China
တရုတ်နိုင်ငံ ဒိန်းမတ်ကုန်သည်ကြီးများအသင်း All China Founding ဥက္ကဋ္ဌ ဆင်ဟွာသတင်းဌာနသို့ လာရောက်

ပေကျင်း၊ မေ ၂၀ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် မေ ၁၉ ရက်တွင် ဆင်ဟွာသတင်းဌာန၌ တရုတ်နိုင်ငံ ဒိန်းမတ်ကုန်သည်ကြီးများအသင်း All China Founding ဥက္ကဋ္ဌ Simon Lichtenberg နှင့်အဖွဲ့အား တွေ့ဆုံခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်သည် မကြာသေးမီရက်များက တရုတ်နိုင်ငံ ဒိန်းမတ်ကုန်သည်ကြီးများအသင်း တာဝန်ရှိပုဂ္ဂိုလ်အား ပြန်စာပေးပို့ခဲ့ရာ “တရုတ်နိုင်ငံကို ယုံကြည်ခြင်းသည် အနာဂတ်ကို ယုံကြည်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အနာဂတ်ကို ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်” ဟု အားကောင်းသော သတင်းစကားပေးခဲ့ကြောင်း နှစ်ဖက်အနေဖြင့် ပြောကြားခဲ့ကြသည်။
ဆင်ဟွာသတင်းဌာနနှင့် တရုတ်နိုင်ငံ ဒိန်းမတ်ကုန်သည်ကြီးများအသင်းတို့သည် ကာလကြာရှည်စွာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းထားကြောင်း၊ ကိုယ်စီလုပ်ငန်းတာဝန်အားသာချက်များကို ဆက်လက်အပြည့်အဝ အသုံးပြု၍ နိုင်ငံခြားကုမ္ပဏီများက “တရုတ်နိုင်ငံမှာ အနာဂတ်ဖော်ဆောင်ခြင်း” အကြောင်းအရာများကို အတူတကွကောင်းမွန်စွာ တင်ဆက်ပြီး တရုတ်-ဒိန်းမတ်၊ တရုတ်-ဥရောပ လူမှုယဉ်ကျေးမှု ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တွန်းအားပေးသွားမည်ဖြစ်ကြောင်း နှစ်ဖက်က ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
中国丹麦商会全国创始会长到访新华社
新华社北京5月19日电(记者孙奕)新华社社长傅华19日在新华社会见中国丹麦商会全国创始会长李曦萌一行。
双方表示,习近平主席近日复信中国丹麦商会负责人,发出“相信中国就是相信明天,投资中国就是投资未来”的有力信号。新华社同中国丹麦商会长期以来保持友好交往,愿继续充分发挥各自职能优势,共同讲好外资企业“在中国、赢未来”的故事,不断推动深化中丹、中欧人文交流与互利合作。(完)
图说:5月19日,新华社社长傅华在新华社会见中国丹麦商会全国创始会长李曦萌一行。 新华社记者 李响 摄