China
တရုတ်-ဗီယက်နမ် နိုင်ငံတကာ ပူးတွဲပို့ဆောင်ရေး ခရီးသည်တင်ရထားကို ၅ နှစ်အကြာတွင် ပြန်လည်ပြေးဆွဲ

နန်နင်း၊ မေ ၂၅ ရက် (ဆင်ဟွာ)
ခရီးစဉ် အမှတ် T8701 သည် မေ ၂၅ ရက်တွင် တရုတ်နိုင်ငံ နန်နင်းဘူတာရုံမှ ဗီယက်နမ်နိုင်ငံ ဟနွိုင်းသို့ ခုတ်မောင်းပြေးဆွဲသွားရာ ၎င်းသည် ၅ နှစ်အကြာတွင် တရုတ်-ဗီယက်နမ် နိုင်ငံတကာ ပူးတွဲပို့ဆောင်ရေး ခရီးသည်တင်ရထား ပြန်လည်ပြေးဆွဲမှုကို အမှတ်သင်္ကေတပြုနေပေသည်။
ပြန်လည်ပြေးဆွဲသည့် နန်နင်းဘူတာမှ ဟနွိုင်း (Gia Lam) ဘူတာအထိ နိုင်ငံတကာ ခရီးသည်တင်ရထားသည် နေ့စဉ် ပေကျင်းစံတော်ချိန် ၁၈:၀၅ တွင် နန်နင်းဘူတာမှ စတင်ထွက်ခွာကာ ဖိန်ရှန်ရထားလမ်းနယ်စပ်ဂိတ်မှ ပြည်ထွက်၍ နောက်တစ်နေ့ နံနက် ၆:၃၀ နာရီတွင် ဟနွိုင်း (Gia Lam) ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး နေ့စဉ် ည ၁၀:၂၀ နာရီတွင် ဟနွိုင်း (Gia Lam) ဘူတာမှ စတင်ထွက်ခွာပါက နောက်တစ်နေ့ နံနက် ၁၀:၀၆ နာရနီတွင် နန်နင်းဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ပေကျင်းအနောက်ဘူတာမှ ဟနွိုင်း (Gia Lam) ဘူတာအထိ နိုင်ငံတကာ ခရီးသည်တင်ရထားကမူ အပတ်စဉ် ကြာသပတေးနေ့နှင့် တနင်္ဂနွေနေ့ ညနေ ၄:၀၅ နာရီတွင် ပေကျင်းအနောက်ဘူတာမှ စတင်ထွက်ခွာမည်ဖြစ်ပြီး ခရီးသွားဧည့်သည်များက နန်နင်းဘူတာတွင် ခရီးစဉ် အမှတ် T8701 ဖြင့် ဟနွိုင်း (Gia Lam) ဘူတာသို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။ ထို့ပြင် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တွင် ဟနွိုင်း (Gia Lam) ဘူတာမှ စတင်ထွက်ခွာပါက ခရီးသွားဧည့်သည်များက နန်နင်းဘူတာသို့ ရောက်ရှိပြီးနောက် ပေကျင်းအနောက်ဘူတာသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
လက်ရှိ အဆိုပါရထားလက်မှတ်ကို အော့ဖ်လိုင်းတွင်သာ ဝယ်ယူနိုင်ပြီး ကွေ့လျင်မြောက်၊ နန်နင်း၊ ချုံကျော်၊ ဖိန်ရှန်ဘူတာ စသည့် ဘူတာရုံ လက်မှတ်အရောင်းကောင်တာများတွင်သာ နိုင်ငံကူးလက်မှတ်ဖြင့် လက်မှတ်ဝယ်ယူနိုင်သည်။ ခရီးသွားဧည့်သည်က စာအားဖြင့်ဗီဇာ သို့မဟုတ် ဗီဇာကင်းလွတ်ခွင့် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပြီး တရုတ်နိုင်ငံ ဖိန်ရှန်၊ ဗီယက်နမ်နိုင်ငံ ထုံသိန်းနယ်စပ်ဂိတ် ဘူတာတို့တွင် သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေး ဖြတ်သန်းမှုလုပ်ငန်းများကို သီးခြားစီ လုပ်ဆောင်ရမည်ဖြစ်သည်။
ရထားတွဲအတွင်း၌ တရုတ်၊ ဗီယက်နမ်၊ အင်္ဂလိပ် ဘာသာစကားတို့ဖြင့် ထုတ်လွှင့်ပြောကြားသွားမည်ဖြစ်ပြီး ရထားတွဲများအားလုံးသည် အိပ်စင်ပါရထားတွဲများဖြစ်ရာ အိပ်စင်ပါရထားတွဲတစ်ခုလျှင် ခရီးသွားဧည့်သည် ၄ ယောက် ပါဝင်စီးနင်းနိုင်သည်။ ညနေတွင် စတင်ထွက်ခွာ၍ နံနက်ပိုင်းတွင် ရောက်ရှိသည့် ပြေးဆွဲမှု အချိန်ကြောင့် ခရီးသွားဧည့်သည်များ ညအိပ်ညနေ နေထိုင်မှုအတွက် ကုန်ကျစရိတ်ကို ချွေတာပေးနိုင်ပြီး နိုင်ငံဖြတ်ကျော် ခရီးသွားလာခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်း စသည့် သွားလာမှုများအတွက် အထူးသင့်တော်ပေသည်။
တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ၏ ရထားလမ်းများသည် ကွဲခြားမှုရှိသော်လည်း အဆိုပါနိုင်ငံတကာရထားသည် ပြည်ဖြတ်သွားသည့်တိုင် ရထားမလဲဘဲ ပြေးဆွဲနိုင်ကြောင်း၊ အကြောင်းရင်းမှာ ဗီယက်နမ်လမ်းပိုင်းတွင် “ရထားလမ်း အမျိုးအစားနှစ်မျိုး ပေါင်းစပ်မှုနည်းပညာ” ကို အသုံးပြုထားသဖြင့် ရထားလမ်း အကျယ် မတူသော ရထားတွဲများကို လမ်းကြောင်းတစ်ခုတည်းတွင် ပြေးဆွဲစေနိုင်ကြောင်း ရထားတွဲတာဝန်ခံ ကျန်းစိန့်က မိတ်ဆက်ပြောကြားခဲ့သည်။
၂၀၀၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စ၍ တရုတ်နိုင်ငံ နန်နင်းမှ ဗီယက်နမ်နိုင်ငံ ဟနွိုင်း (Gia Lam) ဘူတာကြား နိုင်ငံတကာ ခရီးသည်တင်ရထားကို စတင်ပြေးဆွဲခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလဆန်းတွင် တရုတ်-ဗီယက်နမ် နိုင်ငံတကာ ခရီးသည်တင်ရထား ပြေးဆွဲမှုကို ယာယီရပ်ဆိုင်းခဲ့သည်။
ယခုနှစ်သည် တရုတ်-ဗီယက်နမ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့်နှင့် “တရုတ်-ဗီယက်နမ် ပြည်သူအချင်းချင်း ကူးလူးဖလှယ်ရေးနှစ်” ဖြစ်သည်။ နှစ်ဖက်က တရုတ်-ဗီယက်နမ်ရထားလမ်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ ယန္တရားအခန်းကဏ္ဍကို ကောင်းမွန်စွာ အသုံးပြု၍ နယ်စပ်ဖြတ်ကျော် စံချိန်မီရထားလမ်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဆိုင်ရာ အစိုးရအကြား သဘောတူညီချက်အား ထိရောက်စွာ အကောင်အထည်ဖော်ကာ တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် စံချိန်မီရထား ပူးတွဲပြေးဆွဲမှုအား တွန်းအားပေးသွားမည်ဖြစ်သည်။ (Xinhua)

ဝန်ထမ်းများက တရုတ်နိုင်ငံ နန်နင်းဘူတာ၌ ပြေးဆွဲမည့် ရထားတွဲအတွက် တာဝန်ထမ်းဆောင်နေသည်ကို ၂၀၂၅ ခုနှစ် မေ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
—————————–
(Chinese Version)
中越国际联运旅客列车时隔五年恢复开行
新华社南宁5月25日电(记者黄浩铭、黄凯莹)25日,T8701次列车从南宁站驶向河内,这标志着时隔五年,中越国际联运旅客列车恢复开行。
恢复开行的南宁站至河内(嘉林)站间国际旅客列车北京时间每天18:05从南宁站始发,经凭祥铁路口岸出境,次日6:30抵达河内(嘉林)站;每天22:20从河内(嘉林)站始发,次日10:06抵达南宁站。北京西站至河内(嘉林)站间国际旅客列车每周四、周日16:05从北京西站始发,旅客到达南宁站接续T8701次前往河内(嘉林)站;每周二、周五从河内(嘉林)站始发,旅客到达南宁站接续前往北京西站。
目前这趟列车车票仅支持线下方式购买,可在桂林北、南宁、崇左、凭祥站等车站售票窗口持护照购票。旅客需提前办理纸质签证或准备免签材料,在中国凭祥、越南同登口岸车站分别办理通关业务。
车内广播用中文、越南语、英语播报,全列均为软卧,每个软卧包厢容纳4名旅客。夕发朝至的开行时间能节省旅客晚上住宿成本,尤其适合跨境旅游、经商等出行。
列车乘务长张华盛介绍,中越两国铁路轨距存在差异,但这趟国际列车能实现过境不换车通行,原因是在越南段线路采用了“套轨技术”,使两种不同轨距的列车能在同一条线路上行驶。
据介绍,2009年1月1日起,中国南宁至越南河内(嘉林)站间国际旅客列车开行,2020年2月初,中越国际旅客列车临时停运。
今年是中越建交75周年暨“中越人文交流年”。双方将发挥中越铁路合作联委会机制作用,有效落实跨境标轨铁路合作项目政府间协议,推动中越跨境标准轨铁路联通。(完)
图说1:这是从南宁站开行驶向越南河内的列车(5月25日摄)。新华社记者 陆波岸 摄
图说2:5月25日,工作人员在南宁站为准备开行的列车执勤。新华社记者 陆波岸 摄