂေါ့ဖ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲစီစဉ်သူများက မေ ၁၄ ရက်၌ ကြေညာခဲ့သည်။
လာမည့်နှစ်နှစ်အတွင်း ဩစတြေးလျအိုးပင်းပြိုင်ပွဲအား မဲဘုန်းမြို့၌ ကျင်းပမည်ဖြစ်ကာ ထိုပြိုင်ပွဲနှစ်ခုလုံးတွင် ပါဝင်မည်ဟု မြောက်အိုင်ယာလန် ဂေါ့ဖ်ကစားသမား မက်ခ်အီရွိုင်းက ကတိပြုကြောင်း ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် ပြိုင်ပွဲအား ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်အထိ Royal Melbourne ဂေါ့ဖ်ကလပ်၌လည်းကောင်း၊ ၂၀၂၆ ခုနှစ် ပြိုင်ပွဲအား Kingston Heath ဂေ့ါဖ်ကလပ်၌လည်းကောင်း ကျင်းပမည်ဖြစ်ကြောင်း ဗစ်တိုးရီးယားပြည်နယ် အစိုးရနှင့် ဩစတြေးလျ ဂေ့ါဖ်အဖွဲ့ချုပ် (Golf Australia) တို့က ကြေညာခဲ့သည်။
…..
— ထိပ်တန်းကစားသမားများက တရုတ်နိုင်ငံ၏ တင်းနစ်ယဉ်ကျေးမှုကို မြှင့်တင်ပေးဟု အီတလီအိုးပင်းပြိုင်ပွဲ အကြီးအကဲ ဆို
တရုတ်နိုင်ငံ၌ ထူးချွန်သော တင်းနစ်ကစားသမား အများအပြား ထွက်ပေါ်လျက်ရှိပြီး ၎င်းတို့၏ စွမ်းဆောင်ရည်များက နိုင်ငံအတွင်း တင်းနစ်ယဉ်ကျေးမှု ထွန်းကားလာခြင်းကို အားဖြည့်ပံ့ပိုးလျက်ရှိကြောင်း အီတလီအိုးပင်း တင်းနစ်ပြိုင်ပွဲ၏ အကြီးအကဲဖြစ်သူ ပေါ်လို လော်ရန်ဇီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူး၌ ပြောကြားခဲ့သည်။
အီတလီအိုးပင်းပြိုင်ပွဲအား ရောမမြို့တွင် မေလအတွင်း ကျင်းပလျက်ရှိရာ ယခုဆိုလျှင် စိတ်လှုပ်ရှားမှုအမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကျိန့်ချင်းဝန်၊ Wang Xinyu ၊ Bu Yunchaokete စသော တရုတ်တင်းနစ် အကျော်အမော်များက မြေစေးကွင်း၌ လက်စွမ်းပြကစားနိုင်ခဲ့ပြီး ပြည်တွင်းပရိသတ်များ၏ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့သည်။ (Xinhua)
………………….
(English Version)
La Liga title confirmation imminent for Barcelona
FC Barcelona can either seal the La Liga title on Thursday night with a win away to local rival Espanyol, or use the match as a celebration, depending on Real Madrid’s result at home to Mallorca on Wednesday.
If Madrid fails to beat Mallorca, Barca will be champions without kicking a ball, but otherwise, there will still be work to do against a side that is not totally safe from relegation.
Barca’s 4-3 win at home to Madrid on Sunday leaves the title in its grasp, although Jules Kounde is still injured and Inigo Martinez will miss the game through suspension.
On a positive note, Marc Casado and Robert Lewandowski could both play as Barca looks to complete a league and cup double.
Thursday could also confirm Athletic Bilbao’s place in the Champions League if the Basque side wins away to a Getafe that is on a run of five straight losses.
…..
Mexico to meet Japan, South Korea in friendlies
Mexico will step up its preparations for next year’s FIFA World Cup with friendlies against Japan and South Korea in September, the Mexican football federation said on Tuesday.
El Tri will meet Japan at the Oakland Coliseum in California on September 6 and South Korea at an undetermined venue three days later.
“Both matches are part of the coaching staff’s strategy to prepare the team for the most important tournament in world football, which will be held in 2026 and will have Mexico as one of the host countries,” the federation said in a statement on its official website.
“These matches also offer a valuable opportunity for coach Javier Aguirre to continue evaluating the players and fine-tuning the Mexican national team’s playing style against high-caliber international opponents,” it added.
Next year’s expanded 48-team World Cup will be co-hosted by the United States, Canada and Mexico and will run from June 11 to July 19.
…..
World’s No. 2 Rory McIlroy to play golf’s Australian Open
World No. 2 golfer Rory McIlroy will headline Australia’s most prestigious tournament in 2025 and 2026, organizers announced on Wednesday.
The government of Australia’s state of Victoria said in a statement that Melbourne will be the home of the Australian Open for the next two years, with Northern Ireland’s McIlroy committing to play in both tournaments.
The Victorian government and Golf Australia announced that the 2025 tournament would be held at the Royal Melbourne Golf Club from December 4 to 7 and that Kingston Heath Golf Club would host the 2026 event.
…..
Top players boost tennis culture in China, says Italian Open chief
China now boasts many outstanding players whose performances have fueled a growing tennis culture in the country, and attracted increasing numbers of Chinese spectators to watch matches in Italy, said Italian Open tournament director Paolo Lorenzi in an interview with Xinhua.
The Italian Open is in full swing this May in Rome. Chinese tennis stars including Zheng Qinwen, Wang Xinyu and Bu Yunchaokete have showcased their skills on the clay courts, drawing enthusiastic support from Chinese fans.