Connect with us

Media

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က အသင်းနှင့် ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိ စာချုပ်သက်တမ်းတိုးမည်

ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်အနေဖြင့် ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိ အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီခဲ့သည်ဟု ဘာစီလိုနာအသင်းက မေ ၂၁ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဂျာမန်လူမျိုးနည်းပြမှာ ၂၀၂၇ ခုနှစ်အထိ တစ်ရာသီ ထပ်မံသက်တမ်းတိုးသည့် စာချုပ်ကို နူးကမ့်အားကစားကွင်းရှိ ရုံးခန်း၌ လက်မှတ်ရေးထိုးသွားမည်ဟု အသင်း၏ ကြေညာချက်၌ အတည်ပြုခဲ့သည်။
ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီလက်ရွေးစင်အသင်းတို့၏ နည်းပြဟောင်းဖြစ်သူ ဖလစ်ခ်မှာ ဘာစီလိုနာအသင်းအား စတင်ကိုင်တွယ်ခဲ့သည့် ရာသီ၌ လာလီဂါဆုဖလား၊ စပိန်ဘုရင့်ဖလားနှင့် စပိန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်စေရန် ဦးဆောင်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် ၎င်း၏ မူလသဘောတူစာချုပ်အား ထပ်မံသက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။
ဖလစ်ခ်အတွက် တစ်ခုတည်းသော စိတ်ပျက်စရာ အခြေအနေမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် အင်တာမီလန်အား အချိန်ပိုတွင် ကျဉ်းမြောင်းသောရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
……………………….
(English Version)
FC Barcelona coach Flick agrees one year contract extension

FC Barcelona announced on Wednesday that coach Hansi Flick has agreed to extend his contract with the club until the end of June 2027.

“The German coach will sign the extension of his contract until 2027 – for one more season – The act will be held in the offices at the Camp Nou,” confirmed a statement from the club.

The extension on Flick’s original deal, which was due to expire in 2026, comes after the former Bayern Munich and German national team boss has led Barca to this season’s La Liga title, the Copa del Rey and the Spanish Supercup in his first season in charge.

Flick’s only disappointment was a narrow defeat after extra time to Inter Milan in the semifinals of the Champions League.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.