Connect with us

China

တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ – ခရီးသွားလာရေး ပလက်ဖောင်းများက “တရုတ်နိုင်ငံတွင် ခရီးသွားမှု” အတွက် ပိုမိုအရည်အသွေးကောင်းမွန်တဲ့ ဝန်ဆောင်မှုများပေးသည်ဟု Ctrip Group ဒုတိယဥက္ကဋ္ဌ ဆို

ဆင်ဟွာသတင်းဌာနမှ စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး အပိုင်း ၁၇ တွင် ဧည့်သည်အဖြစ် ပါဝင်ဆွေးနွေးသူများက အမြင်ချင်းဖလှယ် ဆွေးနွေးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

ယခုနှစ် မေ ၁၉ ရက်သည် ၁၅ ကြိမ်မြောက် “တရုတ်နိုင်ငံ ခရီးသွားလာရေးနေ့” ဖြစ်သည်။ ထိုနေ့တွင် ဆင်ဟွာသတင်းဌာနမှ စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၌ Ctrip Group ဒုတိယဥက္ကဋ္ဌ ချင်ကျင့်က Ctrip သည် တရုတ်နိုင်ငံတွင် အခြေစိုက်ကာ တစ်ကမ္ဘာလုံးအား ဝန်ဆောင်မှုပေးနေသည့် One Stop Service ဝန်ဆောင်မှုပေးသူအနေဖြင့် “တရုတ်နိုင်ငံတွင် ခရီးသွားလာမှု” ရေစီးကြောင်း အခွင့်အလမ်းအား အမိအရဆုပ်ကိုင်ပြီး ပြည်ဝင်လာသော ခရီးသွားဧည့်သည်များအတွက် ပိုမိုအရည်အသွေးကောင်းမွန်သည့် ဝန်ဆောင်မှုများပေးကာ ၎င်းတို့ တရုတ်နိုင်ငံ၌ ခရီးသွားလာသည့် အတွေ့အကြုံ ပိုမိုပြည့်ဝအောင် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Ctrip ၏ အချက်အလက်များအရ “မေဒေး” ရုံးပိတ်ရက်ကာလအတွင်း ပြည်ဝင်ခရီးသွားလည်ပတ်မှု အမှာစာ ပမာဏသည် ယမန်နှစ်ကာလတူထက် ၁၃၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

“ဒါက အရမ်းဝမ်းသာဖို့ကောင်းတဲ့ ရလဒ်ပါ” ၊ လက်ရှိပြည်ဝင်ခရီးသွားလာမှုသည် ပထမအဆင့်မြို့များတွင် စုစည်းသွားလာခြင်းမှ တတိယအဆင့်၊ စတုတ္ထအဆင့်မြို့များအထိ တိုးချဲ့သွားလာခြင်းအထိလည်းကောင်း၊ ခရီးသွားလည်ပတ်မှုပုံစံမှ ကိုယ်တိုင်ခံစားကြည့်ခြင်းပုံစံ အထိလည်းကောင်း၊ “တရုတ်နိုင်ငံတွင် ခရီးသွားလာမှု” မှ “တရုတ်နိုင်ငံတွင် ဈေးဝယ်ခြင်း” အထိလည်းကောင်း၊ သက်ကြီး ခရီးသွားဧည့်သည်အုပ်စုမှသည် လူငယ် ခရီးသွားဧည့်သည်အုပ်စုအထိလည်းကောင်း ပြောင်းလဲလာသော အလားအလာကို ဖော်ပြနေကြောင်း ချင်ကျင့်က ခွဲခြမ်းစိတ်ဖြာ ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံတွင် ခရီးသွားလာမှု” ၏ အဆင့်မြှင့်တင်မှုသည်လည်း ဝန်ဆောင်မှု အဆင့်မြှင့်တင်မှုအတွက် လိုအပ်ချက်ရှိလာသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းအစည်းအဝေး ကျင်းပခြင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် ခရီးသွားအစီအစဉ် လေ့လာနိုင်ရန် ဝက်ဘ်ဆိုက် ဖန်တီးပေးခြင်း၊ ရှုခင်းသာများနှင့် ပူးပေါင်း၍ Ctrip Global Version လက်မှတ် ရောင်းချထုတ်ယူနိုင်သည့်စက် ထားရှိခြင်း၊ Ctrip ဘာသာစကား နှစ်မျိုးအသုံးပြုနိုင်သော ဆိုင်များ ၃၀၀ ကျော် လည်ပတ်ခြင်း စသည့် နည်းလမ်းများဖြင့် တရုတ်နိုင်ငံ၌ ခရီးသွားလည်ပတ်သည့် နိုင်ငံခြားသားခရီးသွားဧည့်သည်များ ခံစားမှုအတွေ့အကြုံများကို အဆက်မပြတ် “ဖြည့်တင်းပေး” လျက်ရှိသည်ဟု ချင်ကျင့်က ပြောကြားခဲ့သည်။

Ctrip ၏ ၂၀၂၅ ခုနှစ် တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက် အစည်းအဝေးကို မကြာမီ စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ ခရီးသွားကုမ္ပဏီများနှင့် ထောက်ပံ့သူ ကုန်သည်များက နောက်ဆုံး “တရုတ်နိုင်ငံတွင် ခရီးသွားလာမှု” ထုတ်ကုန်များကို ထဲထဲဝင်ဝင် ကိုယ်တိုင်ပါဝင်ခံစားပြီး တရုတ်နိုင်ငံ နိုင်ငံဖြတ်ကျော် ခရီးသွားလာမှုဈေးကွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများအား အတူတကွဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ “အစည်းအဝေးရဲ့ဦးဆောင်မှုနဲ့ ပိုများတဲ့ နိုင်ငံခြားခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက နိုင်ငံခြားခရီးသွားဧည့်သည်တွေကို တရုတ်နိုင်ငံဆီ ခေါ်ဆောင်လာပေးဖို့ ကျွန်မတို့ မျှော်လင့်နေပါတယ်” ဟု ချင်ကျင့်က ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံတွင် ခရီးသွားလာမှု” အဆင့်မြင့် အင်အားတောင့်တင်းလာမှုအား တွန်းအားပေးရာတွင် ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီများ၏ အင်အားကို တစ်ဆင့်တိုး အသုံးပြုရန် လိုအပ်ပေသည်။

“နိုင်ငံတော်ရဲ့မူဝါဒရှိတဲ့လားရာဦးတည်ချက်ဘက်ကို Ctrip က အားစိုက်ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ချင်ကျင့်က ဆိုသည်။

ကုမ္ပဏီ၏ နောက်တစ်ဆင့်လှုပ်ရှားမှုနှင့်စပ်လျဉ်း၍ Ctrip သည် ဘာသာစကားအမျိုးမျိုး တတ်ကျွမ်းသော ဧည့်လမ်းညွှန်များ ပူးပေါင်းပျိုးထောင်ပေးခြင်း၊ နိုင်ငံခြားခရီးသွားဆယ်လီများနှင့် ပူးပေါင်းကြေညာမှုကို မြှင့်တင်ခြင်း၊ ပြည်ဝင်လာသော ခရီးသွားဧည့်သည်များအတွက် ကိုယ်တိုင်ကိုယ်ကျပါဝင်ခံစားနိုင်သည့် ယဉ်ကျေးမှု ခရီးသွားလာခြင်း စားသောက်ဆိုင် စသည့် အစီအစဉ်အသစ်များ မိတ်ဆက်ပေးခြင်းဖြင့် နိုင်ငံခြားသားများ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ပိုမိုများပြားသည့် ခရီးသွားထုတ်ကုန်များကို အဆက်မပြတ် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း ချင်ကျင့်က ပြောကြားခဲ့သည်။ (Xinhua)

ဆင်ဟွာသတင်းဌာနမှ စီစဉ်ကျင်းပသော “တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ” All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး အပိုင်း ၁၇ တွင် Ctrip Group ဒုတိယဥက္ကဋ္ဌ ချင်ကျင့်က ပါဝင်ဆွေးနွေးနေစဉ် (ဆင်ဟွာ)

————————
(Chinese Version)
中国经济圆桌会|携程:旅游平台为“中国游”提供更优质服务
新华社北京5月19日电(记者徐壮)今年5月19日是第15个“中国旅游日”。携程集团副总裁秦静在新华社当天推出的“中国经济圆桌会”大型全媒体访谈节目中表示,作为植根中国、服务全球的一站式旅行服务商,携程将抓住“中国游”热潮机遇,为入境游客提供更优质服务,丰富他们在中国的旅行体验。
携程数据显示,“五一”期间,入境游订单量同比增长130%。
“这是一个非常可喜的成绩。”秦静分析,当前入境游呈现从集中在一线城市到下沉至三四线城市、从观光型到体验型、从“中国游”到“中国购”、从年长客群到年轻客群的变化趋势。
“中国游”的升级也带来了对服务升级的需求。秦静表示,通过举行全球旅行商大会、为海外游客打造攻略网站、同景区合作设置携程国际版售取票机、运营300余家携程双语门店等做法,外国游客在中国的旅行体验不断“拉满”。
秦静透露,携程2025年全球合作伙伴大会即将在四川成都举办,超1500家海外旅行社和供应商将深度体验最新“中国游”产品,共同探讨中国跨境旅游市场发展机遇。“我们期待在大会的带动下,能够有更多海外旅游行业从业者把海外游客带到中国来。”
推动“中国游”升级壮大,需要进一步发挥民企力量。
“国家政策在什么方向,携程一定会在什么方向发力。”谈及企业下一步行动,秦静表示,携程将通过联合培养多语种导游、强化外国旅游达人的合作宣介、推出针对入境游客的沉浸式文旅餐厅等新项目,不断打造更多符合外国人需求的旅行产品。(完)
图说1:嘉宾们在第十七期“中国经济圆桌会”大型全媒体访谈节目录制现场交流发言。新华社记者 李贺 摄
图说2:携程集团副总裁秦静在第十七期“中国经济圆桌会”大型全媒体访谈节目录制现场发言。新华社记者 李贺 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.