China
ဝမ်ရိနှင့် အမေရိကန်နိုင်ငံ အာရှရေးရာအသင်း ဥက္ကဋ္ဌ Kyung-wha Kang တွေ့ဆုံဆွေးနွေး

ပေကျင်း၊ မေ ၂၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ အာရှရေးရာအသင်း ဥက္ကဋ္ဌ Kyung-wha Kang နှင့် မေ ၂၀ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်နိုင်ငံ၏ အမေရိကန်နိုင်ငံအပေါ် ထားရှိသော မူဝါဒမှာ စဉ်ဆက်မပြတ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားသလို သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်မှု ဟူသော အခြေခံမူ သုံးရပ်ကို အစဉ်အမြဲ လေးစားလိုက်နာကြောင်း ပြောကြားခဲ့သည်။
မကြာမီကာလများက တရုတ်-အမေရိကန် စီးပွားရေး၊ ကုန်သွယ်ရေး အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲတွင် တိုးတက်မှုများ ရရှိခဲ့ရာ ယင်းက တန်းတူညီမျှ ဆွေးနွေးမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်၏ ကျိုးကြောင်းဆီလျော်သော စိုးရိမ်ပူပန်မှုများအား သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ဖြေရှင်းခြင်းသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်းကို ထပ်မံပြသလိုက်ခြင်းဖြစ်ကြောင်း၊ သို့သော် တစ်ချိန်တည်းမှာပင် အမေရိကန်က တရုတ်၏ တရားဝင်ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးများကို ဆက်လက် တားဆီးဖိနှိပ်နေကြောင်း၊ မကြာမီရက်များတွင်ပင် တရုတ်နိုင်ငံမှ ချစ်ပ်များကို ဘက်စုံလုံးဝပိတ်ပင်ရန် ကြိုးစားနေကြောင်း၊ ယင်းမှာ ပြောင်ပြောင်တင်းတင်း တစ်ဖက်သတ် ဗိုလ်ကျကြီးစိုးမှုဖြစ်ရာ တရုတ်နိုင်ငံအနေဖြင့် အခိုင်အမာ ကန့်ကွက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်ဝိသေသ လက္ခဏာဆောင်သည့် နိုင်ငံကြီး သံတမန်ဆက်ဆံရေးမှာ နှစ်ပေါင်း ၅,၀၀၀ ကြာရှည်သည့် တရုတ်ယဉ်ကျေးမှုပေါ်တွင် အရင်းတည်ကြောင်း၊ စစ်မှန်သည့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် တံခါးဖွင့်လှစ်သည့် ဒေသတွင်းဝါဒ ဖော်ဆောင်ရန်၊ သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သည့် အကြီးဆုံး ဘုံဆခွဲကိန်းကို စုစည်းရန်၊ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရန် အားထားကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ အာရှ-ပစိဖိတ်ဒေသတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားများ စုစည်းနေသလို နှစ်နိုင်ငံ၏ ပဋိပက္ခ၊ ကွဲလွဲမှုများလည်း စုစည်းလျက်ရှိကြောင်း၊ တရုတ်-အမေရိကန် အနေဖြင့် ရှေးဦးစွာ အာရှ-ပစိဖိတ်ဒေသတွင် အပြုသဘောဆောင်သော အပြန်အလှန် ဆက်ဆံမှုများ ပြုလုပ်ပြီး ထိုမှတစ်ဆင့် နှစ်နိုင်ငံအတွက် မှန်ကန်သော ဆက်ဆံရေးလမ်းကြောင်းများ တည်ဆောက်ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအတွက် ထိရောက်သည့်လမ်းကြောင်း ရှာဖွေသင့်ကြောင်း၊ အာရှရေးရာအသင်းက တရုတ်-အမေရိကန် တွေ့ဆုံဆွေးနွေးမှု၊ ကူးလူးဖလှယ်မှုနှင့် အပြန်အလှန် နားလည်သိရှိမှုအား တိုးမြှင့်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုကို တရုတ်ဘက်က တန်ဖိုးထားချီးကျူးကြောင်း၊ အာရှရေးရာအသင်းက အမေရိကန်လူမှုအဖွဲ့အစည်း၏ တရုတ်အပေါ် မှန်ကန်သော သိရှိနားလည်မှုအား မြှင့်တင်ရာတွင် ပေါင်းကူးတံတားအဖြစ် ဆက်လက်ပါဝင်ဆောင်ရွက်သွားရန် တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Kyung-wha Kang က အာရှရေးရာအသင်းအနေဖြင့် တရုတ်နိုင်ငံ၏ နှစ်ထောင်ချီယဉ်ကျေးမှုအနှစ်သာရကို နက်ရှိုင်းစွာ သိရှိနားလည်ထားကြောင်း၊ အဖြစ်မှန်၊ ဓမ္မဓိဋ္ဌာန်ကျသည့် တရုတ်နိုင်ငံအပေါ် အသိအမြင်များကို ဆက်လက်မျှဝေသွားကာ အမေရိကန်ရှိ တတ်သိပညာရှင်များနှင့်အတူ အထင်လွဲမှားမှုများကို ဖယ်ရှားပြီး နားလည်မှုများကို မြှင့်တင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေးပလက်ဖောင်း တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
王毅会见美国亚洲协会会长康京和
新华社北京5月20日电 5月20日,中共中央政治局委员、外交部长王毅在京会见美国亚洲协会会长康京和。
王毅说,中国对美政策保持连续性和稳定性,始终遵循习近平主席提出的相互尊重、和平共处、合作共赢三原则。近期中美经贸高层会谈取得进展,这再次说明,平等对话、相互尊重、妥善处理彼此合理关切符合中美两国共同利益。但与此同时,美方继续遏制打压中国的正当发展权利,近日竟然试图对中国芯片进行全面封杀,这是赤裸裸的单边霸凌,中方坚决反对。
王毅表示,中国特色大国外交根植于五千年中华文明,倡导践行真正的多边主义和开放的区域主义,凝聚团结合作的最大公约数,共同应对全球性挑战。亚太地区汇聚了中美的共同利益,也集中了两国的矛盾分歧。中美应首先通过在亚太地区实现良性互动,进而构建两国正确相处之道,找到合作共赢的有效途径。中方赞赏亚洲协会致力于增进中美对话交流和相互了解,希望亚洲协会继续为增进美国社会对华正确认知发挥桥梁作用。
康京和表示,亚洲协会对中国数千年的文化积淀有着深刻了解,愿继续分享基于事实、客观的对华认知,同更多美国有识之士一道,为消除误解、促进理解搭建对话平台。(完)
1. 5月20日,中共中央政治局委员、外交部长王毅在京会见美国亚洲协会会长康京和。 新华社记者 翟健岚 摄