Connect with us

International Organizations

အိန္ဒိယနှင့် ဂျပန်တို့က အမေရိကန်၏ အချို့သော ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံပိုင်ခွင့်အား ထိန်းသိမ်းထားကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ အသိပေး

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ရုံးချုပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မေ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်၏ သံမဏိနှင့် အလူမီနီယံ စည်းကြပ်ခွန်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်နေသဖြင့် အိန္ဒိယနှင့် ဂျပန်တို့အနေဖြင့် စည်းကြပ်ခွန် လျှော့ချပေးမှု ဆိုင်းငံ့သည့် လုပ်ပိုင်ခွင့်အား ထိန်းသိမ်းထားကြောင်း အဆိုပါနှစ်နိုင်ငံက မကြာသေးမီက WTO ထံ သီးခြားစီ အသိပေးခဲ့ကြောင်း သိရသည်။

အမေရိကန်သည် ၂၀၁၈ ခုနှစ် မတ်လမှစ၍ သွင်းကုန် သံမဏိနှင့် အလူမီနီယံများအပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံခဲ့ကြောင်း၊ အမေရိကန်က အထက်ပါ အစီအမံအား WTO ထံ တင်ပြခဲ့ခြင်း မရှိသဖြင့် “၁၉၉၄ ခုနှစ် အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေသဘောတူညီချက် (GATT)” ၊ “အာမခံပေးရေး အစီအမံ သဘောတူညီချက်” နှင့် မကိုက်ညီကြောင်း အိန္ဒိယနှင့် ဂျပန်တို့က ပြောကြားသည်ဟု WTO က မီဒီယာများကို ပေးဝေသော စာရွက်စာတမ်း၌ ဖော်ပြထားသည်။

အိန္ဒိယနှင့် ဂျပန်တို့သည် “အာမခံပေးရေးအစီအမံ သဘောတူညီချက်” အရ စည်းကြပ်ခွန် လျှော့ချပေးမှု ဆိုင်းငံ့သည့် လုပ်ပိုင်ခွင့်အား ထိန်းသိမ်းထားကြောင်း၊ စည်းကြပ်ခွန် လျှော့ချပေးမှု ဆိုင်းငံ့ခြင်းကို အမေရိကန်၏ အချို့သောကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံသည့်ပုံစံဖြင့် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း WTO မှသိရသည်။

အမေရိကန် ဖော်ဆောင်သည့် အစီအမံသည် ကန်ဒေါ်လာ ၇.၆ ဘီလီယံ တန်ဖိုးရှိသည့် အိန္ဒိယကုန်ပစ္စည်းများအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး စည်းကြပ်ခွန် ကောက်ခံမည့်ပမာဏသည် ကန်ဒေါ်လာ ၁.၉၁ ဘီလီယံအထိရှိကြောင်း၊ ထို့ကြောင့် အိန္ဒိယသည် အမေရိကန်မှ ထုတ်လုပ်သော အချို့သော ကုန်ပစ္စည်းများအပေါ် တန်းတူညီမျှသော ပမာဏရှိသည့် စည်းကြပ်ခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း အိန္ဒိယက WTO ထံပေးပို့သည့် အသိပေးချက်တွင် ဖော်ပြထားသည်။

ဂျပန်ကမူ ၎င်း၏ တန်ပြန်အစီအမံများသည် အမေရိကန်က ကားတစ်စီးလုံးနှင့် အစိတ်အပိုင်းပစ္စည်းများအပေါ် ကောက်ခံသည့် စည်းကြပ်ခွန်အပေါ် ဦးတည်ကြောင်း၊ နောက်ဆုံးပို့ကုန်အချက်အလက်အရ အမေရိကန်အပေါ် တန်းတူညီမျှသော ပမာဏရှိသည့် စည်းကြပ်ခွန် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ အသေးစိတ် အချက်အလက်နှင့် စတင်အသက်ဝင်မည့်နေ့ကို စတင်မကျင့်သုံးမီ WTO အား အသိပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်၏ သံမဏိနှင့် အလူမီနီယံ စည်းကြပ်ခွန်အစီအမံသည် ဘက်ပေါင်းစုံ၏ ဝေဖန်မှုနှင့် မကျေနပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ထိုမတိုင်မီ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့ကလည်း အမေရိကန်၏ သံမဏိနှင့် စည်းကြပ်ခွန်နှင့်စပ်လျဉ်း၍ စည်းကြပ်ခွန်လျှော့ချပေးမှု ဆိုင်းငံ့သည့် လုပ်ပိုင်ခွင့်အား ထိန်းသိမ်းထားကြောင်း WTO ထံသို့ အသိပေးခဲ့သည်။ (Xinhua)

————————-
(Chinese Version)
印度和日本向世贸组织通报保留对美部分产品加征关税权利
新华社日内瓦5月16日电(记者焦倩)印度和日本近日分别向世界贸易组织通报,由于美国的钢铝关税违反世贸组织规则,印度和日本保留中止减让的权利。
世贸组织提供给媒体的文件显示,印度和日本均表示,美国自2018年3月以来对进口钢铝加征关税,美国没有向世贸组织通报上述措施,不符合《1994年关贸总协定》和《保障措施协定》。印度和日本根据《保障措施协定》保留中止减让的权利,中止减让的方式将通过对美国部分产品加征关税的形式来体现。
印度在给世贸组织的通报中表示,美国实施的措施将影响价值76亿美元的印度产品,征税额将达19.1亿美元。鉴于此,印度将对原产于美国的部分产品征收等额关税。
日本表示,其反制措施针对美国对汽车整车和零部件征收的关税,拟基于最新出口数据对美国征收等额关税,具体细节和拟生效日期将在实施前通报世贸组织。   美国的钢铝关税措施引发多方批评和不满。此前,欧盟和英国也分别向世贸组织通报,表示就美国钢铝关税保留中止减让的权利。(完)
图说:这是2024年 9月10日在瑞士日内瓦拍摄的世界贸易组织总部。新华社记者 连漪 摄