Asia
တရုတ်လုပ်ငန်းကုမ္ပဏီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းတိုးတက်အောင်ဆောင်ရွက်ရန် ကြိုဆိုကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ ထိပ်တန်းအကြံပေး Muhammad Yunus ဆို

ဒါကာ၊ ဇွန် ၃ ရက် (ဆင်ဟွာ)
တရုတ်လုပ်ငန်းကုမ္ပဏီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းတိုးတက်အောင် ဆောင်ရွက်ရန် ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပြည်သူများ အကျိုးစီးပွား တိုးတက်ကောင်းမွန်ရေး၊ စည်ပင်ဝပြောမှု ဖော်ဆောင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ ထိပ်တန်းအကြံပေး Muhammad Yunus က ဇွန် ၁ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်လုပ်ငန်းကုမ္ပဏီများသည် တစ်ကမ္ဘာလုံးကုန်ထုတ်လုပ်ငန်း၌ ရှေ့ပြေးဦးဆောင်သည့် အခန်းကဏ္ဍ၌ ရပ်တည်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရင်းနှီးမြှုပ်နှံရာနေရာနှင့် ကုန်ထုတ်လုပ်မှုစင်တာအဖြစ် သဘောထားရန် မျှော်လင့်ကြောင်း Muhammad Yunus က ထိုနေ့တွင် တရုတ်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ညီလာခံ၌ ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီးပွားရေးအသွင်ပြောင်းမှုကို တက်ကြွစွာတွန်းအားပေးလျက်ရှိကြောင်း၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်၊ ပိုမိုများပြားသည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရန်အတွက် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် တိုးတက် ကောင်းမွန်လာစေရေး၊ ကြီးကြပ်မှုလုပ်ငန်းစဉ် လွယ်ကူလာစေရေး၊ စီးပွားရေးလည်ပတ်မှု ပတ်ဝန်းကျင် ကောင်းမွန်လာစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း Muhammad Yunus က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူငယ်လူဦးရေများခြင်း၊ လုပ်သားအရည်အချင်းမြင့်မားခြင်း၊ ဖန်တီးနိုင်မှုစွမ်းရည် အားကောင်းခြင်း၊ ဈေးကွက်အလားအလာ ကြီးမားခြင်း၊ ရင်းနှီးမြှုပ်နှံမှု အနာဂတ်အလားအလာ ကျယ်ပြန့်ခြင်း၊ စီးပွားရေးတက်ကြွမှု အင်အားများ အပြည့်အဝရှိခြင်းတို့ ပိုင်ဆိုင်ထားကြောင်း၊ အထည်ချုပ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ငါးလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ စသည့် ကဏ္ဍများတွင် အလွန်များပြားသော အခွင့်အလမ်းများ ထောက်ပံ့ပေးနိုင်ကြောင်း၊ တရုတ်ရင်းနှီးမြှုပ်နှံသူများက ထဲထဲဝင်ဝင် လေ့လာကြရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ညီလာခံကို ဇွန် ၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ကျင်းပခဲ့ရာ တရုတ်-ဘင်္ဂလားဒေ့ရှ် လုပ်ငန်းကုမ္ပဏီ၊ စီးပွားရေးအသင်းအဖွဲ့ ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ဇွန် ၁ ရက်က ကျင်းပသည့် တရုတ်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ညီလာခံတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ ထိပ်တန်းအကြံပေး Muhammad Yunus အမှာစကားပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
———————————
(Chinese Version)
孟加拉国临时政府首席顾问:欢迎中企赴孟投资兴业
新华社达卡6月1日电(记者孙楠)孟加拉国临时政府首席顾问尤努斯1日在达卡说,欢迎中国企业赴孟加拉国投资兴业,来自中国的投资将助力孟加拉国改善人民福祉、实现繁荣。
尤努斯当天在中国-孟加拉国贸易投资大会上说,中国企业在全球制造业中处于领先位置,希望中国投资者把孟加拉国作为投资目的地和生产中心。
尤努斯说,孟加拉国正积极推进经济转型,致力于改善投资环境,简化监管流程,优化营商环境,以吸引外国直接投资,促进经济发展,创造更多就业机会。他表示,孟加拉国人口年轻、劳动力素质高、创造力强、市场潜力大、投资前景广阔、经济充满活力,在纺织服装、农渔业、制药、信息技术等领域提供的机会很多,希望中国投资者深入了解。
中国-孟加拉国贸易投资大会1日在达卡举行,400余名中孟企业、商协会代表出席活动。(完)
图说:6月1日,在孟加拉国达卡举行的中国-孟加拉国贸易投资大会上,孟加拉国临时政府首席顾问尤努斯致辞。 新华社记者 孙楠 摄