Asia
ထိုင်းနိုင်ငံတွင် ပျော်ရွှင်ဖွယ်ရာ ဒူးရင်းသီး ခူးဆွတ်ရာသီရောက်ရှိလာ

ချန်သာဘူရီ၊ ထိုင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)
ဒူးရင်းသီးခူးဆွတ်ရာသီ ရောက်ရှိလာသည်နှင့်အမျှ ထိုင်းနိုင်ငံ ချန်သာဘူရီမြို့ရှိ Long ဒူးရင်းသီးစင်တာတွင်လည်း အလုပ်များပြားလျက်ရှိရာ အလုပ်သမားများမှာ ဒူးရင်းသီးများ အမျိုးအစားခွဲခြားရန်နှင့် ပြည်ပတင်ပို့ရေးအတွက် လုပ်ဆောင်ရန် ပျားပန်းခပ်မျှလှုပ်ရှားလျက်ရှိသည်။
ထိုင်းနိုင်ငံ အရှေ့ပိုင်းတွင် ဒူးရင်းသီးများကို ဧပြီလနှင့် မေလတွင် ခူးဆွတ်ရိတ်သိမ်းကြသည်။ “Long” ဒူးရင်းသီးစင်တာသည် ထိုင်းနိုင်ငံတွင် ဒူးရင်းသီးလုပ်ငန်းစဉ်နှင့် ဖြန့်ချိရေးစင်တာများအနက် အကြီးဆုံးတစ်ခုဖြစ်ကာ စိုက်ခင်းအသီးသီးမှ ရောက်ရှိလာသော ဒူးရင်းသီးများကို စုဆောင်းခြင်း၊ အမျိုးအစားခွဲခြားခြင်း၊ အဆင့်ခွဲခြားခြင်းနှင့် တင်ပို့ရန်အတွက် ထုပ်ပိုးခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/3Cb

ထိုင်းနိုင်ငံ ချန်သာဘူရီမြို့ရှိ Long ဒူးရင်းစင်တာတွင် အခွံခွာထားသော ဒူးရင်းသီးကို ပြသနေသည့် အလုပ်သမားတစ်ဦးကို ၂၀၂၅ ခုနှစ် မေ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………….
(English Version)
Happy durian harvest in Thailand
CHANTHABURI, Thailand, May 15 (Xinhua) — With the bumper durian harvest, it’s a busy time at Long durian center in Chanthaburi, Thailand, as workers work feverishly to sort and process the durians for export.
Durians in east Thailand greet the harvest peak in April and May. “Long” is one of the biggest durian processing and distribution centers in Thailand, where durians from various farms are collected, sorted, graded, and packed for export. #AsiaAlbum xhtxs.cn/3Cb
Photo 1: Workers sort durians at Long durian center in Chanthaburi, Thailand, May 13, 2025. (Xinhua/Rachen Sageamsak)
Photo 2: A worker shows a durian at Long durian center in Chanthaburi, Thailand, May 13, 2025. (Xinhua/Rachen Sageamsak)