Connect with us

Asia

တရုတ်နိုင်ငံ၏ စီးပွားရေးစီမံခန့်ခွဲမှု၊ သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှုများက လေ့လာအတုယူထိုက်ကြောင်း ဂျော်ဒန်တာဝန်ရှိသူ ပြောကြား

အမ်မန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

သိပ္ပံသုတေသန အပါအဝင် ကဏ္ဍအသီးသီး၌ တရုတ်နိုင်ငံ၏ အတွေ့အကြုံများမှာ အလွန်တန်ဖိုးရှိပြီး လေ့လာအတုယူထိုက်သည်ဟု ဂျော်ဒန်နိုင်ငံ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။တရုတ်နိုင်ငံ၏ စံပြပုံစံမှာ ကျယ်ကျယ်ပြန့်ပြန့်ရှိသော စီမံကိန်း၊ ‌ဗဟိုအစိုးရ၏ အခန်းကဏ္ဍ၊ စီမံခန့်ခွဲမှုပိုင်းတွင် ထိရောက်သော ကြိုးပမ်းအားထုတ်မှု၊ ပွင့်လင်းမြင်သာမှုနှင့် တန်းတူညီမျှရှိစေရန် ကတိကဝတ်ပြုမှု၊ ပြည်သူများ၏ လူမှုဘဝဖူလုံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကြွယ်ဝမှုတို့အပေါ် အလေးထားမှု စသည့် သွင်ပြင်လက္ခဏာများကို ဖော်ညွှန်းလျက်ရှိသည်ဟု ဂျော်ဒန်နိုင်ငံ စီးပွားရေးနှင့် လူမှုရေးကောင်စီ ဥက္ကဋ္ဌ မူဆာ ရှတီဝီက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန၏ ဖိတ်ကြားချက်အရ ရှတီဝီမှာ ယမန်နှစ်က တရုတ်နိုင်ငံသို့ လာရောက်ခဲ့သည်။”တရုတ်နိုင်ငံရဲ့ တစ်စတစ်စ များပြားလာတဲ့ တိုးတက်အောင်မြင်မှုတွေဟာ မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်တွေကို ဘယ်လိုဆက်လက်ဖော်ဆောင်သွားမလဲ ဆိုတာကို အလေးအနက်သုံးသပ်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူဖို့ ဦးဆောင်လမ်းပြပေးနေပါတယ်” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ဖြစ်သည့်အလျောက် အာရပ်နိုင်ငံများအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးဆိုင်ရာ သာယာဝပြောမှုတို့ကို ရှာဖွေလျက်ရှိသလို တရုတ်နိုင်ငံ၏ လမ်းကြောင်းမှာလည်း အလိုက်သင့်ချိန်ညှိ၍ ဆက်လက်အကောင်အထည်ဖော်နိုင်မည့် အဖိုးတန် အသိပညာများကို ပေးစွမ်းလျက်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ ဂျော်ဒန်တာဝန်ရှိသူက တရုတ်နိုင်ငံ၏ စီးပွားရေးတွင် အစိုးရ၏ အခန်းကဏ္ဍအား မီးမောင်းထိုးပြလျက် ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်များမှာ စီမံကိန်းစီးပွားရေးတွင် အစိုးရ၏ တက်ကြွသော အခန်းကဏ္ဍ၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မဟာဗျူဟာမြောက် စီမံခန့်ခွဲမှုများမရှိဘဲ အကောင်အထည်ဖော်နိုင်ရန် ခဲယဉ်းကြောင်း ဂျော်ဒန်တာဝန်ရှိသူက ဆိုသည်။
ပညာရေး၊ သိပ္ပံပညာရပ်ဆိုင်ရာ သုတေသန စသော ကဏ္ဍတို့တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပြီး တက္ကသိုလ်နှင့် သုတေသနစင်တာ စသည့် ‌အသိပညာဆိုင်ရာ အခြေခံအဆောက်အအုံများအတွက် အရင်းအမြစ်အများအပြား အသုံးပြုခြင်းက အောင်မြင်မှုများကို အထောက်အကူပြုလျက်ရှိကြောင်း ရှတီဝီက ဆိုသည်။ ထို့အတူ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကျွမ်းကျင်မှုမှာလည်း ဂျော်ဒန်နိုင်ငံအတွက် အထူးအရေးပါကြောင်း၊ ဂျော်ဒန်အနေဖြင့် အဆိုပါနယ်ပယ်၌ တရုတ်နိုင်ငံထံမှ အကျိုးကျေးဇူးများ ရရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုခဲ့သည်။

တရုတ်နိုင်ငံ၏ အတွေ့အကြုံများမှာ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများအတွက် အခြား ရွေးချယ်စရာနည်းလမ်းတစ်ခုကို ပေးစွမ်းလျက်ရှိသလို တရုတ်နိုင်ငံနှင့် တိုက်ရိုက်ဆက်ဆံမှုများမှဖြစ်စေ BRICS ကဲ့သို့သော ယန္တရားများမှဖြစ်စေ ယင်းအတွေ့အကြုံများကို အကျိုးရှိရှိအသုံးချနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………………………..
(English Version)
China’s economic management, science accomplishments worth learning from, says Jordanian official
AMMAN, May 17 (Xinhua) — China’s experience across various sectors, including scientific research, is highly valuable and worth learning from, a Jordanian official has said.
Musa Shteiwi, president of the Jordanian Economic and Social Council, told Xinhua that the Chinese model is characterized by comprehensive planning, a central state role, significant efforts in governance, a commitment to transparency and equality, and a focus on people’s welfare and cultural richness. Shteiwi was in China last year at the invitation of the International Department of the Communist Party of China Central Committee.
“China’s accumulated achievements have led many to reflect on how to pursue their own development goals and draw lessons from China’s experience,” he said.
As members of the Global South, Shteiwi said Arab countries have been searching for sustainable development and social prosperity, and China’s path offers valuable insights that can be adapted and built upon.
Highlighting the state’s role in China’s economy, the Jordanian official noted that development goals are “difficult to realize without an active state role in economic planning and strategic management for developing countries.”
Shteiwi said China’s investment in education and scientific research, with considerable resources spent on intellectual infrastructure, such as universities and research centers, contributed to its success. He added that expertise in research and innovation is particularly important for Jordan, and his country stands to benefit from China in this area.
Shteiwi said he believed “China’s experience offers an alternative for the members of the Global South and can be tapped through direct relations with China or mechanisms like BRICS.”
English Caption
This photo taken on March 26, 2025 shows an interior view of Zhongguancun International Innovation Center, venue for the 2025 Zhongguancun Forum (ZGC Forum), in Beijing, capital of China. (Xinhua/Chen Zhonghao)